လီဗာပူးက ဒီယက် ကို ခေါ်လိုက်တာကြောင့် နွေမှာ ဘယ်တိုက်စစ်မှုးတွေ ထွက်ခွာရနိုင်လဲ

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့က ကိုလံဘီယာ တောင်ပံ ကစားသမား လူးဝစ်ဒီယက်ကို ဘာကြောင့် ခေါ်ယူ ခဲ့သလဲ ဆိုတာကို ဘောလုံး အစီအစဉ် တင်ဆက်သူ တစ်ဦး ဖြစ်တဲ့ ကယ်ဗင်ကမ်းဘဲလ်က သူ့အမြင် ပြောပြ သွားခဲ့ပါတယ်။

ဒီယက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက လီဗာပူးကို ယူရို ၄၅ သန်း နဲ့ ဘောနပ်စ် ယူရို ၁၅ သန်း အပါအဝင်ဖြင့် ပေါ်တိုကနေ ပြောင်းလာခဲ့သူ ဖြစ်ပြီး ငါးနှစ် စာချုပ်ချုပ်ဆို ခဲ့ပါတယ်။

လာမယ့် နွေရာသီမှာ လီဗာပူး တိုက်စစ်ပိုင်းက ကစားသမား တစ်ဦးဦး ထွက်ခွာ သွားဖို့ ရှိနေတာကြောင့် အန်ဖီးကလပ်ဟာ ဇန်နဝါရီမှာ လူးဝစ်ဒီယက်ကို ခေါ်ယူခဲ့တာ ဖြစ်မယ်လို့ ကမ်းဘဲလ်က သုံးသပ်သွားပါတယ်။ လီဗာပူးဟာ ဒီယက် ရောက်လာခဲ့ပြီးနောက် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မိမီနာမီနို နဲ့ အိုရီဂီ တို့ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

အာဆင်နယ် နဲ့ အဲဗာတန် တိုက်စစ်မှုးဟောင်းက လီဗာပူးဟာ နွေရာသီမှာ မီနာမီနို နဲ့ အိုရီဂီ တို့အပြင် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦးဦးကို ရောင်းချသွားဖို့ ရှိနေတယ်လို့ ပြောသွားပါတယ်။

ကမ်းဘဲလ်က “ကြည့်ရတာတော့ လီဗာပူး အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ယောက်ယောက် ကို နွေရာသီမှာ ရောင်းထုတ် သွားဖို့ အတွက် ပြင်ဆင်နေတဲ့ ပုံပါပဲ။ သူတို့ဟာ ဒီနှစ်မှာ တကယ့်ကို အရေးတကြီး ဖြေရှင်းသွားရမယ့် စာချုပ်ကိစ္စတွေ ရှိနေပါတယ်။ လီဗာပူးဟာ ရာသီကုန်ချိန်မှာ ဒီစာချုပ်ကိစ္စတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖြေရှင်းသွားရမှာ ဖြစ်တယ်။

အခုချိန်မှာ ဒီယက် ရောက်လာခဲ့ခြင်းကြောင့် ကလပ် အနေနဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦးဦးကို အသင်းကနေ ထွက်ခွာခွင့် ပြုသွားနိုင်ပါတယ်။ ဂျိုဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှုး တစ်ဦး ဆိုတာကို လီဗာပူးမှာ သက်သေ ပြခဲ့ပါတယ်။ သူဟာ လီဗာပူးရဲ့ ကနဦး front three ဖြစ်တဲ့ မာနေး ဆာလား ဖာမီနို တို့ရဲ့ နေရာကို ကောင်းကောင်း အစားထိုး နိုင်တဲ့သူ ဆိုတာကို ပြသခဲ့ပါတယ်။

ဒီယက်ပါ ရောက်လာပြီးတဲ့နောက် ဒီလို အစုအဖွဲ့မှာ နေရာတစ်နေရာ အတွက် ပြိုင်ဆိုင်မှုက တကယ့်ကို ပြင်းထန် သွားမှာပါ။ ကလော့ အနေနဲ့ လက်ရှိ သူပိုင်ဆိုင်ထားတဲ့ တိုက်စစ် ကစားသမား အစုအဖွဲ့ကို ကျေနပ် အားရနေမှာပါ။ သူတို့ဟာ လက်ရှိအချိန်မှာ အရန်အင်းအားလည်း တောင့်တင်းနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နွေရာသီမှာ ဆာဒီယိုမာနေး ဒါမှမဟုတ် ရော်ဘတ်တို ဖာမီနို တစ်ဦးဦးကို ကမ်းလှမ်းတဲ့ အသင်း တစ်သင်း ရှိလာခဲ့မယ် ဆိုရင်တော့ လီဗာပူးဟာ ဒီအခွင့်အရေးကို ဆုပ်ကိုင် သွားမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးရဲ့ တိုက်စစ် ၃ယောက်အတွဲ ဖြစ်တဲ့ ဆာလား မာနေး နဲ့ ဖာမီနို တို့ဟာ ၂၀၂၃ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေကြသူတွေ ဖြစ်ပြီး အန်ဖီးကလပ်ဟာ ဒီထဲကမှ ဆာလား တစ်ဦးတည်းကိုသာ စာချုပ်သစ် အတွက် ကမ်းလှမ်းထားခဲ့ပါတယ်။

ZG

လီဗာပူး အသင္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ြ႕က ကိုလံဘီယာ ေတာင္ပံ ကစားသမား လူးဝစ္ဒီယက္ကို ဘာေၾကာင့္ ေခၚယူ ခဲ့သလဲ ဆိုတာကို ေဘာလုံး အစီအစဥ္ တင္ဆက္သူ တစ္ဦး ျဖစ္တဲ့ ကယ္ဗင္ကမ္းဘဲလ္က သူ႔အျမင္ ေျပာျပ သြားခဲ့ပါတယ္။

