အာဖရိကဖလား ဗိုလ်စွဲတဲ့ ဆီနီဂေါ၊ မန်ယူ ချဲလ်ဆီးတို့ စောင့်ကြည့်နေတဲ့ ဖိလစ်နဲ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့တဲ့ အာဖရိကဖလားဖိုင်နယ်မှာတော့ ဆီနီဂေါနဲ့ အီဂျစ်တို့ ဝ-၀ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး မာနေးရဲ့ နောက်ဆုံးပိတ် ပင်နယ်တီ သွင်းဂိုးနဲ့အတူ ဆီနီဂေါတို့ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဆာဒီယိုမာနေးဟာ ဆီနီဂေါအသင်းကို အာဖရိက နေးရှင်းဖလားရအောင် ဦးဆောင်ခဲ့ပြီးနောက် ဒီပြိုင်ပွဲရဲ့ အထူးချွန်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဘလက်ဘန်း ဆယ်ကျော်သက် ကစားသမား အက်ရှ်လေ ဖီးလစ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ စောင့်ကြည့်ခြင်း ခံနေရပြီး အဲဗာတန်၊ စပါးတို့လို အသင်းတွေအပါအဝင် ပရီးမီးယားလိဂ် ကလပ်များစွာက သူ့ကို ကင်းထောက် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ ၎င်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီကို လှောင်ပြောင်နေကြတဲ့ ပရိသတ်တွေကို ရပ်တန့်ပေးကြဖို့ တောင်းဆိုသွားခဲ့ပါတယ်။

ဘရာဇီးလ်ကလပ် ဖလင်မင်ဂိုအသင်းဟာ လက်ရှိ အငှားခေါ်ယူထားတဲ့ မန်ယူအသင်း ကွင်းလယ်တိုက်စစ် ကစားသမား ပါရဲရားကို အပြီးသတ် ခေါ်ယူနိုင်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

လီဗာပူး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ခဲ့တဲ့ ကစားသမားသစ် လူးဝစ် ဒီယက်စ်က ညက ကာဒစ်ဖ်နဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေဖလား ပွဲမှာ ပွဲဦးထွက် ပါဝင်ခဲ့ပြီး ဂိုးထောက်ပံ့မှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ယူနဲ့ ချယ်ဆီးတို့ဟာ ရီးရဲဆိုစီဒက် တိုက်စစ်မှူး အလက်ဇန္ဒါး အိုင်ဆက်ကို စိတ်ဝင်စားနေကြပြီး သရဲနီတွေဟာ ၎င်းကို ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ သတ်မှတ်ထားပြီး နွေရာသီမှာ အပြောင်းအရွှေ့ လုပ်ဆောင်နိုင်ဖွယ် ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီရဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အကြို သဘောတူညီမှု ရခဲ့တဲ့နောက် ငွေအင်အား မလုံလောက်တော့တာကြောင့် ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းမှာ ဆက်နေသင့်ပြီး ကလပ်မှာဆိုရင် ချန်ပီယံလိဂ်ကစားနိုင်သလို ဂိုးတွေလဲ သွင်းနိုင်ပြီး အဖိုးတန်ဆုံး ကစားသမားအဖြစ် ခံစားရနိုင်တယ်လို့ ဒေါ့မွန်အသင်းဖော် မာကိုရူးစ်က တိုက်တွန်းခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ လီဗာပူးက စိတ်ဝင်စားနေတဲ့ ဘယ်လင်ဟမ်ကို ဆုံးရှုံးရမှာစိုးရိမ်တာကြောင့် ၂၀၂၅ အထိ သက်တမ်း ရှိနေပြီးသားဖြစ်တဲ့ စာချုပ်ကို သက်တမ်း ထပ်တိုးဖို့ ဆွေးနွေးမှုတွေ လုပ်ချင်နေပါတယ်။

ပက်ဂွာဒီယိုလာရဲ့ လက်ရှိစာချုပ်က ၂၀၂၂-၂၃ ရာသီမှာ သက်တမ်းကုန်မှာဖြစ်ပေမယ့် မန်စီးတီးမှာ ပျော်နေပြီး နောက်ရာသီ အကုန် နောက်ပိုင်းအထိ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ စီးတီးကစားသမားတွေက ယုံကြည်နေကြ ပါတယ်။

ဘာစီလိုနာဟာ သူတို့ရဲ့ နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ်အများစုကို ဗဟိုတိုက်စစ်မှူး တစ်ယောာက်အတွက် အသုံးချသွားမှာဖြစ်ပြီး ချယ်ဆီးမှ အက်ဇ်ပီလီကွီတာနဲ့ ခရစ္စတန်ဆန်တို့လို တခြားသော ပစ်မှတ်တွေကိုလဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ဘိုင်ယန်အသင်းနောက်ခံလူ ဆူလီရဲ့ အေးဂျင့်ကတော့ ၎င်းရဲ့ ကစားသမားဟာ လာမယ့်နွေ အသင်းပြောင်းရွှေ့ဖို့ အတွက် ယခုကတည်းက အသင်းသစ် တစ်သင်း ရွေးချယ်ထားပြီး ဖြစ်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန် အသင်းဂိုးသမား နူအာလည်း ဒူးဒဏ်ရာခွဲစိတ်မှု ပြုလုပ်ခဲ့တာကြောင့် ရှေ့လာမယ့် ပွဲစဉ် အတော်များများမှာ ပါဝင်လာနိုင်ဦးမှာ မဟုတ်ကြောင်း အသင်းက အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။