မက်ဆီ မဟုတ်တဲ့ အသင်းဖော်တွေထဲက အကောင်းဆုံး ကစားသမား အွန်နရီ ရွေးချယ်

အာဆင်နယ်နဲ့ ဘာစီလိုနာတို့မှာ ကျင်လည်ခဲ့ဖူးတဲ့ တိုက်စစ်မှုးဟောင်းကြီး သီယာရီ အွန်နရီက သူ့ရဲ့ ကစားသမားဘဝမှာ တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမားက ဒင်းနစ်ဘားကမ့် ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အွန်နရီဟာ အာဆင်နယ်က ထွက်ခွာပြီးနောက်ပိုင်း ဘာစီလိုနာမှာ မက်ဆီနဲ့အတူတွဲကစားဖြစ်သေးပေမယ့် ကစားသမားဘဝရဲ့ အကောင်းဆုံးအသင်းဖော် က ဘားကမ့်သာ ဖြစ်ကြောင်း အခုလိုပြောကြားခဲ့တာပါ။

“ဘားကမ့်ပါပဲ” လို့ အွန်နရီက ပြောချိန်မှာ အစီအစဉ်တင်ဆက်သူ အက်ဘ်ဒိုက “မက်ဆီမဟုတ်ဘူးလား” လို့ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အွန်နရီကတော့ “ဘားကမ့်ပါပဲ” လို့ မဆိုင်းမတွ ပြန် ဖြေကြားသွားခဲ့တာပါ။

အွန်နရီက “ဘားကမ့်က ကျွန်တော့်အတွက် ထာဝရ အကောင်းဆုံး အသင်းဖော်ဖြစ်နေမှာပါ။ သူက တိုက်စစ်မှူးတိုင်းအတွက် အိပ်မက်ဆန်ဆန် တိုက်စစ်မှူးပါ။ သူ အင်္ဂလန်မြေမှာ စွမ်းဆောင်ခဲ့သမျှကို ကျွန်တော် သိထားပါတယ်။ ကျွန်တော့်မှာ ဘားကမ့်ဖန်တီးပေးခဲ့တဲ့ ပုံရိပ်ကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်” လို့ အွန်နရီက ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

အွန်နရီနဲ့ဘားကမ့်တို့ဟာ အာဆင်နယ်ရဲ့နာမည်ကျော်အတွဲဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား (၂) ကြိမ်နဲ့ FA ဖလား (၃) ကြိမ်တို့ကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အွန်နရီဟာ ဘာစီလိုနာမှာ မက်ဆီနဲ့ ဘောလုံးရာသီ (၃) ခုကြာ တွဲကစားခဲ့ဖူးပြီး (၂၀၀၈-၀၉) ခုနှစ် ဘောလုံးရာသီမှာလည်း ဖလား (၃) လုံးအောင်မြင်မှုကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ZG

အာဆင္နယ္နဲ႔ ဘာစီလိုနာတို႔မွာ က်င္လည္ခဲ့ဖူးတဲ့ တိုက္စစ္မႈးေဟာင္းၾကီး သီယာရီ အြန္နရီက သူ႔ရဲ႕ ကစားသမားဘဝမွာ တြဲကစားခဲ့ဖူးတဲ့ အေကာင္းဆုံး ကစားသမားက ဒင္းနစ္ဘားကမ့္ ျဖစ္တယ္လို႔ ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

အြန္နရီဟာ အာဆင္နယ္က ထြက္ခြာၿပီးေနာက္ပိုင္း ဘာစီလိုနာမွာ မက္ဆီနဲ႔အတူတြဲကစားျဖစ္ေသးေပမယ့္ ကစားသမားဘဝရဲ႕ အေကာင္းဆုံးအသင္းေဖာ္ က ဘားကမ့္သာ ျဖစ္ေၾကာင္း အခုလိုေျပာၾကားခဲ့တာပါ။

“ဘားကမ့္ပါပဲ” လို႔ အြန္နရီက ေျပာခ်ိန္မွာ အစီအစဥ္တင္ဆက္သူ အက္ဘ္ဒိုက “မက္ဆီမဟုတ္ဘူးလား” လို႔ ျပန္လည္ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒါေပမယ့္ အြန္နရီကေတာ့ “ဘားကမ့္ပါပဲ” လို႔ မဆိုင္းမတြ ျပန္ ေျဖၾကားသြားခဲ့တာပါ။

အြန္နရီက “ဘားကမ့္က ကြၽန္ေတာ့္အတြက္ ထာဝရ အေကာင္းဆုံး အသင္းေဖာ္ျဖစ္ေနမွာပါ။ သူက တိုက္စစ္မႉးတိုင္းအတြက္ အိပ္မက္ဆန္ဆန္ တိုက္စစ္မႉးပါ။ သူ အဂၤလန္ေျမမွာ စြမ္းေဆာင္ခဲ့သမွ်ကို ကြၽန္ေတာ္ သိထားပါတယ္။ ကြၽန္ေတာ့္မွာ ဘားကမ့္ဖန္တီးေပးခဲ့တဲ့ ပုံရိပ္ေကာင္းေတြလည္း ပိုင္ဆိုင္ခဲ့ပါတယ္” လို႔ အြန္နရီက ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

အြန္နရီနဲ႔ဘားကမ့္တို႔ဟာ အာဆင္နယ္ရဲ႕နာမည္ေက်ာ္အတြဲျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား (၂) ႀကိမ္နဲ႔ FA ဖလား (၃) ႀကိမ္တို႔ကို အတူတကြ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အြန္နရီဟာ ဘာစီလိုနာမွာ မက္ဆီနဲ႔ ေဘာလုံးရာသီ (၃) ခုၾကာ တြဲကစားခဲ့ဖူးၿပီး (၂၀၀၈-၀၉) ခုႏွစ္ ေဘာလုံးရာသီမွာလည္း ဖလား (၃) လုံးေအာင္ျမင္မႈကို အတူတကြ ဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။