အာဆင်နယ်တော့ ဒီည ဘဲဥတောင် မကွဲဘဲ ဝုဗ်ကို ရှုံးဦးမယ် ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်
အာဆင်နယ်အသင်းဟာ ဒီတပတ် ကြားရက် ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဖေဖော်ဝါရီ ၁၁ ရက်၊ သောကြာနေ့၊ နံနက် ၂း၁၅ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ ဝုဗ်နဲ့ အာဆင်နယ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဝုဗ်ကတော့ ဘရူနို လာ့ချ်ရဲ့ လက်အောက်မှာ တစတစ အင်အားကောင်းလာပြီး ဒီတပတ် ပွဲမှာသာ နိုင်လိုက်ရင် သူတို့ အဆင့် ၄ အတွင်း ဝင်အောင် လုပ်ဖို့ထိပါ မျှေ်ာလင့်လာနိုင်မှာပါ။ သူတို့က ခံစစ်ပိုင်း သိပ်တောင့်တင်းပြီး ဒီအတွက်လည်း နိုင်ပွဲယူဖို့ အခွင့်ကောင်း ရှိနေပါတယ်။
အာဆင်နယ် အတွက်တော့ ထူးခြားတဲ့ သီတင်းပတ် တချို့ပါပဲ။ အသင်းကနေ ထွက်ခွာသူတွေ များခဲ့ပေမယ့် ပြန်ဝင်လာသူတော့ မရှိဘူး။ ဒီတော့ ဂိုးတွေ ဘယ်ကလာနိုင်မလဲ စိတ်ပူမိတယ်။
အူဘာမီးယန်း ဒီရာသီ သိပ်မဟုတ်လှဘူး ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် သူကပဲ အာဆင်နယ်မှာ အကောင်းဆုံး ဂိုးသွင်းသူ မဟုတ်ဘူးလား။ ခုတော့ လာကာဇက်နဲ့ မာတင်နယ်လီ အပေါ် ဖိအားတွေ အများကြီး တိုးလာပါမယ်။
ဒီပွဲမှာ ဝုဗ်က အနိုင်လို့ ကျနော် ထင်ပါတယ်၊ clean sheet လည်း ထပ်ရလိမ့်မယ်။ ဒီပွဲက သွင်းဂိုးတွေ အများကြီး မြင်ရမယ်တော့ မထင်ဘူး။ ၁-၀ လောက်နဲ့ပဲ ဝုဗ် နိုင်မှာပါ။ ” လို့ အိုဝင်က သုံးသပ် ခန့်မှန်းထားပါတယ်။

ZG
အာဆင္နယ္အသင္းဟာ ဒီတပတ္ ၾကားရက္ ပရီးမီးယားလိဂ္မွာ ဝုဗ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ေဖေဖာ္ဝါရီ ၁၁ ရက္၊ ေသာၾကာေန႔၊ နံနက္ ၂း၁၅ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။
နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္ကေတာ့ ဝုဗ္နဲ႕ အာဆင္နယ္တို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” ဝုဗ္ကေတာ့ ဘရူနို လာ့ခ်္ရဲ႕ လက္ေအာက္မွာ တစတစ အင္အားေကာင္းလာျပီး ဒီတပတ္ ပြဲမွာသာ နုိင္လိုက္ရင္ သူတို႔ အဆင့္ ၄ အတြင္း ဝင္ေအာင္ လုပ္ဖို႔ထိပါ ေမွ်္ာလင့္လာနိုင္မွာပါ။ သူတို႔က ခံစစ္ပိုင္း သိပ္ေတာင့္တင္းျပီး ဒီအတြက္လည္း နုိင္ပြဲယူဖို႔ အခြင့္ေကာင္း ရွိေနပါတယ္။
အာဆင္နယ္ အတြက္ေတာ့ ထူးျခားတဲ့ သီတင္းပတ္ တခ်ိဳ႕ပါပဲ။ အသင္းကေန ထြက္ခြာသူေတြ မ်ားခဲ့ေပမယ့္ ျပန္ဝင္လာသူေတာ့ မရွိဘူး။ ဒီေတာ့ ဂိုးေတြ ဘယ္ကလာနုိင္မလဲ စိတ္ပူမိတယ္။
အူဘာမီးယန္း ဒီရာသီ သိပ္မဟုတ္လွဘူး ဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ သူကပဲ အာဆင္နယ္မွာ အေကာင္းဆံုး ဂိုးသြင္းသူ မဟုတ္ဘူးလား။ ခုေတာ့ လာကာဇက္နဲ႕ မာတင္နယ္လီ အေပၚ ဖိအားေတြ အမ်ားၾကီး တိုးလာပါမယ္။
ဒီပြဲမွာ ဝုဗ္က အနိုင္လို႔ က်ေနာ္ ထင္ပါတယ္၊ clean sheet လည္း ထပ္ရလိမ့္မယ္။ ဒီပြဲက သြင္းဂိုးေတြ အမ်ားၾကီး ျမင္ရမယ္ေတာ့ မထင္ဘူး။ ၁-၀ ေလာက္နဲ႕ပဲ ဝုဗ္ နုိင္မွာပါ။ ” လို႔ အိုဝင္က သံုးသပ္ ခန္႔မွန္းထားပါတယ္။