အာဆင်နယ် ပစ်မှတ်ကို တန်ရာတန်ကြေးပေးပြီး ကြားဖြတ် ခေါ်ယူတဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းဟာ လိုင်ယွန်အသင်းမှ ကွင်းလယ်လူ ဘရူနို ဂွီမားရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ကာ ဆေးစစ်မှုလုပ်ဖို့ ရက်ချိန်းယူခဲ့ပြီလို့ The Athletic က ဖော်ပြပါတယ်။
အင်္ဂါနေ့ညမှာပဲ နယူးကာဆယ်ဟာ အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်တယ်။ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုဟာ လိုင်ယွန်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးဖြင့် နီးစပ်ခဲ့တာကြောင့် နှစ်သင်းကြား သဘောတူညီမှု ရခဲ့ခြင်းဖြစ်ကာ တန်ကြေးအားဖြင့် ယူရို သန်း ၄၀ ဝန်းကျင်လို့ သိရပါတယ်။

လက်ရှိမှာ လက်ရွေးစင် တာဝန်ကြောင့် တောင်အမေရိကကို ရောက်ရှိနေတဲ့ ဂွီမာရက်ဇ်ကို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားသေးပေမယ့်လို့ ချိတ်ဆက်မှုတွေက အဆင်မပြေခဲ့ပါဘူး။ လိုင်ယွန်အသင်း ကျေနပ်လောက်မယ့် ပြောင်းရွှေ့ကြေးကို ပေးခဲ့တာက နယူးကာဆယ်အသင်းဖြစ်ပါတယ်။
အပြောင်းအရွှေ့ ခပ်မြန်မြန် ဖြစ်လာရခြင်းက ကစားသမားနဲ့ အေးဂျင့်ဘက်က နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို သဘောတွေ့ခြင်းကြောင့် ဆွေးနွေးမှုတွေ လုပ်ခဲ့ခြင်းဖြစ်တယ်။ ဆေးစစ်မှုကိုတော့ ဂွီမာရက်ဇ်ရဲ့ ဇာတိမြေ ဘရာဇီးမှာပဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
၂၀၂၀ တုန်းက ဘရာဇီးကလပ်ကနေ လိုင်ယွန်ကို ပြောင်းလာခဲ့တဲ့ ဂွီမာရက်ဇ်ဟာ ပြင်သစ်ကလပ်အတွက် ပြိုင်ပွဲစုံ ၇၁ ပွဲ ကစားပေးပြီး ကိုယ်တိုင် ၃ ဂိုး သွင်းယူထားသူဖြစ်ပါတယ်။ သူဟာ အတ်ဒီဟောင်ရဲ့ အသင်းမှာ ပေါက်ကွဲစွာ ကစားတတ်တဲ့ ကွင်းလယ်လူအဖြစ် ပါဝင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ နယူးကာဆယ် ဒါရိုက်တာ စတေဗာလေဟာ နည်းပြအတ်ဒီဟောင်ရဲ့ အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်ပေးနေတာဖြစ်တယ်။ သူတို့ဟာ အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာ အပြီးသတ် ခေါ်ယူမှုတွေအတွက် ဆွေးနွေးမှုတွေလည်း ဆက်ရှိနေတယ်လို့ သိရတာဖြစ်ပါတယ်။