နွေမှာ ခေါ်တော့မယ့် အမ်ဘတ်ပီ အသဲခွဲတာ ခံလိုက်ရတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ နည်းပြ အန်ဆယ်လော့တီ

ကိုင်လီယန် အမ် ဘတ်ပီက ရပ်တန့်လို့မရဘဲ ဥရောပရဲ့အကောင်းဆုံး ကစားသမား ဖြစ်တယ် လို့ ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ က ပြောဆိုလိုက်ပါတယ်။

အမ်ဘတ်ပီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပွဲကစားချိန် နောက်ဆုံးမိနစ် အနိုင်ဂိုးသွင်းယူပြီး ရီးရဲလ်မက်ဒရစ်ကို အသည်းခွဲခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ နွေမှာ အမ်ဘတ်ပီကို ခေါ်ဖို့ ချိတ်ဆက်ထားတဲ့ အသင်းဖြစ်ပြီး အကြိုသဘောတူညီမှုတောင် ရပြီးပြီလို့ သတင်းထွက်နေတာပါ။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်ကစားသမားက နေမာရဲ့ နောက်ပေါက်နဲ့ ချပေးမှုကတဆင့် ရီးရဲလ်ဘယ်ခံစစ်ကနေ ဧရိယာအတွင်းကို တကိုယ်တော်ခြေစွမ်းနဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး မြေလှိမ့်ဘောအပိုင်ကန်သွင်းပြီး ဂိုးယူပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ မက်ဆီရဲ့ ပင်နယ်တီ လွဲချော်ထားတဲ့ ပီအက်စ်ဂျီကို အသက်ရှူချောင်စေခဲ့ပြီး နောက်တကျော့အတွက် အားဖြစ်လာစေခဲ့ပါတယ်။

“အမ်ဘတ်ပီက ဥရောပရဲ့အကောင်းဆုံးကစားသမားပါပဲ၊ သူ့ကို ရပ်တန့်လို့မရဘူး၊ သူ့ကို ထိန်းချုပ်ဖို့အတွက် ကျနော်တို့ ကြိုးစားခဲ့ပါတယ်၊ မီလီတာအိုကလည်း သူ့အလုပ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် သူက တခုခုကို အမြဲတမ်းထိုးထွင်းကြံဆနိုင်တဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်၊ ကျနော်တို့ ကစားပုံမကောင်းခဲ့ဘူး၊ ဒါပေမယ့် ပွဲ မပြီးသေးပါဘူး”

“ဒုတိယအကျော့မှာ ကျနော်တို့ ပိုပြီးတော့ Press လုပ်နိုင်ဖို့ လိုပါတယ်၊ ရလဒ်အရတော့ နောက်မှာရှိသွားပါပြီ၊ ဘောလုံးရထားချိန်မှာ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်၊ ဒါကို ဒီနေ့ပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး၊ ပေးပို့ပုံတွေ မှာလည်း အမှားအယွင်းတွေ ရှိခဲ့ပြီး ပီအက်စ်ဂျီရဲ့ high press ကြောင့်ပါ၊ သူတို့ အဲဒါကို ကောင်းကောင်း လုပ်ပြခဲ့ပြီး ကျနော်တို့ကို အခက်တွေ့စေခဲ့ပါတယ်” လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။

အမ်ဘတ်ပီဟာ ပြိုင်ဘက်ခံစစ်မှူးနှစ်ဦးကြားကနေ ထိုးဖောက်သွားခဲ့ကာ နောက်တဦးကိုလည်း ထပ်မံကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့တာပါ။ သူ့ရဲ့ အဆိုပါအခိုက်အတန့်ဟာ မှော်ဆန်လွန်းတယ်လို့တောင် ချီးကျူးခံနေရတာ ဖြစ်ပါတယ်။

ZG

ကိုင္လီယန္ အမ္ ဘတ္ပီက ရပ္တန႔္လို႔မရဘဲ ဥေရာပရဲ႕အေကာင္းဆုံး ကစားသမား ျဖစ္တယ္ လို႔ ရီးရဲလ္မက္ဒရစ္ နည္းျပ အန္ဆယ္ေလာ့တီ က ေျပာဆိုလိုက္ပါတယ္။

