ဘတ်ဂျပ် လိုက်တောင်းတဲ့ အာတီတာ၊ ကဲဗတ်လီဝင်၊ အူဘာမီးယန်းနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကီဗင်ဖီးလစ် ကတော့ ဒီရာသီအာဆင်နယ်ရဲ့အဓိကပြဿနာက စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းမှု ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်၊ လီဗာပူးနဲ့ပွဲမှာဆိုရင် ပါတေးအနေနဲ့ မလိုအပ်ဘဲ အနီကတ် ယူခဲ့တာ ဖြစ်ကြောင်း၊ ဒီလိုမျိုး အခြေအနေတွေက အာတီတာအတွက် စိုးရိမ်စရာကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန် ကို အရှေ့အလယ်ပိုင်း ကလပ်တွေက ငွေကြေးများစွာပေးပြီး ခေါ်ယူဖို့ စီစဉ်နေ ကြပေမယ့် အူဘာအနေနဲ့ ဥရောပမှာသာ ဆက်လက်ကစားလိုနေပြီး သူ့ကို ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ အေစီတို့ကလည်း ပစ်မှတ်ထားနေတာပါ။

အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ် ညာနောက်ခံလူ တိုင်လာအဒမ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေဆဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ကွင်းလယ်မှာပါ ကစားနိုင်သူဖြစ်ပြီး အာဆင်နယ်က ပြီးခဲ့တဲ့ နွေရာသီ တည်းက သူ့ကို ပစ်မှတ်ထားခဲ့တာပါ။

မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က အဲဗာတန် တိုက်စစ်မှူး လီဝင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ် အား သတိပေးခဲ့ပြီး အာဆင်နယ် အနေနဲ့ လီဝင်ကို ခေါ်ယူခွင့်ရနိုင်မှာ မဟုတ်ကြောင်း၊ လီဝင်ဟာ တန်ဖိုးရှိတဲ့ ရတနာ တစ်ပါးဖြစ်ပြီး အဲဗာတန် အနေနဲ့ သူ့ကို ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ဂန္ထဝင် လိုသာမာတီးယက်စ်က ဘိုင်ယန်အနေနဲ့ အာဆင်နယ်နောက်ခံလူ မာဗရိုပါနို့စ်ကို ပစ်မှတ် ထားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အသင်းပိုင်ရှင် ခရွန်ကီနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ အတွက် အမေရိကသို့ လိုက်ပါသွားခဲ့ပါတယ်။ အာတီတာ က အပြောင်းအရွှေ့မှာ လိုအပ်တဲ့ ဘတ်ဂျက် ရရှိအောင် ခရွန်ကီထံ တိုက်ရိုက် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။