လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း က မန်စီးတီး မဟုတ်ဘူး၊ ချဲလ်ဆီး ပါ ဆိုတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ ဒီအပတ် အိမ်ကွင်းအယ်တီဟတ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဘရန့်ဖိုဒ့် အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ဘရန့်ဖိုဒ့်အသင်းနည်းပြ သောမတ်စ်ဖရန့်က မန်စီးတီးအသင်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့တဲ့အပေါ် ဂွာဒီယိုလာက ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နည်းပြ ဖရန့်က သူရင်ဆိုင်ခဲ့ရတဲ့ အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးအသင်းဖြစ်တယ်လို့ ပြောဆိုလာခဲ့ခြင်းအပေါ် မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ ထင်မြင်ချက်ကို မေးမြန်းလာခဲ့ရာ ဂွာဒီယိုလာက အခုလို ငြင်းဆန်ခဲ့တာပါ။

“မဟုတ်ပါဘူး။ ငါတို့အသင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း မဟုတ်ပါဘူး။ အကောင်းဆုံး အသင်းက ချဲလ်ဆီးပါ။ သူတို့က ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားခဲ့ပါတယ်။ အကောင်းဆုံးအသင်းက ရေးဗားပလိတ်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ တောင်အမေရိကမှာ ဗိုလ်စွဲထားပါတယ်။

ဘယ်သူက အကောင်းဆုံးလဲဆိုတာတွေက ထင်မြင်ချက်တွေပါ။ အရေးကြီးတာကတော့ ငါတို့ အခုပွဲကို အနိုင် ရထားတယ်။ နောက်ပြီး လာမယ့် (၃)ရက်အတွင်းမှာ ကစားရမယ့် နောဝစ်ချ်နဲ့ပွဲကိုပါ ထပ်မံအနိုင်ရယူဖို့ပါပဲ။ ဒါကြောင့် ဒီလိုမျိုး မင်းက အကောင်းဆုံးပါပဲ ဆိုတာတွေကို ငါဂရုမစိုက်ဘူး။

ငါက ငါတို့တွေ ပျော်ရွှင်နေတာ နေ့တိုင်း ပိုကောင်းသထက် ကောင်းလာအောင် ကြိုးစားနေတာကိုပဲ ဖြစ်စေချင်တယ်။ ရာသီအကုန်မှာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ လီဗာပူးလ်က ကြားမှာ (၂)ပွဲကစားဖို့ ကျန်နေသေးတယ်။ အဲ့ဒါပြီးသွားရင် ငါတို့နှစ်သင်းကြား ဘယ်လောက်ကွာဟနေဦးမလဲဆိုတာ ကြည့်ရပါမယ်။

ရာသီပြီးဖို့ (၁၄)ပွဲအထိ ကစားဖို့ ရှိပါသေးတယ်။ ဒီနေ့လို ခက်ခဲတဲ့ ပွဲစဉ်တွေနဲ့လည်း ရင်ဆိုင်ရဦးမှာပါ။ အသင်းတိုင်း က ပြိုင်ဆိုင်မှု ပြင်းထန်နေကြတယ်။ ဒါပေမယ့် ဒီလိုနေရာမှာ ရမှတ်(၆၀)ထိ ရယူ ထားနိုင်ခဲ့တာကတော့ အထင်ကြီး စရာပါပဲ။ ငါတို့တွေ မယုံကြည်နိုင်လောက်အောင် အကောင်းဆုံး လုပ်ဆောင် နိုင်ခဲ့တယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

