ဒီညပွဲမှာ မန်ယူ ကစားသမားတွေနဲ့ အကျီၤချင်း မလဲဖို့ ကြိုပိတ်ပင်လိုက်တဲ့ မစ်ဒယ်ဘရော့နည်းပြ ဝိုက်ဒါ
မန်ယူအသင်းနဲ့ မစ်ဒယ်ဘရော့အသင်းတို့ဟာ ဒီနေ့ည အိုးထရက်ဖို့ဒ်မှာ အက်ဖ်အေဖလားပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ပွဲအပြီးမှာ ရော်နယ်ဒို အပါအဝင် မန်ယူကစားသမားတွေနဲ့ အင်္ကျီချင်း မလဲကြဖို့ မစ်ဒယ်ဘရော့ ကစားသမားတွေအား နည်းပြ ခရစ်ဝိုက်ဒါက ပိတ်ပင်ထားပါတယ်။
ဝိုက်ဒါက မစ်ဒယ်ဘရော့ အနိုင်ရရှိတာက အကြီးမားဆုံး အံ့ဖွယ်ကြီး မဟုတ်ပေမဲ့ မန်ယူအသင်းလူစာရင်းကို မြင်လိုက်ရင် ကြောက်မသွားဖို့ လိုတယ်လို့ ဝန်ခံခဲ့ပါတယ်။ အလားတူ ဝိုက်ဒါက မစ်ဒယ်ဘရော့ဟာ အိုးထရက်ဖို့ဒ်ကို အလှကြည့်ဖို့ လာမှာမဟုတ်ဘူးလို့ ယူနိုက်တက်ကို သတိပေးခဲ့ပါတယ်။
“အဝတ်လဲခန်းထဲ ရောက်ရင် လူစာရင်းထွက်လာမှာ ဖြစ်ပြီး အဲ့ဒီမှာ ဒီဂီယာ၊ ဗာရာနီ၊ မက်ဂွဲရားတို့ ပါလာမှာပါ။ အဲ့ဒီအခါကျ ကြောက်မသွားဖို့ လိုပါတယ်။ သူတို့မှာ အသင်းတွေကို ဒုက္ခပေးနိုင်တဲ့ တစ်ကိုယ်တော် စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ တကယ့်ကို အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာပါ”
“ဒါပေမဲ့ ကျွန်တော်တို့ ကစားသမားတွေကတော့ အလှကြည့်ဖို့ သွားတာ မဟုတ်ပဲ ဘာမှ အင်္ကျီချင်းလဲစရာ မလိုပါဘူး။ အိုးထရက်ဖို့ဒ်ကို အပျော်သွားတာမျိုး ကျွန်တော် မမြင်ချင်ပါဘူး”
“သူတို့ လဲချင်ရင် ပွဲအပြီး အဝတ်လဲခန်းထဲ လဲနိုင်ပါတယ်။ သူတို့ကို ဆယ်လီလိုမျိုး ကြည့်တာ မမြင်ချင်ပါဘူး။ သူတို့က ပြိုင်ဘက်အနေနဲ့ လာတာပါ”
“သူတို့ ကောင်းကောင်း ကစားနိုင်တာ လိုချင်ပါတယ်။ အကောင်းဆုံး ကစားပြီး ယူနိုက်တက်အတွက် အန္တရာယ်များတဲ့ ပွဲ ၁ပွဲ ဖန်တီးပေးချင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ယူနိုက်တက်အတွက် သက်သောင့်သက်သာ ရှိမယ့် ညတစ်ည မဖြစ်နိုင်တော့ပါဘူး”လို့ နည်းပြ ဝိုက်ဒါက ဆိုခဲ့ပါတယ်။

Zawgyi
မန္ယူအသင္းနဲ႕ မစ္ဒယ္ဘေရာ့အသင္းတို႔ဟာ ဒီေန႔ည အိုးထရက္ဖို႔ဒ္မွာ အက္ဖ္ေအဖလားပြဲ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ျပီး ပြဲအၿပီးမွာ ေရာ္နယ္ဒို အပါအဝင္ မန္ယူကစားသမားေတြနဲ႔ အက်ႌခ်င္း မလဲၾကဖို႔ မစ္ဒယ္ဘေရာ့ ကစားသမားေတြအား နည္းျပ ခရစ္ဝိုက္ဒါက ပိတ္ပင္ထားပါတယ္။
ဝိုက္ဒါက မစ္ဒယ္ဘေရာ့ အႏိုင္ရရွိတာက အႀကီးမားဆုံး အံ့ဖြယ္ၾကီး မဟုတ္ေပမဲ့ မန္ယူအသင္းလူစာရင္းကို ျမင္လိုက္ရင္ ေၾကာက္မသြားဖို႔ လိုတယ္လို႔ ဝန္ခံခဲ့ပါတယ္။ အလားတူ ဝိုက္ဒါက မစ္ဒယ္ဘေရာ့ဟာ အိုးထရက္ဖို႔ဒ္ကို အလွၾကည့္ဖို႔ လာမွာမဟုတ္ဘူးလို႔ ယူႏိုက္တက္ကို သတိေပးခဲ့ပါတယ္။
“အဝတ္လဲခန္းထဲ ေရာက္ရင္ လူစာရင္းထြက္လာမွာ ျဖစ္ၿပီး အဲ့ဒီမွာ ဒီဂီယာ၊ ဗာရာနီ၊ မက္ဂြဲရားတို႔ ပါလာမွာပါ။ အဲ့ဒီအခါက် ေၾကာက္မသြားဖို႔ လိုပါတယ္။ သူတို႔မွာ အသင္းေတြကို ဒုကၡေပးႏိုင္တဲ့ တစ္ကိုယ္ေတာ္ စြမ္းေဆာင္ရည္ ေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ တကယ့္ကို အရည္အခ်င္းေကာင္းေတြ ပိုင္ဆိုင္ထားခဲ့တာပါ”
“ဒါေပမဲ့ ကြၽန္ေတာ္တို႔ ကစားသမားေတြကေတာ့ အလွၾကည့္ဖို႔ သြားတာ မဟုတ္ပဲ ဘာမွ အက်ႌခ်င္းလဲစရာ မလိုပါဘူး။ အိုးထရက္ဖို႔ဒ္ကို အေပ်ာ္သြားတာမ်ိဳး ကြၽန္ေတာ္ မျမင္ခ်င္ပါဘူး”
“သူတို႔ လဲခ်င္ရင္ ပြဲအၿပီး အဝတ္လဲခန္းထဲ လဲႏိုင္ပါတယ္။ သူတို႔ကို ဆယ္လီလိုမ်ိဳး ၾကည့္တာ မျမင္ခ်င္ပါဘူး။ သူတို႔က ၿပိဳင္ဘက္အေနနဲ႔ လာတာပါ”
“သူတို႔ ေကာင္းေကာင္း ကစားႏိုင္တာ လိုခ်င္ပါတယ္။ အေကာင္းဆုံး ကစားၿပီး ယူႏိုက္တက္အတြက္ အႏၲရာယ္မ်ားတဲ့ ပြဲ ၁ပြဲ ဖန္တီးေပးခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့ရင္ ယူႏိုက္တက္အတြက္ သက္ေသာင့္သက္သာ ရွိမယ့္ ညတစ္ည မျဖစ္ႏိုင္ေတာ့ပါဘူး”လို႔ နည္းျပ ဝိုက္ဒါက ဆိုခဲ့ပါတယ္။