အသင်း ရှုံးလို့ ပြိုင်ဘက်ကစားသမားကို ကွင်းထဲ ဝင် လက်သီးကျွေးခဲ့တဲ့ လက်စတာ ပရိသတ်
မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ လက်စတာတို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ အိမ်ရှင် နော်တင်ဟမ်ဖောရက်စ်က လက်စတာကို ၄-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်ဟာ တတိယအဆင့်မှာ အာဆင်နယ်ကို ဖြုတ်ချခဲ့ပြီး အခုတခါမှာလည်း လက်စတာကို အနိုင်ယူပြီး ပဉ္စမအဆင့်ကို တက်ရောက်ခဲ့တာပါ။
ဒီပွဲရဲ့ ပထမပိုင်းမှာတင် နော်တင်ဟမ်ဖောရက်စ်က သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ နော်တင်ဟမ်ဖောရက်စ် အတွက် တတိယဂိုးကို ဂျိုးဝေါ်ရယ်လ်က သွင်းယူပြီးနောက် အတူတကွ အောင်ပွဲခံနေတဲ့ နော်တင်ဟမ်ဖောရက်စ် ကစားသမား ကီနန်ဒေးဗီးစ်ကို လက်စတာပရိသတ်က ဝင်ရောက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဒီလက်စတာပရိသတ်ကို ကွင်းလုံခြုံရေးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ကွင်းထဲက ဆွဲထုတ်သွားခဲ့ပြီး လက်စတာကလည်း ဒီပရိသတ်ကို အိမ်ကွင်း၊ အဝေးကွင်း တသက်တာ ပွဲကြည့်ရှုခွင့် ပိတ်ပင်လိုက်တယ်လို့ တရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အထိုးခံလိုက်ရတဲ့ ဒေးဗီးစ်ဟာ အက်စတွန်ဗီလာကနေ အငှားနဲ့ လာကစားနေတာဖြစ်ပြီး ပွဲအပြီး သူ့ရဲ့တွစ်တာမှာ “ဘယ်လောက်တောင် ကောင်းမွန်တဲ့နိုင်ပွဲလဲ။ ဒါပေမယ့် ကျနော် ခေါင်းကိုက်နေပါတယ်” လို့ ရေးသားခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာတော့ ချန်ပီယံရှစ် အသင်းတသင်းပဲဖြစ်တဲ့ ဟက်ဒါဖီးလ်ကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာရော ခြေစွမ်းပြ အနိုင်ယူနိုင်ဦးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZG
မေန႔ညက ကစားခဲ့တဲ့ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ လက္စတာတို႔ရဲ႕ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာ အိမ္ရွင္ ေနာ္တင္ဟမ္ေဖာရက္စ္က လက္စတာကို ၄-၁ ဂိုးနဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။
ခ်န္ပီယံရွစ္ကလပ္ ေနာ္တင္ဟမ္ေဖာရက္စ္ဟာ တတိယအဆင့္မွာ အာဆင္နယ္ကို ျဖဳတ္ခ်ခဲ့ၿပီး အခုတခါမွာလည္း လက္စတာကို အႏိုင္ယူၿပီး ပၪၥမအဆင့္ကို တက္ေရာက္ခဲ့တာပါ။
ဒီပြဲရဲ႕ ပထမပိုင္းမွာတင္ ေနာ္တင္ဟမ္ေဖာရက္စ္က သုံးဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။ ေနာ္တင္ဟမ္ေဖာရက္စ္ အတြက္ တတိယဂိုးကို ဂ်ိဳးေဝၚရယ္လ္က သြင္းယူၿပီးေနာက္ အတူတကြ ေအာင္ပြဲခံေနတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္ ကစားသမား ကီနန္ေဒးဗီးစ္ကို လက္စတာပရိသတ္က ဝင္ေရာက္ထိုးႀကိတ္ခဲ့တာျဖစ္ပါတယ္။
ခ်က္ခ်င္းဆိုသလိုပဲ ဒီလက္စတာပရိသတ္ကို ကြင္းလုံၿခဳံေရးေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြက ကြင္းထဲက ဆြဲထုတ္သြားခဲ့ၿပီး လက္စတာကလည္း ဒီပရိသတ္ကို အိမ္ကြင္း၊ အေဝးကြင္း တသက္တာ ပြဲၾကည့္ရႈခြင့္ ပိတ္ပင္လိုက္တယ္လို႔ တရားဝင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
အထိုးခံလိုက္ရတဲ့ ေဒးဗီးစ္ဟာ အက္စတြန္ဗီလာကေန အငွားနဲ႔ လာကစားေနတာျဖစ္ၿပီး ပြဲအၿပီး သူ႔ရဲ႕တြစ္တာမွာ “ဘယ္ေလာက္ေတာင္ ေကာင္းမြန္တဲ့ႏိုင္ပြဲလဲ။ ဒါေပမယ့္ က်ေနာ္ ေခါင္းကိုက္ေနပါတယ္” လို႔ ေရးသားခဲ့ပါတယ္။
ေနာ္တင္ဟမ္ေဖာရက္စ္ဟာ အက္ဖ္ေအဖလား ပၪၥမအဆင့္မွာေတာ့ ခ်န္ပီယံရွစ္ အသင္းတသင္းပဲျဖစ္တဲ့ ဟက္ဒါဖီးလ္ကို အိမ္ကြင္းမွာ ဧည့္ခံရင္ဆိုင္ရမွာျဖစ္ၿပီး အဲ့ဒီပြဲမွာေရာ ေျခစြမ္းျပ အႏိုင္ယူႏိုင္ဦးမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။