ဒီယက္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီက လီဗာပူးကို ယူ႐ို ၄၅ သန္း နဲ႕ ေဘာနပ္စ္ ယူ႐ို ၁၅ သန္း အပါအဝင္ျဖင့္ ေပၚတိုကေန ေျပာင္းလာခဲ့သူ ျဖစ္ၿပီး ငါးႏွစ္ စာခ်ဳပ္ခ်ဳပ္ဆို ခဲ့ပါတယ္။

လာမယ့္ ေႏြရာသီမွာ လီဗာပူး တိုက္စစ္ပိုင္းက ကစားသမား တစ္ဦးဦး ထြက္ခြာ သြားဖို႔ ရွိေနတာေၾကာင့္ အန္ဖီးကလပ္ဟာ ဇန္နဝါရီမွာ လူးဝစ္ဒီယက္ကို ေခၚယူခဲ့တာ ျဖစ္မယ္လို႔ ကမ္းဘဲလ္က သုံးသပ္သြားပါတယ္။ လီဗာပူးဟာ ဒီယက္ ေရာက္လာခဲ့ၿပီးေနာက္ တိုက္စစ္ ကစားသမားေတြ ျဖစ္ၾကတဲ့ မိမီနာမီႏို နဲ႔ အိုရီဂီ တို႔ကို ေရာင္းထုတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါဘူး။

အာဆင္နယ္ နဲ႔ အဲဗာတန္ တိုက္စစ္မႈးေဟာင္းက လီဗာပူးဟာ ေႏြရာသီမွာ မီနာမီႏို နဲ႔ အိုရီဂီ တို႔အျပင္ အသင္းရဲ႕ အဓိက တိုက္စစ္ ကစားသမား တစ္ဦးဦးကို ေရာင္းခ်သြားဖို႔ ရွိေနတယ္လို႔ ေျပာသြားပါတယ္။

ကမ္းဘဲလ္က “ၾကည့္ရတာေတာ့ လီဗာပူး အသင္းဟာ သူတို႔ရဲ႕ အဓိက တိုက္စစ္ ကစားသမား တစ္ေယာက္ေယာက္ ကို ေႏြရာသီမွာ ေရာင္းထုတ္ သြားဖို႔ အတြက္ ျပင္ဆင္ေနတဲ့ ပုံပါပဲ။ သူတို႔ဟာ ဒီႏွစ္မွာ တကယ့္ကို အေရးတႀကီး ေျဖရွင္းသြားရမယ့္ စာခ်ဳပ္ကိစၥေတြ ရွိေနပါတယ္။ လီဗာပူးဟာ ရာသီကုန္ခ်ိန္မွာ ဒီစာခ်ဳပ္ကိစၥေတြကို တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ေျဖရွင္းသြားရမွာ ျဖစ္တယ္။

အခုခ်ိန္မွာ ဒီယက္ ေရာက္လာခဲ့ျခင္းေၾကာင့္ ကလပ္ အေနနဲ႔ အဓိက တိုက္စစ္ ကစားသမား တစ္ဦးဦးကို အသင္းကေန ထြက္ခြာခြင့္ ျပဳသြားႏိုင္ပါတယ္။ ဂ်ိဳဟာ ကမာၻ႔အဆင့္ တိုက္စစ္မႈး တစ္ဦး ဆိုတာကို လီဗာပူးမွာ သက္ေသ ျပခဲ့ပါတယ္။ သူဟာ လီဗာပူးရဲ႕ ကနဦး front three ျဖစ္တဲ့ မာေနး ဆာလား ဖာမီႏို တို႔ရဲ႕ ေနရာကို ေကာင္းေကာင္း အစားထိုး ႏိုင္တဲ့သူ ဆိုတာကို ျပသခဲ့ပါတယ္။

ဒီယက္ပါ ေရာက္လာျပီးတဲ့ေနာက္ ဒီလို အစုအဖြဲ႕မွာ ေနရာတစ္ေနရာ အတြက္ ၿပိဳင္ဆိုင္မႈက တကယ့္ကို ျပင္းထန္ သြားမွာပါ။ ကေလာ့ အေနနဲ႔ လက္ရွိ သူပိုင္ဆိုင္ထားတဲ့ တိုက္စစ္ ကစားသမား အစုအဖြဲ႕ကို ေက်နပ္ အားရေနမွာပါ။ သူတို႔ဟာ လက္ရွိအခ်ိန္မွာ အရန္အင္းအားလည္း ေတာင့္တင္းေနၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေႏြရာသီမွာ ဆာဒီယိုမာေနး ဒါမွမဟုတ္ ေရာ္ဘတ္တို ဖာမီႏို တစ္ဦးဦးကို ကမ္းလွမ္းတဲ့ အသင္း တစ္သင္း ရွိလာခဲ့မယ္ ဆိုရင္ေတာ့ လီဗာပူးဟာ ဒီအခြင့္အေရးကို ဆုပ္ကိုင္ သြားမွာ ျဖစ္ပါတယ္။” လို႔ ဆိုလိုက္ပါတယ္။

လီဗာပူးရဲ႕ တိုက္စစ္ ၃ေယာက္အတြဲ ျဖစ္တဲ့ ဆာလား မာေနး နဲ႔ ဖာမီႏို တို႔ဟာ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္သက္တမ္း ရွိေနၾကသူေတြ ျဖစ္ၿပီး အန္ဖီးကလပ္ဟာ ဒီထဲကမွ ဆာလား တစ္ဦးတည္းကိုသာ စာခ်ဳပ္သစ္ အတြက္ ကမ္းလွမ္းထားခဲ့ပါတယ္။