အူဘာကို သုံးဖို့ တိုက်တွန်းမှု၊ လူကာဂျိုဗစ်၊ အီဆစ်၊ ဒမ်ဘီလီနဲ့ ယနေ့ည အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
ဂန်းနားတို့ ပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ်တိုက်စစ်မှူး လူကာ ဂျိုဗစ် ဟာ အာဆင်နယ် အသင်းထံ မပြောင်းရွှေ့လိုဘူး လို့ သိရပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ ဆိုစီဒက်ကြယ်ပွင့် တိုက်စစ်မှူး အီဆစ်ကို ချိန်ရွယ်နေတဲ့ ဂန်းနားတွေကို သတိပေးစကား ဆိုလိုက်ပါတယ်။ အီဆစ်ဟာ ဗလာဟိုဗစ်လို ဂိုးများစွာ သွင်းယူနိုင်သူ မဟုတ်ကြောင်း၊ အီဆစ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရနိုင်ကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ တိုက်စစ်မူှး အူဘာမီယန်ကိုအသင်းမှာ ပြန်ရွေးချယ်ဖို့ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က တိုက်တွန်းလိုက်ပါတယ်။

သွင်းဂိုးတွေရဖို့ ရုန်းကန်နေရချိန်မှာ အူဘာမီယန် ချန်လှပ်ခံထား၇တာ အဓိပ္ပာယ် မရှိကြောင်း၊ လာကာဇက်ဟာ မိနစ် ၂၀ လောက်သာ သုံးသင့်တဲ့ ကစားသမားဖြစ်ပြီး ပွဲချိန်ပြည့် အားကိုးလို့ မရကြောင်း ၎င်းက အကြံပြုခဲ့ပါတယ်။
အာဆင်နယ်နဲ့ နယူးကာဆယ်အသင်း တို့ဟာ နာပိုလီ တိုက်စစ်မှုး ဗစ်တာ အိုစီမန် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်အနေနဲ့ အေဂျက်ဇ်နောက်ခံလူ Mazraoui ကို ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းနေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ တိုမီယာဆုနဲ့ အပြိုင် ဖြစ်စေဖို့ ညာနောက်ခံနေရာကို ထပ်မံအားဖြည့်ဖို့ စီစဉ်နေတာပါ။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ မိုက်ကယ်သောမတ်က ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီဟာ အာဆင်နယ်နဲ့ လိုက်ဖက်တဲ့ ကစားသမားဖြစ်ကြောင်း၊ ဒမ်ဘီလီဟာ ငယ်ရွယ်သေးပြီး ပွဲကစားခွင့်ပုံမှန်ရရှိဖို့ လိုအပ်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အသက် ၃ဝ အရွယ် ဂန်းနား ကွင်းလယ်ဟောင်း ဝီရှိုင်းယားကတော့ သူ့အတွက် ကလပ်အသင်းသစ် ရှာရာမှာ အဓိက အချက်ကတော့ သူ ပျော်ပျော်ရွှင်ရွှင် ဘောလုံး ကစားနိုင်မယ့် နေရာ ဖြစ်ဖို့ပဲ လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ထိုနေရာက အင်္ဂလန် ပြင်ပလည်း ဖြစ်သွားနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
အာဆင်နယ် နောက်ခံလူ ဆာလီဘာအနေနဲ့ အမ်းမရိတ်စ် ကနေ အပြီးတိုင် စွန့်ခွာဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဆာလီဘာ ဟာ လက်ရှိမှာ အငှားနဲ့ကစားနေတဲ့ မာဆေးကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။