ဗိုလ်လုပွဲရောက် ဆီနီဂေါ၊ တမင် လူသစ်မခေါ်တဲ့ မန်ယူ၊ ဆန်းဒါးလန်း နည်းပြနေရာအတွက် ရွိုင်ကိန်းနဲ့ နံနက်ခင်း သတင်းများ

မန်ယူအသင်းဟာ ဇန်နဝါရီမှာ အသင်းရှိ ကစားသမားအချို့ကို ရှင်းထုတ်ခဲ့သလို ပစ်မှတ် ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်၊ ဇာကီရာကီယာ၊ ကာမာရာ စတဲ့ ကစားသမားတွေကိုလည်း ခေါ်ယူနိုင်ခွင့် ရှိလျက်နဲ့ ငြင်းပယ်ခဲ့ကြောင်း သတင်း ထွက်လာပါတယ်။

ဒီမနက် အစောပိုင်းက ကစားခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ဆီနီဂေါအသင်းက ဘာကီနာဖာဆို အသင်းကို ၁-၃ နဲ့ အနိုင်ယူပြီး ဖိုင်နယ်အဆင့် တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ရဲအဖွဲ့ရဲ့ ဖမ်းဆီးထိမ်းသိမ်းခံရတာကနေ အာမခံနဲ့ ပြန်လွတ်လာပြီးနောက် ဆက်လက်ပြီး အမှှုတွေ ရင်ဆိုင်ရဦးမယ့် မန်ယူအသင်းတိုက်စစ်မှုး ဂရင်းဝုဒ်ဟာ ၎င်းရဲ့ လုံခြုံရေးအတွက် တစ်ပါတ် ပေါင် ၁၄၀၀၀ အထိ ထပ်မံ တိုးမြှင့် သုံးစွဲထားပါတယ်။

ဆန်းဒါးလန်း အသင်းဟာ မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကို နည်းပြ ခန့်အပ်နိုင်ဖို့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက တခြား အားကစားကဏ္ဍတွေက နာမည်ကျော် ကစားသမားတွေနဲ့အတူ Laureus Awards ရဲ့ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ဆန်ခါတင်စာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။ ထိုဆုရရှိသူကိုတော့ ဧပြီလအတွင်း ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ နောက်ခံလူ ပီကေးကတော့ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ဘလွန်းဒီအော ဆု ရချင်ရင် အမ်ဘာပေနဲ့ တစ်သင်းတည်း ကစားလို့ မဖြစ်ဘူးလို့ သတိပေးလိုက်ပြီး ဘာပေသွားမယ့် ရီးရဲလ်မက်ဒရစ်ကို ငြင်းဆန်ဖို့ အချက်ပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကတော့ လာမယ့် ဘီဘာအိုနဲ့ ပွဲမှာ ဟာဇက်၊ ဘေးလ် စတဲ့ အဓိက ကစားသမားတွေ အစုံအလင် ပြန်လည် ပါဝင်လာမှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းထဲ အဲဗက်စ်ပါဝင်လာခြင်း မရှိပေမယ့် ဒမ်ဘီလီကိုတော့ ထည့်သွင်း ထားခဲ့ကြောင်း သတင်းရရှိပါတယ်။

ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှုး အူဘာမီယန်းကတော့ ဇာဗီလို နည်းပြမျိုးကို ပိုင်ဆိုင်ခွင့် ရထားတဲ့အတွက် အလွန်ကံကောင်းကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ယူ ကွင်းလယ် ပေါ့ဘာတစ်ယောက် သိပ်မကြာခင်အချိန်အတွင်း အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး သောမတ်မူလာ ဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးထားကြောင်း မရှိကြောင်း သိရပါတယ်။ သူ့ကို ချဉ်းကပ်လာတဲ့ အသင်းတစ်သင်းမှ မရှိသေးကြောင်း၊ အနာဂတ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမှာဖြစ်ကြောင်း မူလာက ဖွင့်ဟခဲ့တာပါ။