နာမည်ကြီးနေတဲ့ မက်ဆီ အသေးစားလေးကို ခေါ်ထားလိုက်ပြီ ဖြစ်တဲ့ အာဆင်နယ်
အာဆင်နယ် အသင်းဟာ မက်ဆီ အသေးစားလေးလို့ နာမည်ကြီးနေတဲ့ ၅ နှစ်အရွယ် ကလေးလေး အလီဆယ်လ်မန် ကို စာချုပ်နဲ့ ခေါ်ယူထားလိုက်ပြီ ဖြစ်ပါတယ်။
အလီဆယ်လ်မန် လေးဟာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီအကြိုသင်တန်းကို ရောက်ရှိစဉ်က ၄ နှစ် သာ ရှိသေးလို့ အာဆင်နယ် အသင်းသမိုင်းမှာ အငယ်ဆုံးခေါ်ယူခဲ့သူလည်း ဖြစ်လာခဲ့ပါတယ်။
ဆယ်လ်မန်ရဲ့ဗီဒီယိုတွေဟာ အင်စတာဂရမ်မှာ ကြည်ရှုသူအရေအတွက် ထောင်နဲ့ချီရှိပြီး အဲဒီကလေးရဲ့ ဘောလုံးစကေးလ်တွေကို လီယွန်နယ်မက်ဆီနဲ့ ခိုင်းနှိုင်းနေကြပါတယ်။ ဆယ်လ်မန်ကလည်း ကြိုက်နှစ်သက်တဲ့အသင်းကလည်း အာဆင်နယ်လို့ ပြောထားပါတယ်။

ဆယ်လ်မန်ရဲ့ နည်းပြဟောင်းဖြစ်တဲ့ အော်စတင်စကိုးဖီးလ်က ”သူ့အရွယ် ကလေးတွေနဲ့ ကျွန်တော်တို့ ထားကြည့်ပါတယ်။ ဒါပေမဲ့ သူက အားလုံးထက် ပိုကောင်းနေတယ်။ သူက ပိုလျှင်မြန်ပြီးတော့ တခြားသူတွေထက် အများကြီး ကျော်ဖြတ်ဂိုးသွင်းနိုင်ပါတယ်။ အဲဒါကြောင့်လည်း ကလေးကို နေရာကောင်း တစ်ခုမှာထားဖို့ သူ့အဖေနဲ့ စကားပြောခဲ့တာပါ”လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
ဆယ်လ်မန်ဟာ သူ့ထက်အရွယ်ကြီးသူတွေနဲ့ကစားရလည်း ပြသနာမရှိသူဖြစ်ပြီး တခြား ကလေးတွေနဲ့ မတူတာကြောင့် သူ့သားဟာ ပရီးမီးယားလိဂ် ကလပ်တစ်ခုကို ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ ဖခင်ဖြစ်သူက ယုံကြည်ထားပါတယ်။
အာဆင်နယ် အသင်း ကင်းထောက်ဖြစ်တဲ့စတီဖင်ဒင်းကလည်း”ကျွန်တော် သူ့ကို စမြင်တော့ ၄ နှစ်လို့ တောင် မယုံခဲ့ဘူး။ အဲဒီနောက် သူ့မိဘတွေနဲ့စကားပြောပြီး လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်တဲ့နေရာကို ခေါ်လာတော့ သူ လုံးဝ အမှားမရှိခဲ့ပါဘူး”လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာ ဆယ်လ်မန်ဟာ အာဆင်နယ်အသင်းနဲ့ လေ့ကျင့်နေပေမယ့် အရမ်း ငယ်သေးတာကြောင့် ကလပ်က သူ့ကို တရားဝင်ကြီး စာချုပ် ချုပ်ထားတာတော့ မဟုတ်ဘူး လို့ သိရပါတယ်။

