ဒိုလေးကို ဘုန်းမောက် သွားလို့ ဆိုသူ၊ ပြန်ပါတော့မယ့် ဖရက်၊ ကာရေဂါ သုံးသပ်မှုနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူက ဒီကြားရက်မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဦးမှာ ဖြစ်ပြီး ထိုပွဲမှာ ဖရက် ပြန်ပါဝင်ဖို့ မျှော်လင့်ရပါတယ်။ ဖရက်က ကိုဗစ်ကူးစက်ခံထားရတာကြောင့် ယခင်ပွဲတွေ လွဲချော်နေခဲ့တာပါ။

စကိုင်းစပေါ့ အစီအစဉ်တင်ဆက်သူ ရစ်ချတ်ကီးစ်ဟာ ကွင်းအတွင်းစွမ်းဆောင်ရည်ပိုင်း နိမ့်ကျလာတဲ့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စီရော်နယ်ဒိုအနေနဲ့ မန်ယူကနေထွက်သွားသင့်ပြီး ဘုန်းမောက်မှာသာ သွားကစားသင့်ကြောင်း၊ စီရော်နယ်ဒိုဟာ မန်ယူရဲ့ပြဿနာဖြစ်လာပြီဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

မန်ယူအနေနဲ့ လာလီဂါကလပ် ဆိုစီဒက်ဆိုက်စစ်မှူး အီဆစ်ကိုခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ချက်စတာ ညနေခင်း သတင်း အဆို အရ မန်ယူဟာ ၂၂နှစ်အရွယ် တိုက်စစ်မူှးကို နွေရာသီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက်ရှိကြောင်းသိရပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းကတော့ ပေါင် ၇၅ သန်းရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က တကယ်လို့ မန်ယူအနေနဲ့ ရန်နစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ် လိုက်မယ်ဆိုရင် သူ့အနေနဲ့ အံ့အားသင့်မိမှာဖြစ်ကြေားင်၊ ရန်နစ်လက်ထက်မှာ မန်ယူအနေနဲ့ တိုးတက် လာတာမျိုး မတွေ့မိကြောင်း၊ ရန်နစ်ဟာ မန်ယူနည်းပြဖြစ်ဖို့ လုံးဝမထိုက်တန်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က ဘရာဇီးဂန္ထဝင် ဖာနန်ဒင်ဟိုဟာ သူ့ရဲ့ငယ်ဘ၀ Idol ဖြစ်ကြောင်း၊ သူ့အနေနဲ့ ရော်နယ်ဒင်ဟိုကိုကြည့်ပြီး ကြီးပျင်းလာခဲ့ရခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်အနေနဲ့ အသင်းပြောင်းသင့်ကြောင်း၊ တိုင်လီမန့်စ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ချန်ပီယံလိဂ်မှာ ကစားသင့်ကြောင်း ဆိုလိုက်ပါတယ်။

ဂျူဗင်တပ်ကတော့ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဝုဖ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့စီစဉ်နေပြီး နီဗက်စ်ကို ပစ်မှတ် ထားနေတာပါ။ အဆိုပါ ၂၄ နှစ်အရွယ်ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း ၄၀ အသုံးပြုရမှာပါ။

မန်ယူအသင်းဟာ ဘင်ဖီကာတိုက်စစ်မူှး ဒေါ်ဝင်နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ မန်ယူအနေနဲ့ ကာဗာနီ၊ စီရော်နယ်ဒိုတို့ရဲ့အနာဂတ်မရေရာတဲ့အနေအထားကြောင့် လာမဲ့နွေရာသီမှာ ဈေးကွက်အတွင်း တိုက်စစ်မှူးသစ် ရှာဖွေသွားမှာပါ။ ၂၂ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ဘင်ဖီကာအတွက် စွမ်းဆောင်ရည်ကောင်းပြနေပြီး ၁၉ ပွဲကစားရာ ၂၁ဂိုးသွင်းယူထားပါတယ်။