ဟာလန်း ဘလွန်းဒီအော ဆု ရချင်ရင် ရီးရဲလ် မသွားနဲ့လို့ စည်းရုံးလိုက်တဲ့ ဘာစီလိုနာ ခံစစ်သမား ပီကေး
ဒေါ့မွန် ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းအနေနဲ့ ကစားသမား တစ်ယောက်အတွက် တစ်ဦးချင်း အမြင့်ဆုံး ဆု ဖြစ်တဲ့ ဘလွန်းဒီအော်လိုချင်ရင် အမ်ဘာပေနဲ့ တသင်းတည်းကို မသွားသင့်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးက သတိပေး ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး ရီးရဲလ်မက်ဒရစ်ကလည်း ဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရီးရဲလ်မက်ဒရစ်တို့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အမ်ဘာပေကို တနှစ်လုပ်ခ ယူရိုသန်း (၅၀) နဲ့ နွေမှာ ခေါ်ယူဖို့ အကြို သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဘာပေရပြီးရင်လည်း ရီးရဲလ်မက်ဒရစ်တို့ ဟာလန်းကို ဆက်လက်ခေါ်ယူသွားမှာဖြစ်ပြီး ဒီအချိန်မှာပဲ ပီကေးက မဟာပြိုင်ဘက်ဆီ ဟာလန်း မရောက်ရှိသွားအောင် အခုလိုပဲ ပြောကြားလာခဲ့တာပါ။
ပီကေးက “ကျနော်သာ ဟာလန်း ဖြစ်မယ်၊ ဘလွန်းဒီအော်ဆု လိုချင်တယ်ဆိုရင် အမ်ဘာပေနဲ့ တသင်းတည်းကို သွားမှာမဟုတ်ပါဘူး” လို့ ပြောကြားလိုက်ပါတယ်။
ပီကေး က ဘာစီလိုနာရဲ့ မဟာပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ကို အခုလိုမျိုး နာမည်ကျော် ကစားသမားတွေ မရောက် သွားအောင် အသည်းအသန် တားဆီးနေတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ ဟာလန်းကို ခေါ်ယူဖို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် တကယ်တမ်းမှာတော့ ရီးရဲလ် မက်ဒရစ်နဲ့ ဘဏ္ဍာရေး အရ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ZG
ေဒါ့မြန္ ၾကယ္ပြင့္ တိုက္စစ္မႉး ဟာလန္းအေနနဲ႔ ကစားသမား တစ္ေယာက္အတြက္ တစ္ဦးခ်င္း အျမင့္ဆံုး ဆု ျဖစ္တဲ့ ဘလြန္းဒီေအာ္လိုခ်င္ရင္ အမ္ဘာေပနဲ႔ တသင္းတည္းကို မသြားသင့္ေၾကာင္း ဘာစီလိုနာေနာက္ခံလူ ပီေကးက သတိေပး ေျပာၾကားခဲ့ပါတယ္။
ဟာလန္းဟာ လာမယ့္ေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနၿပီး ရီးရဲလ္မက္ဒရစ္ကလည္း ဟာလန္းကို ေခၚယူဖို႔ ပစ္မွတ္ထားလ်က္ရွိပါတယ္။
ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ရီးရဲလ္မက္ဒရစ္တို႔ ပီအက္စ္ဂ်ီ တိုက္စစ္ကစားသမား အမ္ဘာေပကို တႏွစ္လုပ္ခ ယူ႐ိုသန္း (၅၀) နဲ႔ ေႏြမွာ ေခၚယူဖို႔ အႀကိဳ သေဘာတူညီမႈရရွိခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။
ဘာေပရျပီးရင္လည္း ရီးရဲလ္မက္ဒရစ္တို႔ ဟာလန္းကို ဆက္လက္ေခၚယူသြားမွာျဖစ္ၿပီး ဒီအခ်ိန္မွာပဲ ပီေကးက မဟာၿပိဳင္ဘက္ဆီ ဟာလန္း မေရာက္ရွိသြားေအာင္ အခုလိုပဲ ေျပာၾကားလာခဲ့တာပါ။
ပီေကးက “က်ေနာ္သာ ဟာလန္း ျဖစ္မယ္၊ ဘလြန္းဒီေအာ္ဆု လိုခ်င္တယ္ဆိုရင္ အမ္ဘာေပနဲ႔ တသင္းတည္းကို သြားမွာမဟုတ္ပါဘူး” လို႔ ေျပာၾကားလိုက္ပါတယ္။
ပီေကး က ဘာစီလိုနာရဲ႕ မဟာၿပိဳင္ဘက္ ရီးရဲယ္မက္ဒရစ္ကို အခုလိုမ်ိဳး နာမည္ေက်ာ္ ကစားသမားေတြ မေရာက္ သြားေအာင္ အသည္းအသန္ တားဆီးေနတာလည္း ျဖစ္ပါတယ္။
ဘာစီလိုနာအေနနဲ႔ ဟာလန္းကို ေခၚယူဖို႔လည္း သတင္းေတြထြက္ေပၚေနေပမယ့္ တကယ္တမ္းမွာေတာ့ ရီးရဲလ္ မက္ဒရစ္နဲ႔ ဘ႑ာေရး အရ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ခက္ခဲေနဆဲ ျဖစ္ပါတယ္။