မန်ယူနဲ့ စပါးတို့ကို ကျော်ပြီး ပေါ်တို တိုက်စစ်သမား ဒီယက်ဇ် ကို ခေါ်ယူနိုင်ဖို့ များလာတဲ့ လီဗာပူး
လီဗာပူး အသင်း ဟာ မန်ယူနဲ့ စပါးအသင်းတို့ အပြိုင် ချိတ်ဆက်နေတဲ့ ပေါ်တို တောင်ပံတိုက်စစ်ကစားသမား လူးဝစ် ဒီယက်ဇ်ကို အသာစီးယူပြီး အရ ခေါ်ယူနိုင်ဖို့ များနေပြီ ဖြစ်ပါတယ်။
ဒီယက်ဇ် ကို လီဗာပူးက ရာသီကုန်မှ ခေါ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မန်ယူနဲ့ စပါးတို့ ချိတ်ဆက် ကမ်းလှမ်းမှုတွေ ရှိလာတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင် အမှီ သဘောတူညီမှု ရယူ အပြီးသတ် ခေါ်ဖို့ လှုပ်ရှား လာခဲ့တာပါ။

ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်သိမ်းခင် လက်ကျန် ရက်ပိုင်းလေးအတွင်းမှာပဲ လီဗာပူးဟာ ပေါ်တိုအသင်းဘက်က လက်ခံသွားနိုင်မယ့် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းလာနိုင်တယ်လို့ အင်္ဂလန် သတင်းဌာနတွေနဲ့ အခြား ယုံကြည်ရတဲ့ သတင်းထောက်တွေက ဖော်ပြလာတာပါ။
အသက်(၂၅)နှစ် ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား ဒီယက်ဇ်ကို လီဗာပူး အသင်းက စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီး မိုဆာလာနဲ့ မာနေးတို့ရဲ့ စာချုပ်ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်နေရလို့ ဒီယက်ဇ် ကို ခေါ်ယူရေး နှောင့်နှေးနေခဲ့ပါတယ်။

ဒီတလောမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ကင်းထောက်တွေနဲ့ ဒီယက်ဇ်ကို စောင့်ကြည့်လာခဲ့သလို စပါးအသင်း က လည်း ဒီယက်ဇ်ကို ခေါ်ယူဖို့ ပေါ်တိုအသင်းဆီကိုပါ တိုက်ရိုက်ဆက်သွယ် ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ကစားသမား ကတော့ စပါးအသင်း ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး လီဗာပူးအသင်းဘက် ပို အလေးသာနေဟန်လည်း ရှိနေပါတယ်။
နောက်ဆုံး သတင်းတွေ အရ လီဗာပူး အသင်းဟာ ဒီယက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)+အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းလာနိုင်ပြီး ဒီကမ်းလှမ်မှုကိုလည်း ပေါ်တိုဘက်က လက်ခံလာနိုင်တယ်လို့ ဖော်ပြ ထားပါတယ်။
ZG
လီဗာပူး အသင္း ဟာ မန္ယူနဲ႕ စပါးအသင္းတို႔ အျပိဳင္ ခ်ိတ္ဆက္ေနတဲ့ ေပၚတို ေတာင္ပံတိုက္စစ္ကစားသမား လူးဝစ္ ဒီယက္ဇ္ကို အသာစီးယူျပီး အရ ေခၚယူနိုင္ဖို႔ မ်ားေနျပီ ျဖစ္ပါတယ္။
ဒီယက္ဇ္ ကို လီဗာပူးက ရာသီကုန္မွ ေခၚဖို႔ ရည္ရြယ္ခဲ့ေပမယ့္ မန္ယူနဲ႕ စပါးတို႔ ခ်ိတ္ဆက္ ကမ္းလွမ္းမႈေတြ ရွိလာတာေၾကာင့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ မပိတ္ခင္ အမွီ သေဘာတူညီမႈ ရယူ အျပီးသတ္ ေခၚဖို႔ လႈပ္ရွား လာခဲ့တာပါ။
ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ ေစ်းကြက္မပိတ္သိမ္းခင္ လက္က်န္ ရက္ပိုင္းေလးအတြင္းမွာပဲ လီဗာပူးဟာ ေပၚတိုအသင္းဘက္က လက္ခံသြားႏိုင္မယ့္ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ကမ္းလွမ္းလာႏိုင္တယ္လို႔ အဂၤလန္ သတင္းဌာနေတြနဲ႕ အျခား ယံုၾကည္ရတဲ့ သတင္းေထာက္ေတြက ေဖာ္ျပလာတာပါ။
အသက္(၂၅)ႏွစ္ ကိုလံဘီယာလက္ေ႐ြးစင္ ေတာင္ပံကစားသမား ဒီယက္ဇ္ကို လီဗာပူး အသင္းက စတင္စိတ္ဝင္စားခဲ့တာျဖစ္ၿပီး မိုဆာလာနဲ႔ မာေနးတို႔ရဲ႕ စာခ်ဳပ္ကိစၥေတြကို ဦးစားေပး ေဆာင္႐ြက္ေနရလို႔ ဒီယက္ဇ္ ကို ေခၚယူေရး ေနွာင့္ေနွးေနခဲ့ပါတယ္။
ဒီတေလာမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ကင္းေထာက္ေတြနဲ႔ ဒီယက္ဇ္ကို ေစာင့္ၾကည့္လာခဲ့သလို စပါးအသင္း က လည္း ဒီယက္ဇ္ကို ေခၚယူဖို႔ ေပၚတိုအသင္းဆီကိုပါ တိုက္႐ိုက္ဆက္သြယ္ ကမ္းလွမ္းမႈေတြ ျပဳလုပ္လာခဲ့ပါတယ္။
ကစားသမား ကေတာ့ စပါးအသင္း ကမ္းလွမ္းမႈကို ျငင္းဆန္ထားျပီး လီဗာပူးအသင္းဘက္ ပို အေလးသာေနဟန္လည္း ရွိေနပါတယ္။
ေနာက္ဆံုး သတင္းေတြ အရ လီဗာပူး အသင္းဟာ ဒီယက္ဇ္ကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၆၀)+အပိုဆုေၾကးဆိုတဲ့ ကမ္းလွမ္းခ်က္မ်ိဳးနဲ႔ ကမ္းလွမ္းလာႏိုင္ၿပီး ဒီကမ္းလွမ္မႈကိုလည္း ေပၚတိုဘက္က လက္ခံလာႏိုင္တယ္လို႔ ေဖာ္ျပ ထားပါတယ္။