ပီအက်စ်ဂျီရဲ့ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ကို စိုးရွံ့နေမှာ မဟုတ်ဘူး စိန်ခေါ်လိုက်တဲ့ ရီးရဲလ်ဂိုးသမား ကော်တိုရစ်

ရီးရဲလ် မက်ဒရစ် ဂိုးသမား ကော်တိုရစ် ကတော့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ တွေ့ဆုံနေတဲ့ ပီအက်စ်ဂျီ အသင်းမှ နာမည်ကြီးတွေ ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ကို လုံးဝ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ကော်တိုရစ် က ဒီနေ့ခေတ်မှာ ဘောလုံးက အသင်းလိုက်ကစားပုံပေါ်မှာ ပိုမိုမူတည်နေပြီး တဦးချင်းအပေါ် မှီခိုမှုနည်းပါးလာပြီလို့ ပြောဆိုခဲ့တာပါ။ ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့ ထိပ်တိုက်တွေ့မှုက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပရိသတ်စိတ်အဝင်စားဆုံး ပွဲလည်းဖြစ်ပါတယ်။

စပိန်သတင်းစာ AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကော်တိုရစ် က – “ပီအက်စ်ဂျီက မက်ဆီ၊နေမာ၊ ဘတ်ပီတို့လို ကစားသမားကောင်းတွေ ရှိပါတယ်၊ ဒီ ကစားသမားအားလုံးက တိုက်စစ်ပိုင်းမှာ ထူးရှယ်တွေပါ၊ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဘောလုံးက ကစားသမားတဦးချင်းထက် အသင်းလိုက် အပေါ်မှာ အများကြီး မူတည်နေပါပြီ၊

ခင်ဗျား ကြောက်နေမယ် ဆိုရင်တော့ သူတို့က ခင်ဗျားကို ခံစားသွားရအောင်လုပ်သွားမှာပဲ၊ ထူးချွန်တဲ့ ကစားသမား တယောက်က သွင်းဂိုးတဂိုးကို အချိန်မရွေး သွင်းယူနိုင်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအရာထက် အသင်းလိုက် စွမ်းဆောင်ရည်ကို ရပ်တန်ဖို့က ပိုပြီးတော့ စိုးရိမ်ရမယ့် ကိစ္စပါ” လို့ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်မှာ မက်ဆီရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ နောက်တဆင့်ကို အလွယ်တကူ တက်ရောက် ခဲ့တာ ဖစ်ပါတယ်။ ရီးရဲလ်ကလည်း ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းတွေပြသနေလို့ သူတို့နှစ်သင်းတွေ့ဆုံမှုက တကယ်ပွဲကြီးပွဲကောင်းဖြစ်ဦးမှာ ဖြစ်ပါတယ်။

ZG

ရီးရဲလ္ မက္ဒရစ္ ဂိုးသမား ေကာ္တိုရစ္ ကေတာ့ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ ေတြ႔ဆံုေနတဲ့ ပီအက္စ္ဂ်ီ အသင္းမွ နာမည္ၾကီးေတြ ျဖစ္တဲ့ မက္ဆီ၊ ေနမာ၊ ဘတ္ပီတို႔ကို လံုးဝ ေၾကာက္ရြံ႕ေနမွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

ေကာ္တိုရစ္ က ဒီေန႔ေခတ္မွာ ေဘာလုံးက အသင္းလိုက္ကစားပုံေပၚမွာ ပိုမိုမူတည္ေနၿပီး တဦးခ်င္းအေပၚ မွီခိုမႈနည္းပါးလာၿပီလို႔ ေျပာဆိုခဲ့တာပါ။ ရီးရဲလ္နဲ႕ ပီအက္စ္ဂ်ီတို႔ ထိပ္တိုက္ေတြ႔မႈက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ပရိသတ္စိတ္အဝင္စားဆုံးပြဲလည္းျဖစ္ပါတယ္။

စပိန္သတင္းစာ AS နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ​ ေကာ္တိုရစ္ က – “ပီအက္စ္ဂ်ီက မက္ဆီ၊ေနမာ၊ ဘတ္ပီတို႔လို ကစားသမားေကာင္းေတြ ရွိပါတယ္၊ ဒီ ကစားသမားအားလုံးက တိုက္စစ္ပိုင္းမွာ ထူးရွယ္ေတြပါ၊ ဒါေပမယ့္ ဒီေန႔ေခတ္မွာ ေဘာလုံးက ကစားသမားတဦးခ်င္းထက္ အသင္းလိုက္ အေပၚမွာ အမ်ားႀကီး မူတည္ေနပါၿပီ၊

ခင္ဗ်ား ေၾကာက္ေနမယ္ ဆိုရင္ေတာ့ သူတို႔က ခင္ဗ်ားကို ခံစားသြားရေအာင္လုပ္သြားမွာပဲ၊ ထူးခြၽန္တဲ့ ကစားသမား တေယာက္က သြင္းဂိုးတဂိုးကို အခ်ိန္မေ႐ြး သြင္းယူႏိုင္ပါတယ္။

ဒါေပမယ့္လည္း အဲဒီအရာထက္ အသင္းလိုက္ စြမ္းေဆာင္ရည္ကို ရပ္တန္ဖို႔က ပိုၿပီးေတာ့ စိုးရိမ္ရမယ့္ ကိစၥပါ” လို႔ ေျပာဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီကေတာ့ ခ်န္ပီယံလိဂ္မွာ မက္ဆီရဲ႕ ေျခစြမ္းျပမႈေတြနဲ႔အတူ ေနာက္တဆင့္ကို အလြယ္တကူ တက္ေရာက္ ခဲ့တာ ဖစ္ပါတယ္။ ရီးရဲလ္ကလည္း ဒီရာသီမွာ အေကာင္းဆုံးေျခစြမ္းေတြျပသေနလို႔ သူတို႔ႏွစ္သင္းေတြ႕ဆုံမႈက တကယ္ပြဲႀကီးပြဲေကာင္းျဖစ္ဦးမွာ ျဖစ္ပါတယ္။