ပင်နယ်တီ လွဲတဲ့ ဘိုင်လီ၊ ဆီဗီလာမှာပဲ ဆက်နေချင်တဲ့ မာရှယ်၊ ဟာလန်းရဲ့ အကောင်းဆုံးသူနဲ့ နံနက်ခင်း သတင်းများ
ဘိုင်လီကတော့ ညက ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ အီဂျစ်အသင်းတို့ရဲ့ အာဖရိက ပွဲစဉ်မှာ သူကန်သွင်းရတဲ့ ပင်နယ်တီကို မန်ယူအသင်းဖော် ဖာနန်ဒက်စ်လို အတုခိုးပြီး လိုက်ကန်ခဲ့တာကြောင့် လွဲချော်ခဲ့ပြီး သူ့ရဲ့ အသင်းဖြစ်တဲ့ အိုင်ဗရီကို့စ်အသင်းဟာလည်း အီဂျစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅-၄ နဲ့ ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဆီဗီလာအသင်းထံ အငှားနဲ့ပြောင်းရွေ့သွားခဲ့တဲ့ မန်ယူ တိုက်စစ်သမား အန်တိုနီ မာရှယ်ကတော့ ဆီဗီလာအသင်းထံ အပြီးသတ်ပြောင်းရွေ့မလားဆိုတဲ့ မေးခွန်းအပေါ် ငြင်းဆန်ခဲ့ခြင်းမရှိဘဲ သူ့အနေနဲ့ ပျော်ရွှင်စွာ ဘောလုံးကစားရတဲ့ နေရာမှာ ဆက်နေသွားချင်တယ် လို့ ဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်ကစားမား ပူလီဆစ်က သူ့အနေနဲ့ ဒီနှစ်အတွင်း အတက်၊ အကျများခဲ့ကြောင်း၊ လက်ရွေးစင်အသင်းနဲ့ ချဲလ်ဆီးတို့အကြား ကွဲပြားမှုတွေရှိနေကြောင်း၊ သူ့အနေနဲ့ အကောင်းဆုံးရှေ့ဆက်ကြိုးပမ်းလျက်ရှိနေပြီး ချဲလ်ဆီးမှာ ကစားရတဲ့ အပေါ် စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဂျင်တီးနားနည်းပြ စကာလိုနီက ဒီတစ်ပတ် ယှဉ်ပြိုင်မဲ့ နိုင်ငံပွဲတွေမှာ မက်ဆီကို မရွေးချယ်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ရင်တော့ သူတို့အနေနဲ့မက်ဆီကို အသင်းမှာ ရှိစေချင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကူးစက်ခံရတာက မက်ဆီအပါ် ရိုက်ခက်မှုကြီးမားခဲ့တာကြောင့် မက်ဆီကို ကလပ်အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘရိုက်တန်အနေနဲ့ သူတို့ရဲ့ နောက်ခံလူဒန်ဘမ်းအတွက် နယူးကာဆယ်အသင်းထံက ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း The Athletic က ဖော်ပြထားပါတယ်။ နယူးကာဆယ်အနေနဲ့အသင်းနောက်တန်းကို အားဖြည့်ဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီးဘရိုက်တန်ရဲ့ ၂၉ နှစ်အရွယ် အင်္ဂလန်ကစားသမားကိ ပစ်မှတ်ထားနေတာပါ။
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက ESPN နဲ့ တွေ့ဆုံစဉ်မှာလက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ ယောက် က ဘယ်သူလဲ ဆိုပြီး အမေးခံခဲ့ရပါတယ်။

ဟာလန်းက “ဒါက မေးခွန်းကောင်းပါ။ ခင်ဗျားတို့က လီဝန်ဒေါစကီးကို နံပါတ်တစ်လို့ ပြောမယ်ထင်ပါတယ်။ ကျွန်တော့် အတွက်တော့ ဘန်ဇီမာကလည်း အံ့အားသင့်ဖွယ်ကောင်းတာပဲ။ မက်ဆီကလည်း ထူးခြားတဲ့ ကစားသမားပါ”လို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးဟာ မန်ယူက ခေါ်မယ်ဆိုတဲ့ ဂလာဘတ်ချ်ကွင်းလယ်လူ ဇာကာရီယာ ထက် အချက်အလက် မှတ်တမ်းတွေအရ စွမ်းဆောင်ရည်ပိုကောင်းနေပါတယ်။ ဒီရာသီမာ မိနစ်၉၀ အတွင်း တွမ်မီနေးဟာ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးပေးပို့မှု ၂၈.၇၅ ရှိပြီး ဇာကာရီယာကတော့ ၂၂.၇၁ သာရှိနေတာပါ။

ဂျူဗင်တပ်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ရဲ့ အပြောင်းအရွှေ့ကိစ္စတွေအတွက် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ ဗလာဟိုဗစ်ရဲ့ စာချုပ် အနေအထားနဲ့အေး၈ျင့်ကြေးတွေအတွက ်ဆွေးနွေးနေတာ ဖြစ်ပါတယ်။
အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက သူ့ရဲ့ ကစားပုံနဲ့ လိုက်ဖက်တဲ့ အသင်းကိုသာ ရွေးချယ် သွားမှာဖြစ်ကြောင်း၊ အဲဒီအသင်းက အင်္ဂလန်မှာပဲဖြစ်နိုင်သလို၊ စပိန်မှာလည်းဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ဘောလုံးကို ပျော်ပျော် ရွှင်ရွှင်နဲ့ လွတ်လွတ်လပ်လပ် ကစားလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။