ZG
အာဆင္နယ္ အသင္းဟာ မက္ဆီ အေသးစားေလးလို႔ နာမည္ႀကီးေနတဲ့ ၅ ႏွစ္အ႐ြယ္ ကေလးေလး အလီဆယ္လ္မန္ ကို စာခ်ဳပ္နဲ႕ ေခၚယူထားလိုက္ျပီ ျဖစ္ပါတယ္။
အလီဆယ္လ္မန္ ေလးဟာ အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီအႀကိဳသင္တန္းကို ေရာက္ရွိစဥ္က ၄ ႏွစ္ သာ ရွိေသးလို႔ အာဆင္နယ္ အသင္းသမိုင္းမွာ အငယ္ဆုံးေခၚယူခဲ့သူလည္း ျဖစ္လာခဲ့ပါတယ္။
ဆယ္လ္မန္ရဲ႕ဗီဒီယိုေတြဟာ အင္စတာဂရမ္မွာ ၾကည္ရႈသူအေရအတြက္ ေထာင္နဲ႔ခ်ီရွိၿပီး အဲဒီကေလးရဲ႕ ေဘာလုံးစေကးလ္ေတြကို လီယြန္နယ္မက္ဆီနဲ႔ ခိုင္းႏႈိင္းေနၾကပါတယ္။ ဆယ္လ္မန္ကလည္း ၾကိဳက္နွစ္သက္တဲ့အသင္းကလည္း အာဆင္နယ္လို႔ ေျပာထားပါတယ္။
ဆယ္လ္မန္ရဲ႕ နည္းျပေဟာင္းျဖစ္တဲ့ ေအာ္စတင္စကိုးဖီးလ္က ”သူ႔အ႐ြယ္ ကေလးေတြနဲ႔ ကြၽန္ေတာ္တို႔ ထားၾကည့္ပါတယ္။ ဒါေပမဲ့ သူက အားလုံးထက္ ပိုေကာင္းေနတယ္။ သူက ပိုလွ်င္ျမန္ၿပီးေတာ့ တျခားသူေတြထက္ အမ်ားႀကီး ေက်ာ္ျဖတ္ဂိုးသြင္းႏိုင္ပါတယ္။ အဲဒါေၾကာင့္လည္း ကေလးကို ေနရာေကာင္း တစ္ခုမွာထားဖို႔ သူ႔အေဖနဲ႔ စကားေျပာခဲ့တာပါ”လို႔ ဘီဘီစီသတင္းဌာနကို ေျပာပါတယ္။
ဆယ္လ္မန္ဟာ သူ႔ထက္အ႐ြယ္ႀကီးသူေတြနဲ႔ကစားရလည္း ျပသနာမရွိသူျဖစ္ၿပီး တျခား ကေလးေတြနဲ႔ မတူတာေၾကာင့္ သူ႔သားဟာ ပရီးမီးယားလိဂ္ ကလပ္တစ္ခုကို ေျပာင္းေ႐ႊ႕ႏိုင္လိမ့္မယ္လို႔ ဖခင္ျဖစ္သူက ယုံၾကည္ထားပါတယ္။
အာဆင္နယ္ အသင္း ကင္းေထာက္ျဖစ္တဲ့စတီဖင္ဒင္းကလည္း”ကြၽန္ေတာ္ သူ႔ကို စျမင္ေတာ့ ၄ ႏွစ္လို႔ ေတာင္ မယုံခဲ့ဘူး။ အဲဒီေနာက္ သူ႔မိဘေတြနဲ႔စကားေျပာၿပီး ေလ့က်င့္ခန္း အစီအစဥ္ေတြ လုပ္တဲ့ေနရာကို ေခၚလာေတာ့ သူ လုံးဝ အမွားမရွိခဲ့ပါဘူး”လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။
ေလာေလာဆယ္မွာ ဆယ္လ္မန္ဟာ အာဆင္နယ္အသင္းနဲ႔ ေလ့က်င့္ေနေပမယ့္ အရမ္းငယ္ေသးတာေၾကာင့္ ကလပ္က သူ႔ကို တရားဝင္ၾကီး စာခ်ဳပ္ ခ်ဳပ္ထားတာေတာ့ မဟုတ္ဘူးလို႔ သိရပါတယ္။