ပေါ့ဘာ ကန်တီ အတွဲ အတွက် တိုက်တွန်းမှု၊ လမ်းပတ် ပစ်မှတ်နဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်က ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူသင့်ကြောင်း၊ ပေါ့ဂ်ဘာနဲ့ ကန်တီသာ တွဲကစားမယ် ဆိုရင် ပြီးပြည့်စုံသွားမှာဖြစ်ကြောင်း အကြံပြု တိုက်တွန်းခဲ့ပါတယ်။
အဲဗာတန်နည်းပြဖြစ်လာတော့မဲ့ လမ်းပတ်ဟာ ချဲလ်ဆီး နည်းပြတူချယ် အားကိုးရတဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ အန်တိုနီ ဘယ်ရီကို ခေါ်ယူဖို့ အလိုရှိနေကြောင်း The Athletic က ဖော်ပြထားပါတယ်။ ဘယ်ရီဟာ ချဲလ်ဆီးရဲ့ အရည်အသွေးမြင့် နည်းပြ ဖြစ်ပြီး တူချယ်ကသူ့ကို အစွမ်းကုန် ဆက်ထိန်းသွားမှာ ဖြစ်ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်ကတော့ ပဲလေ့စ်မှာအငှားနဲ့ ကစားနေတဲ့ ချဲလ်ဆီးကြယ်ပွင့် ဂယ်လင်ဟာကို လမ်းပတ်နဲ့ ခိုင်းနှိုင်းခဲ့ပြီး လမ်းပတ်ဟာ ဂိုးဧရိယာအထိဝင်ရောက်ပြီးဂိုးတွေသွင်းနိုင်သူဖြစ်ကြောင်း၊ ဂယ်လင်ဟာကို ကြည့်မယ်ဆိုရင် လမ်းပတ်လိုမျိုး ခံစားရကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ အက်ပီကွီတာကို ခေါ်ယူလိုတဲ့အသင်းတွေထဲ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်လည်း ပါဝင် လာခဲ့ပါတယ်။ ကွီတာက ချဲလ်ဆီးနဲ့စာချုပ်သက်တမ်း ၃ နှစ်ချုပ်ဆိုလိုပေမဲ့ ချဲလ်ဆီးက တစ်နှစ်သာ ချုပ်ဆို လိုတာကြောင့် ညှိနှိုင်းမရဖြစ်နေပြီး အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။
အိုဒွိုင်းက သူ့အကြိုက်နေရာကို အမေးခံခဲ့ရာမှာ “ကျွန်တော့် အနေနဲ့ တောင်ပံကစားသမားဖြစ်ဖြစ်၊ နံပါတ် ၁၀ နေရာပဲဖြစ်ဖြစ် တိုက်စစ်ပိုင်းကို ပိုပြီး လိုက်ပါကစားချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက် ဖန်တီးမှုတွေ တိုက်ရိုက် လုပ်ပေးပြီး လွတ်လွတ်လပ်လပ် ကစားလိုပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါရင်းဘန့်က ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူသင့်ကြောင်း၊ ပေါ့ဂ်ဘာနဲ့ ကန်တီသာ တွဲကစားမယ်ဆိုရင် ပြီးပြည့်စုံသွားမှာဖြစ်ကြောင်း အကြံပြုတိုက်တွန်းခဲ့ပါတယ်။
ချဲလ်ဆီး အနေနဲ့ ချာလ်တန်ကြယ်ပွင့်တိုက်စ်စမူှး ဘက်စ်တိုး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေပါတယ်။
ချဲလ်ဆီး အသင်းဟာ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေဆဲ ဖြစ်ပါတယ်။ အေးဂျင့် ရွိုင်အိုလာကတော့ ဒီလိုက်ချ်အနေနဲ့ လာမဲ့နွေရာသီမှာ ဂျူဗင်တပ်ကနေ ထွက်ခွာမယ်လို့ ဖွင့်ဟထားခဲ့ပြီး အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ရူဒီဂါရဲ့ နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးက ပစ်မှတ်ထားနေပါတယ်။