လူကာကူ ဘက်က ကာကွယ်သူ၊ ကိန်း အကြိုက် ၂ဦး၊ မှေးမှိန်ခဲ့တဲ့ ကျူတာနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ပလိုင်းမောက်နဲ့ပွဲမှာ လူးစာလဲခံခဲ့ရတဲ့ ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ဟာ ကန်ချက်ပြုလုပ်ရာမှာ ဒဏ်ရာပြဿနာ ရရှိခဲ့ကြောင်း သိရပါတယ်။ မစ်ဆန်မောင့်ဟာ သူ့ရဲ့နာကျင်မှုကို လျင်လျင်မြန်မြန် သိခဲ့ပြီးနောက် လူစားလဲခဲ့တာဖြစ်ပြီး အလွန်မဆိုးရွားဖို့ ချဲလ်ဆီးဘက်က မျှော်လင့်နေပါတယ်။

ချဲလ်ဆီးလက်ထောက်နည်းပြ မီချယ်က ပလိုင်းမောက်နဲ့ပွဲစဉ်မှာ ဝေဖန်ခံခဲ့ရတဲ့ တိုက်စစ်မှုး လူကာကူ ဘက်ကနေ ကာကွယ်ခဲ့ပြီး လူကာကူဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း၊ သူဟာ အသင်းအတွက် အလုပ်များစွာလုပ်ပြီး နေရာလွတ် ရှာဖွေပေးသူဖြစ်ကြောင်း၊ ဒါပေမဲ့ လူကာကူဟာ အနည်းငယ် ကံမကောင်းခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ဘလက်ဘန်းကြယ်ပွင့် အက်ရှ်လေဖီးလစ်ကို အပြိုင် စောင့်ကြည့်လျက်ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ ၁၆ နှစ် အရွယ် နောက်ခံလူကို ကင်းထောက်တွေ စေလွှတ်ကာ စောင့်ကြည့်နေတာပါ။

ချဲလ်ဆီးနည်းပြတူချယ် ကတော့ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကင်နေဒီနဲ့ အလိုက်ဖက်ဆုံး နေရာက အစွန် ခံစစ် နေရာ ဖြစ်ကြောင်း၊ ကင်နေဒီဟာ ဘယ်သန်ဖြစ်ပြီး ဖြတ်တင်ဘောတွေလည်း ကောင်းမွန်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

စပါးတိုက်စစ်မူှးဟယ်ရီကိန်းကတော့ သူအကြိုက်ဆုံး ၅ ယောက် အသင်းမှာ ချဲလ်ဆီး ကစားသမား နှစ်ဦးကို ထည့်သွင်း ရွေးချယ်ခဲ့ပါတယ်။ ” ကျွန်တော်သာ နည်းပြဆိုရင် ဂိုးသမားအဖြစ် လိုရစ်ကို ရွေးမယ်။ တိုက်စစ်မှာ ဆာလတ်နဲ့ ဆွန်ဟောင်ပေါ့။ ကွင်းလယ်မှာ ကန်တီနဲ့ နောက်တန်းမှာ ရီစီဂျိမ်းစ်တို့ကို ထားမယ်” လို့ ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။

Sporkskeeda က ၂၁ ရာစုအတွင်း ပရီးမီးယားလိဂ်ရဲ့ အရည်အချင်းရှိသလောက် အသိအမှတ် ပြုမခံရတဲ့ ကစားသမားတွေ ၅ ဦးစာရင်းထဲမှာ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာ ပါဝင်နေပါတယ်။

အက်ပီကျူတာဟာ ချဲလ်ဆီး အတွက် ၄၅၆ ပွဲကစားခဲ့ပြီး ပီတာချက်ပြီးရင် အသင်းအတွက် ပွဲအများဆုံး ကစားထားတဲ့ ဒုတိယမြောက် နိုင်ငံခြားသား ကစားသမားအဖြစ ်ရပ်တည်နေပါတယ်။ အက်ပီ ကျူတာဟာ ချဲလ်ဆီးမှာ ဆယ်စုနှစ် တစ်ခုအကြာ ကျင်လည်ပြီး အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့ပေမဲ့ သူ့ရဲ့ အမည်နာမဟာ အရည်အချင်းရှိသလောက် တောက်ပခဲ့ခြင်း မရှိတာပါ။

ချဲလ်ဆီးအနေနဲ့ တိုရီနီုတိုက်စစ်မူှး ဘီလော့တီကို အေစီမီလန်နဲ့အပြိုင် ကြိုးပမ်းလျနေပါတယ်။ ဘီလော့တီ ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရှိမှာဖြစ်ပြီး ဥရောပဝင်ခွင့်ကစားလိုနေတာပါ။ ဘီလော့တီဟာ တိုရီနိုမှာ ၂၀၁၅ ခုနှစ်ကတည်းက စတင် ကစားနေပြီး အသင်းအတွက် ၁၀၇ ဂိုးသွင်းယူထားပါတယ်။

ချဲလ်ဆီးနည်းပြတူချုယ်အနေနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရလို့ ပလိုင်းမောက်နဲ့ပွဲစဉ်ကို ကိုင်တွယ်ခွင့်မရခဲ့ဘဲ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ တူချယ်အနေနဲ့ လာမဲ့အပတ်မှာ ယှဉ်ပြိုင်ကစားမဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒူဘိုင်းကို လိုက်ပါနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။