ဘာစီလိုနာ တိုက်စစ်ကြယ်ပွင့်ကို ရာသီကုန်မှာ ခေါ်ဖို့ စတင် ဆွေးနွေးနေတဲ့ နယူးကာဆယ်

ပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ်အသင်း ကတော့ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ် လက်ရွေးစင် တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

နယူးကာဆယ်အသင်းဟာ တန်ကြေးမြင့် ကစားသမားတွေထက် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ စတင် ချိတ်ဆက်နေပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးတဲ့ ပြင်သစ် လက်ရွေးစင် တောင်ပံ ကစားသမား ဒမ်ဘီလီကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ ရောက်ရှိချိန်မှာ ဒဏ်ရာပြဿနာ များစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိပေမယ့် သူ့ရဲ့ ပင်ကိုယ်ခြေစွမ်း ကတော့ အတော်လေးကို ကောင်းမွန်နေပါသေးတယ်။

Goal သတင်းဌာနအဆိုအရ နယူးကာဆယ်အသင်းဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒမ်ဘီလီရဲ့ နံပါတ်တစ် ဦးတည်ချက်ဟာ ဘာစီလိုနာအသင်းမှာ ဆက်လက် ရှိနေဖို့ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက လုပ်ခလစာ များစွာ လျှော့ယူရဖို့ ရှိနေတာကြောင့် လုပ်ခလစာ များများစားစား ရမယ့် နယူးကာဆယ် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ZG

ပိုင္ရွင္သစ္ အေျပာင္းအလဲ ျဖစ္ထားတဲ့ နယူးကာဆယ္အသင္း ကေတာ့ လက္ရွိ ေဘာလုံးရာသီ အကုန္မွာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ျပင္သစ္ လက္ေ႐ြးစင္ ေတာင္ပံကစားသမား ဒမ္ဘီလီကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

နယူးကာဆယ္အသင္းဟာ တန္ေၾကးျမင့္ ကစားသမားေတြထက္ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ ကစားသမားေတြကို ေခၚယူႏိုင္ဖို႔ စတင္ ခ်ိတ္ဆက္ေနၿပီး ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရေသးတဲ့ ျပင္သစ္ လက္ေ႐ြးစင္ ေတာင္ပံ ကစားသမား ဒမ္ဘီလီကို သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ အျဖစ္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

အသက္ ၂၄ႏွစ္ အ႐ြယ္ ျပင္သစ္ ေတာင္ပံ ကစားသမား ဒမ္ဘီလီဟာ တခ်ိန္က ကမာၻ႔အေကာင္းဆုံး လူငယ္ ကစားသမား အျဖစ္ သတ္မွတ္ခံခဲ့ရသူ ျဖစ္ၿပီး ေဒါ့မြန္အသင္း ကေန ဘာစီလိုနာအသင္းထံ ေရာက္ရွိခ်ိန္မွာ ဒဏ္ရာျပႆနာ မ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ပုံမွန္ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ျခင္း မရွိေပမယ့္ သူ႔ရဲ႕ ပင္ကိုယ္ေျခစြမ္း ကေတာ့ အေတာ္ေလးကို ေကာင္းမြန္ေနပါေသးတယ္။

Goal သတင္းဌာနအဆိုအရ နယူးကာဆယ္အသင္းဟာ ဒမ္ဘီလီကို ေခၚယူဖို႔ အတြက္ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ တရားဝင္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ဒမ္ဘီလီရဲ႕ နံပါတ္တစ္ ဦးတည္ခ်က္ဟာ ဘာစီလိုနာအသင္းမွာ ဆက္လက္ ရွိေနဖို႔ ျဖစ္ေပမယ့္ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျဖစ္ပါက လုပ္ခလစာ မ်ားစြာ ေလွ်ာ့ယူရဖို႔ ရွိေနတာေၾကာင့္ လုပ္ခလစာ မ်ားမ်ားစားစား ရမယ့္ နယူးကာဆယ္ အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။