ဆယ်နှစ်အတွင်း ဥရောပမှာ ငွေ အဖြုန်းတီးဆုံး ကလပ်အသင်းအဖြစ် မန်ယူအသင်း ဗိုလ်စွဲ
သုတေသနလေ့လာရေးအဖွဲ့ CIES Football Observatory ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆယ်နှစ် အတွင်း အပြောင်းအရွှေ့မှာ အသားတင် သုံးစွဲမှု ပေါင် ၉၀၉ သန်းအထိ ဆုံးရှုံးမှု ရှိခဲ့ပါတယ်။
မန်ယူအင်းဟာ ၂၀၁၂ နွေရာသီကာလနောက်ပိုင်း ပေါင်၁.၃သန်းကျော် အပြောင်းအရွှေ့စရိတ် သုံးစွဲခဲ့ရာ ပြန်လည် ရောင်းချမှုမှာ ပေါင်၃၉၇သန်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၀နှစ်အတွင်း အဓိကဆုဖလား ၄လုံးသာ ရရှိခဲ့ပြီး ၂၀၁၇နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်နေပါတယ်။

ဥရောပတွင် ငွေသုံးအကြမ်းဆုံးကလည်း ပရီးမီးယားလိဂ်ဖြစ်နေပြီး ထိပ်ဆုံး၁၀သင်းမှာ ၆သင်းက အင်္ဂလန်ကလပ်တွေ ဖြစ်နေပါတယ်။ အံ့သြစရာသင့်စရာမှာ အဲဗာတန်၊ အက်စတွန်ဗီလာတို့ဟာ ချဲလ်ဆီး၊လီဗာပူးတို့ထက် ငွေဖြုန်းတီးမှု ပိုများနေလျက် ရှိပါတယ်။
မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးမှာ ရှိနေသလို ဒုတိယနေရာတွင် မြိုခံပြိုင်ဘက် မန်စီးတီးကလည်း ကပ်လိုက် နေပါတယ်။ အသတင် အပြောင်းအရွှေ့ကနေ ဆုံးရှုံးမှုက ပေါင် ၈၃၂သန်းအထိ ရှိပါတယ်။ ဒါပေမဲ့ ၁၀နှစ်အတွင်း မန်စီးတီးအသင်းဟာ ဆုဖလားပေါင်း ၁၁လုံးအထိ ဆွတ်ခူးခဲ့ပြီး ယူနိုက်တက်ထက် ၃ဆနီးပါး အောင်မြင်မှု ရထားပါတယ်။ ပဉ္စမ နေရာမှာတော့ အာဆင်နယ်အသင်း ရှိနေပြီး ဂန်းနားတွေဟာလည်း ၁၀နှစ်အတွင်း ဆုဖလား ၄ကြိမ်သာ ရထားပါတယ်။
အဲဒီနောက် အဲဗာတန်၊ အက်စတွန်ဗီလာ အသင်းတွေကလည်း ဆုံးရှုံးမှု ပေါင်၃၆၂သန်းနှင့် ပေါင်၃၅၈သန်းစီ ရှိနေကာ ချဲလ်ဆီးကတော့ ပေါင်၃၄၉သန်း ရှိပါတယ်။ ဥရောပရှိ ငွေဖြုန်းတီးမှု အဖြစ်ဆုံး ထိပ်ဆုံး၁၀သင်းထဲတွင် အင်္ဂလန်ထိပ်သီးကလပ်တွေဖြစ်တဲ့ လီဗာပူး၊ တော့တင်ဟမ်အသင်းတို့မပါဝင်ခဲ့ပါဘူး။
ဥရောပတွင် ပီအက်စ်ဂျီဟာ မန်ချက်စတာ၂သင်းရဲ့နောက်မှာ ရှိနေပြီး အသားတင်ဆုံးရှုံးမှု ပေါင်၇၉၆သန်း ရှိပါတယ်။ အဆိုပါငွေထဲတွင် ၂၀၁၇ခုနှစ်က ဘာစီလိုနာကနေ နေမာကို ခေါ်ယူမှု ပေါင်၁၉၈သန်းလည်း အပါအဝင် ဖြစ်ပါတယ်။ CIES က ငွေဆုံးရှုံးမှု အများဆုံးအသင်းတွေကို တွက်ချက်ခဲ့သလို ဝင်ငွေမှု အများဆုံးအသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

၁၀နှစ်အတွင်း ဥရောပမှာ အပြောင်းအရွှေ့တွင် အမြတ်အများဆုံးရရှိထားတဲ့ အသင်းက လိုင်လီ ဖြစ်ပြီး ပေါင်၂၉၅သန်း ရှိပါတယ်။ ထိပ်ဆုံး၁၀သင်းထဲတွင် လိုင်ယွန်၊ ဂျီနိုအာ၊ ဘီလ်ဘာအို၊ ဟော့ဖန်ဟိမ်းတို့လို အလယ်အလတ် အသင်းတွေ ပါဝင်နေပါတယ်။
ဥရောပအတွင်း အပြောင်းအရွှေ့ငွေဖြုန်းတီးမှု အဖြစ်ဆုံး ၁၀သင်း (၁၀နှစ်အတွင်း)
၁။ မန်ချက်စတာယူနိုက်တက် – ပေါင်၉၀၉သန်း
၂။ မန်စီးတီး – ပေါင်၈၃၂သန်း
၃။ ပီအက်စ်ဂျီ – ပေါင်၇၉၆သန်း
၄။ ဘာစီလိုနာ – ပေါင် ၅၄၉သန်း
၅။ အာဆင်နယ် – ပေါင် ၄၉၃သန်း
၆။ ဂျူဗင်တပ်စ် – ပေါင်၄၇၄သန်း
၇။ အေစီမီလန် – ပေါင်၃၆၅သန်း
၈။ အဲဗာတန် – ပေါင် ၃၆၂သန်း
၉။ အက်စတွန်ဗီလာ – ပေါင် ၃၅၈သန်း
၁၀။ ချဲလ်ဆီး – ပေါင် ၃၄၉သန်း

ဥရောပအတွင်း အပြောင်းအရွှေ့ဝင်ငွေ အကောင်းဆုံး ၁၀သင်း (၁၀နှစ်အတွင်း)
၁။ လိုင်လီ – ပေါင် ၂၉၅သန်း
၂။ လိုင်ယွန် – ပေါင် ၂၀၈သန်း
၃။ ဂျီနိုအာ – ပေါင် ၁၆၉သန်း
၄။ အူဒီနီးစ် – ပေါင် ၁၄၅သန်း
၅။ အတ္တလန္တာ – ပေါင် ၁၃၇သန်း
၆။ မောင့်ပယ်လီယာ – ပေါင် ၉၈သန်း
၇။ ဘီလ်ဘာအို – ပေါင် ၉၇သန်း
၈။ စိန့်အက်တီယန် – ပေါင် ၉၃သန်း
၉။ ဟော့ဖန်ဟိမ်း – ပေါင် ၉၁သန်း
၁၀။ အမ်ပိုလီ – ပေါင် ၈၄သန်း