သူ့တပည့်ဟောင်း ကို ခေါ်ပေးဖို့ ချဲလ်ဆီး ဘုတ်အဖွဲ့ထံ တောင်းဆိုထားကာ လှုပ်ရှားနေတဲ့ တူချယ်
ချဲလ်ဆီး အသင်းဟာ ဟာ ဘာစီလိုနာနဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ထားတဲ့ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ စာချုပ်က ဒီဘောလုံးရာသီ အကုန်မှာပဲ ကုန်ဆုံးတော့မှာပါ။

ဘာစီလိုနာ က ဒမ်ဘီလီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အဆက်မပြတ် ကြိုးပမ်းခဲ့ပေမယ့် ဒမ်ဘီလီက တနှစ် လုပ်ခလစာ ယူရို ၃၀သန်း အထိ ပေးချေဖို့ တောင်းဆိုချိန်မှာတော့ နှစ်ဦးနှစ်ဖက်ကြားမှာ ပြဿနာတွေ တက်ခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာက သက်တမ်း မတိုးတော့မယ့် ဒမ်ဘီလီကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ ပြောကြားထားပြီး ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
လန်ဒန်အခြေစိုက် သတင်းဌာနရဲ့ ဖော်ပြချက်အရ လန်ဒန်မြို့ခံ အသင်းတသင်း ဖြစ်တဲ့ ချဲလ်ဆီးဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေပြီး ဒမ်ဘီလီရဲ့ အေးဂျင့်ကလည်း လန်ဒန်သို့ လာရောက်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်းလည်း သိရပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်နဲ့ ဒမ်ဘီလီတို့ဟာ ဒေါ့မွန်မှာ အတူတကွ တွဲဖက် လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာတပည့်တွေ ဖြစ်ကြပြီး တူချယ်က ဒမ်ဘီလီကို ခေါ်ပေးဖို့ ချဲလ်ဆီး ဘုတ်အဖွဲ့ထံ တောင်းဆိုထားတယ်လို့လည်း သတင်းထွက် ထားပါတယ်။
ဒမ်ဘီလီကို ချဲလ်ဆီးက ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင်လောက်နဲ့ ရရင် ခေါ်ယူချင်နေကြောင်း ဒေးလီးမေးလ် သတင်းဌာနကလည်း ဆိုထားပါတယ်။

ZG
ခ်ဲလ္ဆီး အသင္းဟာ ဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုဖို႔ ဆုံးျဖတ္ထားတဲ့ ေတာင္ပံတိုက္စစ္ ကစားသမား ဒမ္ဘီလီကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြ ဆက္တိုက္ ျပဳလုပ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။
အသက္ ၂၄ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား အူစမာနီ ဒမ္ဘီလီဟာ ၂၀၁၇ ခုႏွစ္မွာ ေဒါ့မြန္ကေန ဘာစီလိုနာထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၃၅သန္းနဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး သူ႔ရဲ႕ စာခ်ဳပ္က ဒီေဘာလုံးရာသီ အကုန္မွာပဲ ကုန္ဆုံးေတာ့မွာပါ။
ဘာစီလိုနာ က ဒမ္ဘီလီကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းႏိုင္ဖို႔ အဆက္မျပတ္ ႀကိဳးပမ္းခဲ့ေပမယ့္ ဒမ္ဘီလီက တႏွစ္ လုပ္ခလစာ ယူ႐ို ၃၀သန္း အထိ ေပးေခ်ဖို႔ ေတာင္းဆိုခ်ိန္မွာေတာ့ ႏွစ္ဦးႏွစ္ဖက္ၾကားမွာ ျပႆနာေတြ တက္ခဲ့ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြကလည္း ရပ္ဆိုင္းသြားခဲ့ပါတယ္။
လက္ရွိမွာေတာ့ ဘာစီလိုနာက သက္တမ္း မတိုးေတာ့မယ့္ ဒမ္ဘီလီကို ယခု ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာပဲ အသင္းေျပာင္းဖို႔ ေျပာၾကားထားၿပီး ဒမ္ဘီလီ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၀သန္း ဝန္းက်င္ လိုခ်င္ေနေၾကာင္း ဘာစီလိုနာနဲ႔ နီးစပ္သူေတြက ဆိုပါတယ္။
လန္ဒန္အေျခစိုက္ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ လန္ဒန္ၿမိဳ႕ခံ အသင္းတသင္း ျဖစ္တဲ့ ခ်ဲလ္ဆီးဟာ ဒမ္ဘီလီကို ေခၚယူဖို႔ စတင္ လႈပ္ရွားေနၿပီး ဒမ္ဘီလီရဲ႕ ေအးဂ်င့္ကလည္း လန္ဒန္သို႔ လာေရာက္ကာ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ေနေၾကာင္းလည္း သိရပါတယ္။
ခ်ဲလ္ဆီးနည္းျပ တူခ်ယ္နဲ႔ ဒမ္ဘီလီတို႔ဟာ ေဒါ့မြန္မွာ အတူတကြ တြဲဖက္ လုပ္ကိုင္ခဲ့ဖူးတဲ့ ဆရာတပည့္ေတြ ျဖစ္ၾကၿပီး တူခ်ယ္က ဒမ္ဘီလီကို ေခၚေပးဖို႔ ခ်ဲလ္ဆီး ဘုတ္အဖြဲ႕ထံ ေတာင္းဆိုထားတယ္လို႔လည္း သတင္းထြက္ ထားပါတယ္။
ဒမ္ဘီလီကို ခ်ဲလ္ဆီးက ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၅သန္း ဝန္းက်င္ေလာက္နဲ႔ ရရင္ ေခၚယူခ်င္ေနေၾကာင္း ေဒးလီးေမးလ္ သတင္းဌာနကလည္း ဆိုထားပါတယ္။