မာရှယ် ထွက်သွားပြီးတဲ့နောက် ဇန်နဝါရီမှာ ကစားသမားတွေ ထပ်ပြီး လက်လွှတ်ဦးမယ့် မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မာရှယ်ကို ဆီဗီလာအသင်းထံအငှားချခဲ့ပြီးနောက် လင်ဂတ်နဲ့ ဗန်ဒီဘိခ် တို့ကိုလည်း ထပ်မံအငှားချဖို့ ပြင်ဆင်လာပါတယ်။

အင်္ဂါနေ့တုန်းက လင်ဂတ် အပြောင်းအရွှေ့အတွက် နယူးကာဆယ်အသင်းနဲ့ ဆွေးနွေးခဲ့တာဖြစ်ကာ ဆော်ဒီပိုင်ရှင်တွေက အငှားခေါ်ယူကြေးနဲ့ ဘောနပ်စ်ပါ ပေးချေသွားမှာဖြစ်ပါတယ်။

တော့တင်ဟမ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ကမ်းလှမ်းမှုကို ပယ်ချပြီးနောက် ရန်နစ်တစ်ယောက် လင်ဂတ် နဲ့ ဒူဘိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ပိတ်ဖို့ကလည်း ၆ ရက်သာ လိုတော့တဲ့အနေအထားမှာ ၂ သင်းဆွေးနွေးမှုက တိုးတက်မှုသိပ်မရှိသေးတာဖြစ်ပါတယ်။

လင်ဂတ်ကတော့ အခုဇန်နဝါရီမှာ အငှားမထွက်ဘူးဆိုရင် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ နည်းပြ ဆိုးလ်ရှား နဲ့ ရန်နစ်လက်အောက်မှာ ဒီရာသီ ၂ ပွဲသာ ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိထားပါတယ်။

လင်ဂတ်ကလည်း ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်နိုင်ရေးအတွက် နယူးကာဆယ်ကို ပြောင်းရွှေ့ချင်နေပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဝက်စ်ဟမ်းမှာ အငှားကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ပဲလေ့စ်အသင်းက ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေပြီး ယူနိုက်တက်က ကာလတို အငှား ချချင်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ဟာ နယ်သာလန်သား အဲဗာတန်ပြောင်းမှာကို တားမြစ်ခဲ့သေးတာဖြစ်ပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ မာရွယ္ကို ဆီဗီလာအသင္းထံအငွားခ်ခဲ့ၿပီးေနာက္ လင္ဂတ္နဲ႔ ဗန္ဒီဘိခ္ တို႔ကိုလည္း ထပ္မံအငွားခ်ဖို႔ ျပင္ဆင္လာပါတယ္။

အဂၤါေန႔တုန္းက လင္ဂတ္ အေျပာင္းအေ႐ႊ႕အတြက္ နယူးကာဆယ္အသင္းနဲ႔ ေဆြးေႏြးခဲ့တာျဖစ္ကာ ေဆာ္ဒီပိုင္ရွင္ေတြက အငွားေခၚယူေၾကးနဲ႔ ေဘာနပ္စ္ပါ ေပးေခ်သြားမွာျဖစ္ပါတယ္။

ေတာ့တင္ဟမ္နဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ၿပီးေနာက္ ရန္နစ္တစ္ေယာက္ လင္ဂတ္ နဲ႔ ဒူဘိုင္းမွာ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြက ဆိုပါတယ္။ ဒါေပမယ့္ အေျပာင္းအေ႐ႊ႕ပိတ္ဖို႔ကလည္း ၆ ရက္သာ လိုေတာ့တဲ့အေနအထားမွာ ၂ သင္းေဆြးေႏြးမႈက တိုးတက္မႈသိပ္မရွိေသးတာျဖစ္ပါတယ္။

လင္ဂတ္ကေတာ့ အခုဇန္နဝါရီမွာ အငွားမထြက္ဘူးဆိုရင္ ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာခြင့္ရရွိမွာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္သားဟာ နည္းျပ ဆိုးလ္ရွား နဲ႔ ရန္နစ္လက္ေအာက္မွာ ဒီရာသီ ၂ ပြဲသာ ပြဲဦးထြက္ပါဝင္ကစားခြင့္ ရရွိထားပါတယ္။

လင္ဂတ္ကလည္း ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းမွာ ပါဝင္ႏိုင္ေရးအတြက္ နယူးကာဆယ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနၿပီး ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ဝက္စ္ဟမ္းမွာ အငွားကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။

အျခားတစ္ဖက္မွာလည္း ပဲေလ့စ္အသင္းက ဗန္ဒီဘိခ္ကို စိတ္ဝင္စားေနၿပီး ယူႏိုက္တက္က ကာလတို အငွား ခ်ခ်င္ေနပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ယူႏိုက္တက္ဟာ နယ္သာလန္သား အဲဗာတန္ေျပာင္းမွာကို တားျမစ္ခဲ့ေသးတာျဖစ္ပါတယ္။