ပလပ်စတစ် ဖလားရတာလောက်နဲ့ ပောျ်နေလိုက်ကြလို့ ချဲလ်ဆီး ကို ခရိတ်ဘာလေ ခပ်ပြင်းပြင်း ဝေဖန်
ချဲလ်ဆီးနဲ့ စကော့တလန်ကစားသမားဟောင်းဖြစ်သူ ခရိတ်ဘာလေက သူ့ အသင်းဟောင်း ချဲလ်ဆီးဟာ ကလပ် ကမ္ဘာ့ဖလား ရတာကို အဓိပ္ပာယ်မရှိ အောင်ပွဲခံနေတယ်လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးဟာ ပါးမီးရပ်စ်ကို အနိုင်ယူပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ထို ပြိုင်ပွဲအတွက် ချယ်လ်ဆီးဟာ သူတို့ရဲ့ အမှတ်ပေးပွဲတွေကို ရွှေ့ဆိုင်းထားခဲ့ရပြီး လက်ရှိမှာတော့ မန်စီးတီးနဲ့ ၁၆ မှတ် ကွာတဲ့ အနေအထားဖြစ်သွားခဲ့ပါတယ်။
ဒါကြောင့် ခရိတ် ဘာလေက အမှတ်ပေးပြိုင်ပွဲမှာ အမှတ်ကွာဟချက် ကြီးမားနေတာကို မစဉ်းစားဘဲ ပလတ်စတစ် ဖလား သာသာလောက်ရှိတဲ့ ကလပ်ကမ္ဘာ့ဖလားရရှိတာကို အောင်ပွဲခံ နေတဲ့အပေါ် အပြစ်တင် ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူတို့ ဒီပြိုင်ပွဲကို မကြည့်ဖူးဘူး ထင်တယ်၊ ကျနော့်အတွက်တော့ ဘာမှအဓိပ္ပာယ်မရှိတဲ့ပြိုင်ပွဲပဲ၊ ဟာဗက်ဇ်က ချန်ပီယံလိ ဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာမှန်ပါတယ်၊ ဒါပေမယ့် အခုတော့ သူတို့က ကမ္ဘာ့ဖလား ရသလိုမျိုး အောင်ပွဲခံနေတယ်၊ မန်စီးတီးက ချယ်လ်ဆီးကို အမှတ်ပေးလိဂ်မှာ ၁၆ မှတ်ဖြတ်လိုက်ပြီ၊ အဲဒါကမှ တကယ်စစ်မှန်တဲ့ အရေးကြီးတဲ့ ပြိုင်ဆိုင်မှုကြီးပါ”
“ကျွန်တော်ကတော့ ဒီလို အရေးမပါတဲ့ ပလတ်စတစ်ဖလားအတွက် ပေါင်သန်း ၁၀၀ တန်တိုက်စစ်မှူးတွေ မဝယ်ဘူး၊ မန်စီးတီးနဲ့ လီဗာပူးလ်ကို ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ပဲ ဝယ်မှာ၊ ဒါပေမယ့် သူတို့ ဒါကို မလုပ်ရသေးဘူး။
အခုဆိုရင် ၁၆ မှတ် ပြတ်နေပြီ၊ ဒီနှစ်အတွက် အမှတ်ပေးဖလားကို ယူဖို့ သူတို့အခွင့်အရေးမရှိတော့ဘူး၊ ဒီပုံစံအတိုင်း သွားနေမယ်ဆိုရင် နောက်နှစ်မှာလည်း အခွင့်အရေးရှိမှာမဟုတ်ဘူး” လို့ ခရိတ်ဘာလေက ပြောဆိုသွားခဲ့ပါတယ်။

ZG
ခ်ဲလ္ဆီးနဲ႔ စေကာ့တလန္ကစားသမားေဟာင္းျဖစ္သူ ခရိတ္ဘာေလက သူ႔ အသင္းေဟာင္း ခ်ဲလ္ဆီးဟာ ကလပ္ ကမာၻ႔ဖလား ရတာကို အဓိပၸာယ္မရွိ ေအာင္ပြဲခံေနတယ္လို႔ ျပစ္တင္ေျပာဆိုလိုက္ပါတယ္။ ခ်ဲလ္ဆီးဟာ ပါးမီးရပ္စ္ကို အႏိုင္ယူၿပီး ဖီဖာကလပ္ကမာၻ႔ဖလားကို အသင္းသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ဆြတ္ခူးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ထို ၿပိဳင္ပြဲအတြက္ ခ်ယ္လ္ဆီးဟာ သူတို႔ရဲ႕ အမွတ္ေပးပြဲေတြကို ေ႐ႊ႕ဆိုင္းထားခဲ့ရၿပီး လက္ရွိမွာေတာ့ မန္စီးတီးနဲ႔ ၁၆ မွတ္ ကြာတဲ့ အေနအထားျဖစ္သြားခဲ့ပါတယ္။
ဒါေၾကာင့္ ခရိတ္ ဘာေလက အမွတ္ေပးၿပိဳင္ပြဲမွာ အမွတ္ကြာဟခ်က္ ၾကီးမားေနတာကို မစဥ္းစားဘဲ ပလတ္စတစ္ဖလား သာသာေလာက္ရွိတဲ့ ကလပ္ကမာၻ႔ဖလားရရွိတာကို ေအာင္ပြဲခံ ေနတဲ့အေပၚ အျပစ္တင္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
“သူတို႔ ဒီၿပိဳင္ပြဲကို မၾကည့္ဖူးဘူး ထင္တယ္၊ က်ေနာ့္အတြက္ေတာ့ ဘာမွအဓိပၸာယ္မရွိတဲ့ၿပိဳင္ပြဲပဲ၊ ဟာဗက္ဇ္က ခ်န္ပီယံလိ ဂ္ဗိုလ္လုပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တာမွန္ပါတယ္၊ ဒါေပမယ့္ အခုေတာ့ သူတို႔က ကမာၻ႔ဖလား ရသလိုမ်ိဳး ေအာင္ပြဲခံေနတယ္၊ မန္စီးတီးက ခ်ယ္လ္ဆီးကို အမွတ္ေပးလိဂ္မွာ ၁၆ မွတ္ျဖတ္လိုက္ၿပီ၊ အဲဒါကမွ တကယ္စစ္မွန္တဲ့ အေရးႀကီးတဲ့ ၿပိဳင္ဆိုင္မႈႀကီးပါ”
“ကြၽန္ေတာ္ကေတာ့ ဒီလို အေရးမပါတဲ့ ပလတ္စတစ္ဖလားအတြက္ ေပါင္သန္း ၁၀၀ တန္တိုက္စစ္မႉးေတြ မဝယ္ဘူး၊ မန္စီးတီးနဲ႔ လီဗာပူးလ္ကို ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ႏိုင္ဖို႔ပဲ ဝယ္မွာ၊ ဒါေပမယ့္ သူတို႔ ဒါကို မလုပ္ရေသးဘူး။
အခုဆိုရင္ ၁၆ မွတ္ ျပတ္ေနၿပီ၊ ဒီႏွစ္အတြက္ အမွတ္ေပးဖလားကို ယူဖို႔ သူတို႔အခြင့္အေရးမရွိေတာ့ဘူး၊ ဒီပုံစံအတိုင္း သြားေနမယ္ဆိုရင္ ေနာက္ႏွစ္မွာလည္း အခြင့္အေရးရွိမွာမဟုတ္ဘူး” လို႔ ခရိတ္ဘာေလက ေျပာဆိုသြားခဲ့ပါတယ္။