ယောက္ခမ စကား ပယ်ရှားပြီး အဲဗာတန် အသင်းဆီ သွားဖို့ပဲ ရွေးလိုက်တဲ့ မန်ယူကွင်းလယ် ဗန်ဒီဘိခ်
မန်ယူ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ခရစ္စတယ်ပဲလေ့စ်အစား အဲဗာတန်အသင်းကို ပြောင်းဖို့ ရွေးချယ်ခဲ့ပြီး ရာသီကုန်အထိ အငှားနဲ့ ပြောင်းဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အဲဗာတန်ဟာ လမ်းပတ်ကိုလည်း နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့သလို ဗန်ဒီဘိခ် ကို ခေါ်ပြီး ကစားသမားရဲ့ လုပ်ခလစာကိုလည်း ပေးချေမှာဖြစ်ပါတယ်။
ပဲလေ့စ်အသင်းက နယ်သာလန်သားကိုခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲဗာတန်က နောက်ဆုံးမိနစ်မှာ အရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒီဘိခ်ရဲ့ ယောက္ခမ ဖြစ်သူ ဘားကမ့်ကလည်း သူ့ရဲ့ ဂန်းနား အသင်းဖော်ဟောင်း ဗီအဲရာ ရှိရာ ကလပ်ထံ ပြောင်းစေချင်ခဲ့ပေမယ့် ဗန်ဒီဘိခ်ကတော့ အဲဗာတန်ကို ရွေးခဲ့တာပါ။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ တုန်းက မန်ချက်စတာ ယူနိုက်တက်ကို အေဂျက်အသင်းထံကနေ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပေမယ့် အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်သားဟာ ဒီရာသီပြိုင်ပွဲစုံ ၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပြီး ဒီဇင်ဘာလနောက်ပိုင်း ၈ မိနစ်သာ ပါဝင် ကစားခွင့်ရထားပါတယ်။ ဗန်ဒီဘိခ်ကို ပဲလေ့စ်နဲ့ အဲဗာတန်အပြင် နယူးကာဆယ်အသင်းကလည်း အခုလ အစောပိုင်း တုန်းက စိတ်ဝင်စားခဲ့သေးတာပါ။
အဲဗာတန်ဟာ ဒူကိုရေး နဲ့ ဒီလက်ပ်တို့ ဒဏ်ရာရရှိနေတာကြောင့် ကွင်းလယ်ပိုင်းကို အဓိကခေါ်ယူဖို့ ပြင်ဆင် လာခဲ့တာဖြစ်ပါတယ်။ အလီ ၊ ဘာကလေ ၊ လိုတပ်ဖ်ချိတို့ကို ချိတ်ဆက်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ဗန်ဒီဘိခ်ကိုသာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
လမ်းပတ် ရောက်လာမှုကလည်း အဲဗာတန်အတွက် ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းခဲ့တာဖြစ်တယ် လို့လည်း ထင်ကြေးပေးနေကြပါတယ်။ အဲဗာတန်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။

ZG
မန္ယူ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ခရစၥတယ္ပဲေလ့စ္အစား အဲဗာတန္အသင္းကို ေျပာင္းဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး ရာသီကုန္အထိ အငွားနဲ႔ ေျပာင္းဖို႔ သေဘာတူညီမႈရရွိခဲ့ပါတယ္။ အဲဗာတန္ဟာ လမ္းပတ္ကိုလည္း နည္းျပသစ္ အျဖစ္ ခန႔္အပ္ခဲ့သလို ဗန္ဒီဘိခ္ ကို ေခၚျပီး ကစားသမားရဲ႕ လုပ္ခလစာကိုလည္း ေပးေခ်မွာျဖစ္ပါတယ္။
ပဲေလ့စ္အသင္းက နယ္သာလန္သားကိုေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အဲဗာတန္က ေနာက္ဆုံးမိနစ္မွာ အရေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဗန္ဒီဘိခ္ရဲ႕ ေယာကၡမ ျဖစ္သူ ဘားကမ့္ကလည္း သူ႔ရဲ႕ ဂန္းနား အသင္းေဖာ္ေဟာင္း ဗီအဲရာ ရွိရာ ကလပ္ထံ ေျပာငး္ေစခ်င္ခဲ့ေပမယ့္ ဗန္ဒီဘိခ္ကေတာ့ အဲဗာတန္ကို ေရြးခဲ့တာပါ။
ဗန္ဒီဘိခ္ဟာ ၂၀၂၀ တုန္းက မန္ခ်က္စတာ ယူႏိုက္တက္ကို ေအဂ်က္အသင္းထံကေန ေပါင္သန္း ၄၀ နဲ႔ ေျပာင္းေ႐ႊ႕ လာခဲ့တာျဖစ္ေပမယ့္ အထိုင္က်ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္သားဟာ ဒီရာသီၿပိဳင္ပြဲစုံ ၄ ပြဲသာ ပါဝင္ကစားခြင့္ရရွိထားၿပီး ဒီဇင္ဘာလေနာက္ပိုင္း ၈ မိနစ္သာ ပါဝင္ ကစားခြင့္ရထားပါတယ္။ ဗန္ဒီဘိခ္ကို ပဲေလ့စ္နဲ႔ အဲဗာတန္အျပင္ နယူးကာဆယ္အသင္းကလည္း အခုလ အေစာပိုင္း တုန္းက စိတ္ဝင္စားခဲ့ေသးတာပါ။
အဲဗာတန္ဟာ ဒူကိုေရး နဲ႔ ဒီလက္ပ္တို႔ ဒဏ္ရာရရွိေနတာေၾကာင့္ ကြင္းလယ္ပိုင္းကို အဓိကေခၚယူဖို႔ ျပင္ဆင္ လာခဲ့တာျဖစ္ပါတယ္။ အလီ ၊ ဘာကေလ ၊ လိုတပ္ဖ္ခ်ိတို႔ကို ခ်ိတ္ဆက္ခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ ဗန္ဒီဘိခ္ကိုသာ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။
လမ္းပတ္ ေရာက္လာမႈကလည္း အဲဗာတန္အတြက္ ဗန္ဒီဘိခ္ကို ေခၚယူႏိုင္ဖို႔ အေျခအေန ေကာင္းခဲ့တာျဖစ္တယ္ လို႔လည္း ထင္ေၾကးေပးေနၾကပါတယ္။ အဲဗာတန္ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနၿပီး တန္းဆင္းဇုန္နဲ႔ ၄ မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။