အမ္ဘတ္ပီဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္ အႏိုင္ဂိုးသြင္းယူၿပီး ရီးရဲလ္မက္ဒရစ္ကို အသည္းခြဲခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္ဟာ ေႏြမွာ အမ္ဘတ္ပီကို ေခၚဖို႔ ခ်ိတ္ဆက္ထားတဲ့ အသင္းျဖစ္ျပီး အၾကိဳသေဘာတူညီမႈေတာင္ ရျပီးျပီလို႔ သတင္းထြက္ေနတာပါ။

အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္ကစားသမားက ေနမာရဲ႕ ေနာက္ေပါက္နဲ႔ ခ်ေပးမႈကတဆင့္ ရီးရဲလ္ဘယ္ခံစစ္ကေန ဧရိယာအတြင္းကို တကိုယ္ေတာ္ေျခစြမ္းနဲ႔ ထိုးေဖာက္ဝင္ေရာက္လာခဲ့ၿပီး ေျမလွိမ့္ေဘာအပိုင္ကန္သြင္းၿပီး ဂိုးယူေပးခဲ့တာျဖစ္ပါတယ္။

ဒါဟာ မက္ဆီရဲ႕ ပင္နယ္တီ လြဲေခ်ာ္ထားတဲ့ ပီအက္စ္ဂ်ီကို အသက္ရႉေခ်ာင္ေစခဲ့ၿပီး ေနာက္တေက်ာ့အတြက္ အားျဖစ္လာေစခဲ့ပါတယ္။

“အမ္ဘတ္ပီက ဥေရာပရဲ႕အေကာင္းဆုံးကစားသမားပါပဲ၊ သူ႔ကို ရပ္တန႔္လို႔မရဘူး၊ သူ႔ကို ထိန္းခ်ဳပ္ဖို႔အတြက္ က်ေနာ္တို႔ ႀကိဳးစားခဲ့ပါတယ္၊ မီလီတာအိုကလည္း သူ႔အလုပ္ကို ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါတယ္၊ ဒါေပမယ့္ သူက တခုခုကို အၿမဲတမ္းထိုးထြင္းႀကံဆႏိုင္တဲ့ ကစားသမားျဖစ္ေနခဲ့ပါတယ္၊ က်ေနာ္တို႔ ကစားပုံမေကာင္းခဲ့ဘူး၊ ဒါေပမယ့္ ပြဲ မၿပီးေသးပါဘူး”

“ဒုတိယအေက်ာ့မွာ က်ေနာ္တို႔ ပိုၿပီးေတာ့ Press လုပ္ႏိုင္ဖို႔ လိုပါတယ္၊ ရလဒ္အရေတာ့ ေနာက္မွာရွိသြားပါၿပီ၊ ေဘာလုံးရထားခ်ိန္မွာ ပိုေကာင္းေအာင္လုပ္ဖို႔ လိုအပ္ပါတယ္၊ ဒါကို ဒီေန႔ပြဲမွာ ေကာင္းေကာင္းမလုပ္ႏိုင္ခဲ့ပါဘူး၊ ေပးပို႔ပုံေတြ မွာလည္း အမွားအယြင္းေတြ ရွိခဲ့ၿပီး ပီအက္စ္ဂ်ီရဲ႕ high press ေၾကာင့္ပါ၊ သူတို႔ အဲဒါကို ေကာင္းေကာင္း လုပ္ျပခဲ့ၿပီး က်ေနာ္တို႔ကို အခက္ေတြ႕ေစခဲ့ပါတယ္” လို႔ အန္ဆယ္ေလာ့တီက ေျပာဆိုခဲ့ပါတယ္။

အမ္ဘတ္ပီဟာ ၿပိဳင္ဘက္ခံစစ္မႉးႏွစ္ဦးၾကားကေန ထိုးေဖာက္သြားခဲ့ကာ ေနာက္တဦးကိုလည္း ထပ္မံေက်ာ္ျဖတ္ၿပီး ကန္သြင္းယူခဲ့တာပါ။ သူ႔ရဲ႕ အဆိုပါအခိုက္အတန႔္ဟာ ေမွာ္ဆန္လြန္းတယ္လို႔ေတာင္ ခ်ီးက်ဴးခံေနရတာ ျဖစ္ပါတယ္။