အမှတ်အများဆုံး ယူပေးတဲ့ တူချယ်၊ ဂျိမ်းစ် အခြေအနေ၊ ကီပါကို ချီးကျူးမှုနဲ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီး ချိတ်ဆက်နေတဲ့ ဘာစီလိုနာ တောင်ပံ တိုက်စစ်သမား ဒမ်ဘီလီဟာ အသင်း မပြောင်းလိုတာကြောင့် ဘာစီလိုနာနဲ့ပဲ သက်တမ်း တိုး စာချုပ် ချုပ်ဆိုချင်နေပြန်ကြောင်း သတင်းထွက်လာပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြတူချယ်ကို စတင်ခန့်အပ်ပြီးကတည်းက ရေတွက်မယ်ဆိုရင် တစ်နှစ်အတွင်း ပရီးမီးယားလိဂ် မှာ မန်စီးတီးပြီးရင် ရမှတ် အများဆုံး ဖြစ်နေပါတယ်။ တူချယ်ကို ခန့်အပ်ပြီးကတည်းက ချဲလ်ဆီးဟာ ၄၃ ပွဲ ကစားခဲ့ရာမှာ ၈၅ မှတ် ရရှိခဲ့ပြီး မန်စီးတီးရဲ့အောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးကတော့ ၄၂ ပွဲကစားပြီး ၁၀၂ မှတ် ရရှိထားတာပါ။

လီဗာပူးဂန္ထဝင်ဟောင်း Ian Rush ကတော့ လူကာကူနဲ့ အေဘရာဟမ် တို့အကြားက ခြားနားချက်နဲ့ ပတ်သက်ပြီး “အေဘရာဟမ်ချ်က ဖိအားကင်းကင်းနဲ့ ကစားနိုင်နေပါတယ်။ မော်ရင်ဟိုက အေဘရာဟမ် ကို နှစ်သက်ပြီး ဒါက တိုက်စစ်မှူး အတွက် အရေးပါတဲ့အရာပါ။ တူချယ်နဲ့ လူကာကူက တစ်ယောက်နဲ့တစ်ယောက် နားလည်းမှု အားမကောင်းသေးပါဘူး။ နောက်ပြီး စီးရီးအေကလည်း ပရီးမီးယားလိဂ်လောက် အင်အားမကောင်းပါဘူး”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ နောက်ခံလူ ရီစီဂျိမ်းစ်ရဲ့ ဒဏ်ရာအခြေအနေဟာ တိုးတက် ကောင်းမွန် လာနေပါတယ်။ ရီစီဂျိမ်းစ်အနေနဲ့ ပလိုင်းမောက်နဲ့ ကစားမဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲမှာ ပါဝင်နိုင်ဖို့ မရှိပေမဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး သွင်းဂိုးဆု အတွက် ဆန်ခါတင် စာရင်းမှာတော့ ချဲလ်ဆီး တိုက်စစ် ကစားသမား ဇီးယက်ချ်ရဲ့ စပါးနဲ့ပွဲက ဂိုးနဲ့ ကိုဗာဆစ်ရဲ့ လီဗာပူးနဲ့ပွဲက သွင်းဂိုးတွေ ပါဝင်နေပါတယ်။

ချဲလ်ဆီးဂိုးသမားဟောင်း ပီတာချက်ကတော့ မန်ဒီမရှိစဉ်ကာလအတွင်းအသင်းဂိုးပေါက်ကို အကောင်းဆုံး စောင့်ရှောက်ထားတဲ့ ကီပါကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး ကီပါရဲ့ လက်စွမ်းက အရင်ကထက် များစွာကောင်းမွန်လာကြောင်း၊ အသင်းရဲ့ ဂိုးသမားတွေအနေနဲ့ စုစုစည်းစည်းနဲ့ အတူတကွ အကောင်းဆုံး ကြိုးပမ်းလက်ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာအနေနဲ့ လာမဲ့နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ နီးစပ်နေပါပြီ။ အက်ပီကျူတာဟာ ၃ နှစ်သက်တမ်းတိုးဖို့တောင်းဆိုခဲ့ပေမဲ့ ချဲလ်ဆီးရဲ့ ပေါ်လစီက အသက် ၃၀ ကျော်ကစားသမားတွေကို တစ်နှစ်သာ သက်တမ်းတိုးမြှင့်ရေးဖြစ်ပါတယ်။