သူတို့ ခေတ်တုန်းကလို ဒီရာသီ လီဗာပူး ဖလား ၃ လုံးထိ ယူပြနိုင်ဖို့ မျှော်လင့်နေတဲ့ ကာရေဂါ

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးက လူးဝစ် ဒီယက်ဇ် ကို ခေါ်ယူနိုင်ခဲ့တာကြောင့် လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါ ကျေနပ်အားရနေပြီး ဒီရာသီဟာ ၂၀၀၁ တုန်းကလို လီဗာပူး ဖလား ၃ လုံး ယူနိုင်မလား လို့လည်း ၎င်းက မျှော်လင့်လာပါတယ်။

လီဗာပူး ဟာ လက်ရှိမှာ ကာရာဘောင် ဖလား ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလဲ 100% နိုင်ပွဲ ရယူထားပါတယ်။ ပရီးမီးယားလိဂ် မှာတော့ မန်စီးတီး ရဲ့ နောက် ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။

“ အရင်တုန်း က မန်စီးတီး ကို လိုက်မမှီနိုင်တော့ဘူးလို့ ပြောခဲ့တာပါ၊ အခုထိလဲ မန်စီးတီး ကပဲ ပရီးမီးယားလိဂ် ဗိုလ်စွဲမယ် ထင်ပါတယ် ။ ဒါပေမယ့် လီဗာပူး ကလဲ နိုင်ပွဲတွေ ဆက်လာမယ်၊ မန်စီးတီး က ရမှတ်တွေ လျော့ဦးမယ် ဆိုရင်တော့ နီးစပ်မှု ရှိပါတယ်။

ကျနော် ကတော့ လီဗာပူး အနေနဲ့ အီတီဟတ်မှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုမယ်လို့ မြင်ပါတယ်။ ယခင်ကလဲ အဲဒီလိုမျိုး လုပ်ပြခဲ့ဖူးသလို ၊ အခုလဲ လုပ်ပြနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားဆဲပါ။

ပက်ဂွာဒီယိုလာ ရဲ့ အသင်းက ထိပ်တန်း အသင်းတစ်သင်းပါ ၊ ဒါပေမယ့် ကလော့ပ် ရဲ့ အသင်းကလဲ ထိုနည်းတူ စွာပါပဲ။ နောက်ထပ်ပွဲတွေ အများကြီး ဆက်ကစားဖို့လဲ ကျန်နေသေးတယ်လေ။ ဘာပဲ ဖြစ်ဖြစ် လီဗာပူး ဟာ ပရီးမီးယားလိဂ်မှာ မျှော်လင့်ချက် နည်းနေသေးရင်တောင် အခြား ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ဆက်ပြီး ရှိနေဆဲပါ။

2001 ခုနှစ် က ကျနော်တို့ ဖလား 3 လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီဟာ ဘယ်လောက်အထိ ခမ်းနား ခဲ့လဲ ဆိုတာ ကိုယ်တိုင်ခံစားဖူးလို့ သိပါတယ်။ ဒီနှစ်မှာ အလားတူ ပုံစံမျိုး လုပ်ပြနိုင်မယ် ဆိုရင် လုံးဝကို မယုံကြည်နိုင်စရာ ကောင်းတဲ့ ဘောလုံးရာသီ တစ်ခု ဖြစ်လာမှာပါ။

အနေအထားတွေက ခက်ခဲတယ် ဆိုပေမယ့် ၊ လောလောဆယ် ကာရောင်ဘောင် ဖလား ဗိုလ်လုပွဲ ရောက်နေပြီ ဖြစ်လို့ ၊ ကျနော် ကတော့ ဖြစ်နိုင်ချေတွေ အများကြီး ရှိနေတယ်လို့ ဆိုချင်တယ်ဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

Zg

ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ လီဗာပူးက လူးဝစ္ ဒီယက္ဇ္ ကို ေခၚယူႏိုင္ခဲ့တာေၾကာင့္ လီဗာပူး ကစားသမားေဟာင္းႀကီး ကာေရဂါ ေက်နပ္အားရေနျပီး ဒီရာသီဟာ ၂၀၀၁ တုန္းကလို လီဗာပူး ဖလား ၃ လံုး ယူနုိင္မလား လို႔လည္း ၄င္းက ေမွ်ာ္လင့္လာပါတယ္။

