ချန်ပီယံလိဂ် နိုင်ပွဲတွေ ရတဲ့ ပီအက်စ်ဂျီနဲ့ စီးတီး၊ ဒိုလေး အကောင်းဆုံး ခြေစွမ်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ ကို ဒီတပတ် စတင်ကစားရာ ပီအက်စ်ဂျီကတော့ ရီးရဲမက်ဒရစ် ကို အမ်ဘာပေ ရဲ့ နာကျင် အချိန်ပို ၉၄ မိနစ်က သွင်းဂိုး နဲ့ ကပ်ပြီး အနိုင် ရရှိခဲ့ပါတယ်။

ပေါ်တူဂီမှာ ကစားခဲ့တဲ့ ပွဲမှာတော့ မန်စီးတီး ဟာ အိမ်ရှင် စပို့တင်း ကို ၅-၀ နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီး ဒုတိယ အကျော့ အတွက် စိတ်အေးသွားခဲ့ရပြီ ဖြစ်ပါတယ်။

ဒီနေ့မနက်က ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပွဲစဉ်တွေမှာတော့ မန်ယူက စီရိုနယ်ဒို၊ ဖာနန်ဒက်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ထိုပွဲမှာ မြင်ရတဲ့ ရော်နယ်ဒို ခြေစွမ်းဟာ သူ ရောက်တည်းက အကောင်းဆုံး ပုံစံပဲလို့ နည်းပြ ရန်းနစ်က ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။

ဒေါ့မွန် ကို ရောက်မယ်လို့ သတင်းကြီး နေပြီး ဥရောပ ကလပ်တွေ ရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ ရက်ဘူး ဆဲလ်ဘတ် ကြယ်ပွင့်လေး အဒီယီမီ ကတော့ နွေရာသီမှာ ဖြစ်လာမယ့် ကိစ္စတွေကို နွေရာသီမှသာ သိရမှာ ဖြစ်ပြီး လက်ရှိမှာ ဆဲလ်ဘတ် အတွက်သာ အာရုံစိုက် ကစားနေပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

မန်ချက်စတာ စီးတီး အသင်းဟာ ဘရာဇီး ကလပ် အက်သလက်တီကို မင်နဲရိုး မှာ ကစားနေတဲ့ လူငယ်လေး ဆာဗင်ဟို ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ် အရွယ် တောင်ပံ ကစားသမားလေး အတွက် စီးတီး က ယူရို ၆.၅ သန်း + အပိုဆုကြေး တို့နဲ့ ကမ်းလှမ်း ထားတာ ဖြစ်ပါတယ်။

နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်းကုန်မယ့် ပေါ့ဘာ ကလည်း အနာဂါတ် အတွက် အလောသုံးဆယ် ဆုံးဖြတ်ဖို့ မရှိသေးဘူးလို့ သိရပါတယ်။

အန်တိုနီယို ရူဒီဂါဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ သူ ဆက်နေ မနေဆိုတာကို ကလပ်က ဆုံးဖြတ်လိမ့်မယ်လို့ ပြောဆိုခဲ့ပြီး သူ့အနာဂတ်ကို ဖြေရှင်းဖို့ ချဲလ်ဆီးကို ဖိအားတွေပေးခဲ့ပါတယ်။ ရူဒီဂါ နည်းတူ ခရစ္စတန်ဆန်ကလည်း ရာသီကုန်မှာ ချဲလ်ဆီးက ထွက်ခွာတော့မှာပါ။

အစာအိမ် ဝေဒနာကြောင့် လက်စတာ စီးတီး နဲ့ ပွဲကို မပါဝင် နိုင်ခဲ့တဲ့ ဝက်စ်ဟမ်း နောက်ခံလူ ကတ် ဇူးမား ဟာ ပြန်လည် သက်သာ လာပြီး ဒီပိတ်ရက် မှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲကို ပြန်လည် ပါဝင် လာနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။

လီဗာပူး ကတော့ ဝါရင့် ကစားသမားကြီး ဂျိမ်းစ် မေနာ ကို နောက်ထပ် ၁ နှစ် စာချုပ်သစ် ကမ်းလှမ်း ထားပြီး ဆွေးနွေးမှု ဆက်လုပ် နေဆဲ ဖြစ်ပါတယ်။