ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမယ့် မန်စီးတီးအသင်းဖော်ကို ထုတ်ဖော်လိုက်တဲ့ ကန်ဆယ်လို

မန်စီးတီး နောက်ခံလူ ကန်ဆယ်လိုက သူ့ရဲ့ အသင်းဖော် ကွင်းလယ်လူ ဖိုဒန်ဟာ တချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်မှာဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဖိုဒန်ဟာ မန်စီးတီး အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ဂွါဒီယိုလာရဲ့ အဓိက ကစားသမားအဖြစ် အချိန်တိုအတွင်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကန်ဆယ်လိုဟာ မနေ့က မန်စီးတီးနဲ့အတူ (၅) နှစ်ခွဲ သက်တမ်းရှိ စာချုပ်သစ်တရပ်ကို ချုပ်ဆိုခဲ့ပြီး သူကလည်း ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြကစားနေပါတယ်။

ဖိုဒန်ဟာ လက်ရှိ ဘောလုံးရာသီမှာ မန်စီးတီးအတွက် (၂၂) ပွဲ ကစား (၇) ဂိုးသွင်း၊ (၆) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဖိုဒန်က မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ကစားကာ (၁၆) ဂိုး သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။

ဖိုဒန်နဲ့ ပတ်သက်လို့ ကန်ဆယ်လိုက “ဒီအသင်းနဲ့ ပတ်သက်လို့ ကျနော် အများကြီး ယုံကြည်ချက်ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမား အများအပြား အသင်းမှာရှိနေလို့ပါ။

ဖိုဒန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ဖြစ်လာနိုင်ပါတယ်။ မဖြစ်လာဘူးဆိုရင်တောင် အနည်းဆုံးတော့ သူက အကောင်းဆုံးတွေထဲက တယောက် ဖြစ်လာမှာပါ” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာ အသင်းကို ရောက်လာပြီးနောက် မန်စီးတီးက လူငယ်ကစားသမားတွေကို ကောင်းကောင်းပျိုးထောင်ဖို့ ကြိုးစားလာတယ်လို့ဆိုနိုင်ပါတယ်။ ဒီအထဲမှာတော့ အသက် (၂၁) နှစ်အရွယ် ဖိုဒန်က အထင်ရှားဆုံးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်တဲ့ ခြေစွမ်းတခုကို ပြသထားနိုင်ပါတယ်။

ZG

မန္စီးတီး ေနာက္ခံလူ ကန္ဆယ္လိုက သူ႔ရဲ႕ အသင္းေဖာ္ ကြင္းလယ္လူ ဖိုဒန္ဟာ တခ်ိန္မွာ ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးႏိုင္မွာျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ဖိုဒန္ဟာ မန္စီးတီး အကယ္ဒမီထြက္ ကစားသမားျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ အဓိက ကစားသမားအျဖစ္ အခ်ိန္တိုအတြင္း ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ကန္ဆယ္လိုဟာ မေန႔က မန္စီးတီးနဲ႔အတူ (၅) ႏွစ္ခြဲ သက္တမ္းရွိ စာခ်ဳပ္သစ္တရပ္ကို ခ်ဳပ္ဆိုခဲ့ၿပီး သူကလည္း ဒီရာသီမွာ အေကာင္းဆုံး ေျခစြမ္းျပကစားေနပါတယ္။

ဖိုဒန္ဟာ လက္ရွိ ေဘာလုံးရာသီမွာ မန္စီးတီးအတြက္ (၂၂) ပြဲ ကစား (၇) ဂိုးသြင္း၊ (၆) ႀကိမ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးထားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာလည္း ဖိုဒန္က မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း (၅၀) ကစားကာ (၁၆) ဂိုး သြင္းယူေပးႏိုင္ခဲ့ပါေသးတယ္။

ဖိုဒန္နဲ႔ ပတ္သက္လို႔ ကန္ဆယ္လိုက “ဒီအသင္းနဲ႔ ပတ္သက္လို႔ က်ေနာ္ အမ်ားႀကီး ယုံၾကည္ခ်က္ရွိပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ေတာက္ပတဲ့ အနာဂတ္ကို ပိုင္ဆိုင္ထားတဲ့ လူငယ္ကစားသမား အမ်ားအျပား အသင္းမွာရွိေနလို႔ပါ။

ဖိုဒန္က ကမာၻ႔အေကာင္းဆုံး ကစားသမားတေယာက္ ျဖစ္လာႏိုင္ပါတယ္။ မျဖစ္လာဘူးဆိုရင္ေတာင္ အနည္းဆုံးေတာ့ သူက အေကာင္းဆုံးေတြထဲက တေယာက္ ျဖစ္လာမွာပါ” လို႔ ခ်ီးက်ဴးေျပာၾကားသြားခဲ့ပါတယ္။

ဂြါဒီယိုလာ အသင္းကို ေရာက္လာၿပီးေနာက္ မန္စီးတီးက လူငယ္ကစားသမားေတြကို ေကာင္းေကာင္းပ်ိဳးေထာင္ဖို႔ ႀကိဳးစားလာတယ္လို႔ဆိုႏိုင္ပါတယ္။ ဒီအထဲမွာေတာ့ အသက္ (၂၁) ႏွစ္အ႐ြယ္ ဖိုဒန္က အထင္ရွားဆုံးျဖစ္ၿပီး အ႐ြယ္နဲ႔မလိုက္ေအာင္ တည္ၿငိမ္တဲ့ ေျခစြမ္းတခုကို ျပသထားႏိုင္ပါတယ္။