လီဗာပူး ဟာ လက္ရွိမွာ ကာရာေဘာင္ ဖလား ဗိုလ္လုပြဲကို တက္ေရာက္ ႏိုင္ခဲ့ၿပီ ျဖစ္သလို ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာလဲ 100% ႏိုင္ပြဲ ရယူထားပါတယ္။ ပရီးမီးယားလိဂ္ မွာေတာ့ မန္စီးတီး ရဲ႕ ေနာက္ ဒုတိယ ေနရာမွာ ရပ္တည္ေနပါတယ္။

“ အရင္တုန္း က မန္စီးတီး ကို လိုက္မမွီႏိုင္ေတာ့ဘူးလို႔ ေျပာခဲ့တာပါ၊ အခုထိလဲ မန္စီးတီး ကပဲ ပရီးမီးယားလိဂ္ ဗိုလ္စြဲမယ္ ထင္ပါတယ္ ။ ဒါေပမယ့္ လီဗာပူး ကလဲ ႏိုင္ပြဲေတြ ဆက္လာမယ္၊ မန္စီးတီး က ရမွတ္ေတြ ေလ်ာ့ဦးမယ္ ဆိုရင္ေတာ့ နီးစပ္မႈ ရွိပါတယ္။

က်ေနာ္ ကေတာ့ လီဗာပူး အေနနဲ႔ အီတီဟတ္မွာ မျဖစ္မေန အႏိုင္ကစားဖို႔ လိုမယ္လို႔ ျမင္ပါတယ္။ ယခင္ကလဲ အဲဒီလိုမ်ိဳး လုပ္ျပခဲ့ဖူးသလို ၊ အခုလဲ လုပ္ျပႏိုင္တဲ့ စြမ္းေဆာင္ရည္ေတြ ပိုင္ဆိုင္ထားဆဲပါ။

ပက္ဂြာဒီယိုလာ ရဲ႕ အသင္းက ထိပ္တန္း အသင္းတစ္သင္းပါ ၊ ဒါေပမယ့္ ကေလာ့ပ္ ရဲ႕ အသင္းကလဲ ထိုနည္းတူ စြာပါပဲ။ ေနာက္ထပ္ပြဲေတြ အမ်ားႀကီး ဆက္ကစားဖို႔လဲ က်န္ေနေသးတယ္ေလ။ ဘာပဲ ျဖစ္ျဖစ္ လီဗာပူး ဟာ ပရီးမီးယားလိဂ္မွာ ေမွ်ာ္လင့္ခ်က္ နည္းေနေသးရင္ေတာင္ အျခား ဖလား ၃ လုံး လမ္းေၾကာင္းေပၚမွာ ဆက္ၿပီး ရွိေနဆဲပါ။

2001 ခုႏွစ္ က က်ေနာ္တို႔ ဖလား 3 လုံး ဆြတ္ခူးႏိုင္ခဲ့တဲ့ ရာသီဟာ ဘယ္ေလာက္အထိ ခမ္းနား ခဲ့လဲ ဆိုတာ ကိုယ္တိုင္ခံစားဖူးလို႔ သိပါတယ္။ ဒီႏွစ္မွာ အလားတူ ပုံစံမ်ိဳး လုပ္ျပႏိုင္မယ္ ဆိုရင္ လုံးဝကို မယုံၾကည္ႏိုင္စရာ ေကာင္းတဲ့ ေဘာလုံးရာသီ တစ္ခု ျဖစ္လာမွာပါ။

အေနအထားေတြက ခက္ခဲတယ္ ဆိုေပမယ့္ ၊ ေလာေလာဆယ္ ကာေရာင္ေဘာင္ ဖလား ဗိုလ္လုပြဲ ေရာက္ေနၿပီ ျဖစ္လို႔ ၊ က်ေနာ္ ကေတာ့ ျဖစ္ႏိုင္ေခ်ေတြ အမ်ားႀကီး ရွိေနတယ္လို႔ ဆိုခ်င္တယ္ဗ်ာ” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။