ဒီည ချယ်ဆီး၊ မန်စီးတီး၊ လီဗာပူးတို့ရဲ့ FA ဖလား ပွဲစဉ်တွေအတွက် ဘီဘီစီ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်
မန်ယူအသင်းကတော့ မနေ့ညက အက်ဖ်အေပွဲစဉ်မှာ မစ်ဒယ်ဘရော့ ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဒီစနေနေ့ညမှာ ချယ်ဆီး – ပလိုင်းမောက်နဲ့ မန်စီးတီး – ဖူလ်ဟမ် တို့ ပွဲစဉ်တွေ ရှိနေပြီး မနက်ဖြစန် တနင်္ဂနွေညမှာတော့ လီဗာပူးက ကာဒစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီပွဲတွေ အတွက် ဘီဘီစီမှ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ချယ်ဆီး – ပလိုင်းမောက်
ပလိုင်းမောက်ဟာ နိုဝင်ဘာလတုန်းကတော့ လိဂ်ဝမ်းရဲ့ ဇယားထိပ်မှာ ဆိုပေမယ့်လို့ မန်နေဂျာ လိုဝီကို ဆုံးရှုံးပြီးကတည်းက ဇယားအလယ်ကို ကျဆင်းနေပါတယ်။ ဒီပွဲကလည်း ယူနိုက်တက်ကို ယှဉ်ပြိုင်ကစားမယ့် ဘိုရိုပွဲလိုပါပဲ။ စိတ်လှုပ်ရှားစရာဖြစ်နိုင်ပေမယ့်လို့ တန်းတက်ရေးကပဲ ဦးစားပေး ဖြစ်ပါလိမ့်မယ်။
ချယ်ဆီးက အလှည့်ကျစနစ်ကို သုံးမှာဖြစ်ပေမယ့် သောမက်စ် တူချယ်ရဲ့ လက်ထက်မှာ ချယ်ဆီးက ဖလားပွဲတွေအတွက် ရလဒ်တွေ သိပ်ကောင်းထားပါတယ်။ ဒီပွဲကို သက်သောင့်သက်သာနဲ့ကို အနိုင်ရသင့်ပါတယ်။
လော်ရိုး ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၃-၀ ပလိုင်းမောက်
မန်စီးတီး – ဖူလ်ဟမ်

ပရီးမီးယားလိဂ် ထိပ်ဆုံးအသင်းနဲ့ ချန်ပီယံရှစ်က ထိပ်ဆုံးအသင်းတို့ ပြိုင်ဆိုင်မှုပါ။ ဖူလ်ဟမ်ရဲ့ တိုက်စစ်ကစားပုံက အီးသီဟဒ်မှာ သူတို့ကို အကူအညီဖြစ်စေမယ် မထင်ပါဘူး။
ဖူလ်ဟမ်က ဒီရာသီမှာ တိုက်စစ်သွင်းဂိုး အတော်လေး ရထားပေမယ့်လို့ အဲ့တာက ချန်ပီယံရှစ်ဖြစ်ပါတယ်။ အဆင့်မြင့်တန်းက ခံစစ်အကောင်းဆုံး အသင်းကို ရင်ဆိုင်ရာမှာ သူတို့ ဘာလုပ်ပြနိုင်မလဲက စိတ်ဝင်စားစရာပါ။ ဒါက သူတို့အတွက် ကြီးမားတဲ့ ခြေလှမ်း ဖြစ်လာစေပါမယ်။
ဖူလ်ဟမ်က ချန်ပီယံရှစ်ကနေ တန်းတက်နိုင်ဖို့ အခွင့်အရေးကောင်း ရှိထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီတော့ ဒီပွဲကို အင်ပြည့်အားပြည့်ဖြင့် ထုတ်ကစားလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာ ကြည့်ကြတာပေါ့။
ဖူလ်ဟမ်က မန်စီးတီးကို ဒုက္ခကြီးတွေ ပေးနိုင်မယ် မထင်ပါဘူး။ ဒါကပဲ သူတို့ကို လွတ်လပ်စွာ ကစားခွင့် ဖြစ်သွားနိုင်မလားဆိုတာကတော့။
လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၂-၀ ဖူလ်ဟမ်
လီဗာပူး – ကာဒစ်

ပြီးခဲ့တဲ့ အပတ်တုန်းက ကာဒစ်ဟာ ပရီစတန်ကို အချိန်ပိုမှာ ဂိုးသွင်းပြီး ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကာဒစ်က ချန်ပီယံရှစ်မှာ ကောင်းမွန်တဲ့ အခြေအနေမျိုး မရှိဘူးဆိုပေမယ့် သူတို့က နောက်ဆုံး ၂ ပွဲကို အနိုင်ရမှုကြောင့် တန်းဆင်းဇုန် ၃ သင်းနေရာကနေ နည်းနည်းတော့ အသက်ရှုချောင်ခွင့် ရသွားပါတယ်။
ဒီပွဲမှာ ကာဒစ်က ကောင်းမွန်တဲ့ လူစာရင်းဖြင့် ယှဉ်ပြိုင်လာမှာ သေချာပေမယ့်လို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီပွဲမှာ သူ့ရဲ့ အဓိက ကစားသမားတွေကို သုံးပမလားဆိုတာ မသေချာပါဘူး။ လိုအပ်လာရင် ထုတ်သုံးဖို့ အရန်စာရင်းမှာတော့ လုံလုံလောက်လောက် ထည့်သွားမှာပါ။
လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၀ ကာဒစ်