ပရီးမီးယားလိဂ်မှာ နည်းပြ အဖြစ် ပြန်ဝင်လာတော့မယ့် ချဲလ်ဆီး ဂန္တဝင် ဖရန့် လမ်းပတ်
ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို ဒါဘီနဲ့ ချဲလ်ဆီးတို့ရဲ့ နည်းပြဟောင်း တဦးလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကတော့ ပရီးမီးယားလိဂ် ကလပ် တသင်း ဖြစ်တဲ့ အဲဗာတန်ကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
အဲဗာတန်ဟာ မကြာသေးမီကမှ အသင်းရဲ့ နည်းပြချုပ် ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး လတ်တလောမှာ အသင်းကို ယာယီ ကိုင်တွယ်ဖို့ ကစားသမားဟောင်း ဒန်ကန် ဖာဂူဆန်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။

ဒါပေမယ့် အဲဗာတန် ဘုတ်အဖွဲ့ဟာ ဒန်ကန် ဖာဂူဆန်ရဲ့ စီမံခန့်ခွဲမှုနဲ့ နည်းစနစ်ကို သဘောမကျတာကြောင့် ဒါဘီနဲ့ ချဲလ်ဆီးတို့မှာ တိုက်စစ် အသားပေး ကစားဟန်ကို အသုံးပြုကာ ထိုက်သင့်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့တဲ့ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။
အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ဟာ ဒါဘီနဲ့ ချဲလ်ဆီး တို့ကို ကိုင်တွယ်စဉ်မှာ သူ့ရဲ့ တိုက်စစ် အသားပေး ကစားဟန်ကို ကောင်းမွန်စွာ အသက်သွင်းပြနိုင်ခဲ့သလို လူငယ် ကစားသမားတွေကို နေရာပေးခဲ့သူပါ။
နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အဲဗာတန် ဘုတ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ လမ်းပတ်၊ သူ့ရဲ့အေးဂျင့်တို့နဲ့ အတူ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း သိရပါတယ်။
လမ်းပတ်ဟာ မကြာခင်မှာပဲ အဲဗာတန် နည်းပြသစ် ဖြစ်လာဖို့ ရှိနေပြီး လာမယ့် ၂ရက်အတွင်း အဲဗာတန်က လမ်းပတ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း တရားဝင် ကြေညာဖွယ် ရှိတယ်လို့လည်း အဲဗာတန်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။ ချဲလ်ဆီးနဲ့ လမ်းခွဲပြီးနောက် ငြိမ်သက်နေခဲ့တဲ့ လမ်းပတ်ကို ပရီးမီးယားလိဂ်မှာ နည်းပြ အဖြစ် ပြန် မြင်ရတော့မှာပါ။

ZG
ခ်ဲလ္ဆီး ဂႏၲဝင္ ကြင္းလယ္လူ တဦး ျဖစ္သလို ဒါဘီနဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ နည္းျပေဟာင္း တဦးလည္း ျဖစ္တဲ့ ဖရန္႔ လမ္းပတ္ကေတာ့ ပရီးမီးယားလိဂ္ ကလပ္ တသင္း ျဖစ္တဲ့ အဲဗာတန္ကို ကိုင္တြယ္ဖို႔ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သိရပါတယ္။
အဲဗာတန္ဟာ မၾကာေသးမီကမွ အသင္းရဲ႕ နည္းျပခ်ဳပ္ ဘင္နီတက္ဇ္ကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီး လတ္တေလာမွာ အသင္းကို ယာယီ ကိုင္တြယ္ဖို႔ ကစားသမားေဟာင္း ဒန္ကန္ ဖာဂူဆန္ကို ယာယီနည္းျပ အျဖစ္ ခန႔္အပ္ထားပါတယ္။
ဒါေပမယ့္ အဲဗာတန္ ဘုတ္အဖြဲ႕ဟာ ဒန္ကန္ ဖာဂူဆန္ရဲ႕ စီမံခန႔္ခြဲမႈနဲ႔ နည္းစနစ္ကို သေဘာမက်တာေၾကာင့္ ဒါဘီနဲ႔ ခ်ဲလ္ဆီးတို႔မွာ တိုက္စစ္ အသားေပး ကစားဟန္ကို အသုံးျပဳကာ ထိုက္သင့္တဲ့ ရလဒ္ေတြ ရယူႏိုင္ခဲ့တဲ့ လမ္းပတ္ကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာပဲ ျဖစ္ပါတယ္။
အဂၤလန္ ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ဖရန႔္ လမ္းပတ္ဟာ ဒါဘီနဲ႔ ခ်ဲလ္ဆီး တို႔ကို ကိုင္တြယ္စဥ္မွာ သူ႔ရဲ႕ တိုက္စစ္ အသားေပး ကစားဟန္ကို ေကာင္းမြန္စြာ အသက္သြင္းျပႏိုင္ခဲ့သလို လူငယ္ ကစားသမားေတြကို ေနရာေပးခဲ့သူပါ။
နာမည္ႀကီး သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ ေဖာ္ျပခ်က္အရ အဲဗာတန္ ဘုတ္အဖြဲ႕ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္း အတြင္းမွာပဲ လမ္းပတ္၊ သူ႔ရဲ႕ေအးဂ်င့္တို႔နဲ႔ အတူ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ကာ လမ္းပတ္ကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္းလည္း သိရပါတယ္။
လမ္းပတ္ဟာ မၾကာခင္မွာပဲ အဲဗာတန္ နည္းျပသစ္ ျဖစ္လာဖို႔ ရွိေနၿပီး လာမယ့္ ၂ရက္အတြင္း အဲဗာတန္က လမ္းပတ္ ကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ေၾကာင္း တရားဝင္ ေၾကညာဖြယ္ ရွိတယ္လို႔လည္း အဲဗာတန္နဲ႔ နီးစပ္သူေတြက ဆိုၾကပါတယ္။ ခ်ဲလ္ဆီးနဲ႕ လမ္းခြဲျပီးေနာက္ ျငိမ္သက္ေနခဲ့တဲ့ လမ္းပတ္ကို ပရီးမီးယားလိဂ္မွာ နည္းျပ အျဖစ္ ျပန္ ျမင္ရေတာ့မွာပါ။