မက်ဆီ နားရင် နေမာ ဘလွန်းဒီအော ယူမယ်၊ ကမ္ဘာ့ဖလား အောင်ပွဲခံလို့ ဝေဖန်ခံရတဲ့ ချဲလ်ဆီးနဲ့ နံနက်ခင်း သတင်းများ

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ရာမီရက်ဇ်က မက်ဆီ အနားယူသွားတဲ့အခါ ပီအက်စ်ဂျီ တိုက်စစ်မူှး နေမာအနေနဲ့ ဘလွန်းဒီအော ဆုကို ရယူနိုင်မှာဖြစ်ကြောင်း၊ နေမာ က ထိုဆုနဲ့ ထိုက်တန်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနောက်ခံလူ ဗာရာနီက သူတို့အနေနဲ့ လက်ရှိမှာ ရလဒ်ပိုင်းဆိုးရွားနေပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်လျှော့ သွားမှာ မဟုတ်ကြောင်း၊ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကောင်း ပြသခဲ့ပေမဲ့ လိုချင်တဲ့ရလဒ် မရခဲ့ကြောင်း၊ ဆောက်သမ်တန် နဲ့ ပွဲမှာ သရေကျခဲ့တဲ့အပေါ်စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ခရစ်ဘာလေ ကတော့ ကလပ်ကမ္ဘာ့ဖလားမှာဗိုလ်စွဲခဲ့လို့ အကြီးအကျယ် အောင်ပွဲခံနေတဲ့ ချဲလ်ဆီးရဲ့လုပ်ရပ်ကို ဝေဖန်သွားခဲ့ပါတယ်။

မန်စီးတီးက သူတို့ကို ၁၆ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဦးဆောင်နေချိန်မှာ ချဲလ်ဆီးအနေနဲ့ ကလပ်ကမ္ဘာ့ဖလားရလို့ အောင်ပွဲခံနေတာ အဓိပ္ပာယ်မရှိကြောင်း၊ လူကာကူ တို့လို တိုက်စစ်မှုးတွေကို ဝယ်ဖို့ ပေါင် သန်း ၁၀၀ သုံးတာ ဒီဖလားတွေ ယူဖို့ မဟုတ်ကြောင်း ခရစ်ဘာလေ က ဆိုခဲ့တာပါ။

နာပိုလီ အသင်းဟာ နွေရာသီမှာ မေဂျာလိဂ် ကို သွားရောက် ကစားတော့မယ့် တိုက်စစ်မှူး အင်ဆစ်ညာ ရဲ့ နေရာ အတွက် အစားထိုးဖို့ ရှာဖွေ နေပြီး ဘာစီလိုနာ က ပြန်ရောင်းထုတ်လိုတဲ့ မမ်းဖစ် ဒီပိုင်း ကို စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ်။

လိဒ်စ်ကစားသမားဟောင်း ဝီလန်က အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် အဓိက လူငယ်ကြယ်ပွင့် ဆာကာ ကို လက်လွှတ်ရနိုင်ကြောင်း ဆာကာ အနေနဲ့ အာဆင်နယ်နဲ့ အတူ ချန်ပီယံလိဂ် ကစားချင် နေမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အေးဂျင့်ဆီက ဖိအားတွေတော့ ရှိနေမှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ဆီဗီးလား နောက်ခံလူ ဂျူးလ် ကွန်ဒဲလ် ကို နွေရာသီ ဈေးကွက် ရဲ့ ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ် ထားတယ်လို့ သိရ ပါတယ်။ ချဲလ်ဆီး ရဲ့ ဝါရင့် နောက်ခံလူ အက်ဇ်ပီလီကွီတာ နဲ့ ခရစ်တန်ဆန် တို့ ကတော့ နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ အလားအလာ များနေပါတယ်။

ဝက်စ်ဟမ်း ဟာ မနေ့ညက ပွဲမကစားမီ မိနစ် အနည်းငယ် အလိုမှာ နောက်ခံလူ ဇူးမား ကို ချန်လှပ် ထားဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ် ကတော့ ဇူးမား အပေါ် ခွင့်လွတ်ပေး ကြဖို့ တောင်းဆို သွားခဲ့တယ်လို့ သိရ ပါတယ်။