ZG

မန္စီးတီးအသင္းဟာ ဒီအပတ္ အိမ္ကြင္းအယ္တီဟတ္မွာ ယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္း ဘရန႔္ဖိုဒ့္အသင္းကို (၂)ဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့ၿပီးေနာက္ ဘရန႔္ဖိုဒ့္အသင္းနည္းျပ ေသာမတ္စ္ဖရန႔္က မန္စီးတီးအသင္းက လက္ရွိ ကမာၻ႔အေကာင္းဆုံးအသင္းလို႔ မွတ္ခ်က္ျပဳ ေျပာဆိုသြားခဲ့တဲ့အေပၚ ဂြာဒီယိုလာက ျပန္လည္တုံ႔ျပန္သြားခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္နည္းျပ ဖရန႔္က သူရင္ဆိုင္ခဲ့ရတဲ့ အသင္းဟာ ကမာၻေပၚမွာ အေကာင္းဆုံး ေဘာလုံးအသင္းျဖစ္တယ္လို႔ ေျပာဆိုလာခဲ့ျခင္းအေပၚ မန္စီးတီးနည္းျပ ဂြာဒီယိုလာရဲ႕ ထင္ျမင္ခ်က္ကို ေမးျမန္းလာခဲ့ရာ ဂြာဒီယိုလာက အခုလို ျငင္းဆန္ခဲ့တာပါ။

“မဟုတ္ပါဘူး။ ငါတို႔အသင္းက ကမာၻေပၚမွာ အေကာင္းဆုံးအသင္း မဟုတ္ပါဘူး။ အေကာင္းဆုံး အသင္းက ခ်ဲလ္ဆီးပါ။ သူတို႔က ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးထားခဲ့ပါတယ္။ အေကာင္းဆုံးအသင္းက ေရးဗားပလိတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ ေတာင္အေမရိကမွာ ဗိုလ္စြဲထားပါတယ္။

ဘယ္သူက အေကာင္းဆုံးလဲဆိုတာေတြက ထင္ျမင္ခ်က္ေတြပါ။ အေရးႀကီးတာကေတာ့ ငါတို႔ အခုပြဲကို အႏိုင္ ရထားတယ္။ ေနာက္ၿပီး လာမယ့္ (၃)ရက္အတြင္းမွာ ကစားရမယ့္ ေနာဝစ္ခ်္နဲ႔ပြဲကိုပါ ထပ္မံအႏိုင္ရယူဖို႔ပါပဲ။ ဒါေၾကာင့္ ဒီလိုမ်ိဳး မင္းက အေကာင္းဆုံးပါပဲ ဆိုတာေတြကို ငါဂ႐ုမစိုက္ဘူး။

ငါက ငါတို႔ေတြ ေပ်ာ္႐ႊင္ေနတာ ေန႔တိုင္း ပိုေကာင္းသထက္ ေကာင္းလာေအာင္ ႀကိဳးစားေနတာကိုပဲ ျဖစ္ေစခ်င္တယ္။ ရာသီအကုန္မွာ ခင္ဗ်ားတို႔ ျမင္ေတြ႕ရမွာပါ။ လီဗာပူးလ္က ၾကားမွာ (၂)ပြဲကစားဖို႔ က်န္ေနေသးတယ္။ အဲ့ဒါၿပီးသြားရင္ ငါတို႔ႏွစ္သင္းၾကား ဘယ္ေလာက္ကြာဟေနဦးမလဲဆိုတာ ၾကည့္ရပါမယ္။

ရာသီၿပီးဖို႔ (၁၄)ပြဲအထိ ကစားဖို႔ ရွိပါေသးတယ္။ ဒီေန႔လို ခက္ခဲတဲ့ ပြဲစဥ္ေတြနဲ႔လည္း ရင္ဆိုင္ရဦးမွာပါ။ အသင္းတိုင္း က ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနၾကတယ္။ ဒါေပမယ့္ ဒီလိုေနရာမွာ ရမွတ္(၆၀)ထိ ရယူထားႏိုင္ခဲ့တာကေတာ့ အထင္ႀကီး စရာပါပဲ။ ငါတို႔ေတြ မယုံၾကည္ႏိုင္ေလာက္ေအာင္ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ခဲ့တယ္။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။