မန်ယူနဲ့ ချဲလ်ဆီးတို့ အပြိုင် ကင်းထောက်လွှတ် စောင့်ကြည့်လာတဲ့ ယူရို ၄၅ သန်းတန် တိုက်စစ်သမား
ပရီးမီးယားလိဂ်မှ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ အပြိုင် မျက်စိကျ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။
အသက် ၂၁နှစ် အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ ဘောလုံးစွမ်းရည် ပြည့်ဝတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်တာကြောင့် ပြိုင်ဘက်တွေကို အလဲလဲ အပြိုပြို ဖြစ်အောင် စွမ်းဆောင်နိုင်သူပါ။

အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အေဂျက်နဲ့အတူ စတင် တောက်ပလာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင်ကစားထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
ဒါကြောင့်ပဲ ချဲလ်ဆီးက အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး တဖက်မှာလည်း အေဂျက်နည်းပြ တန်ဟက်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ကို ခေါ်ယူဖြစ်ပါက အန်တိုနီကို ပါ တပါထဲ ခေါ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
90 Min သတင်းဌာန အဆိုအရ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးဟာ အန်တိုနီရဲ့ ခြေစွမ်းကို အကဲခတ်ဖို့ ကင်းထောက်တွေကို စေလွှတ်ထားကြတယ်လို့ သိရပါတယ်။
လောလောဆယ်မှာ ချဲလ်ဆီးက အန်တိုနီကို ခေါ်ယူဖို့ ပိုမို စိတ်ဝင်စားနေပေမယ့် မန်ယူကလည်း ဂရင်းဝုဒ်ကို စာချုပ် ဖျက်သိမ်းခဲ့ပါက အန်တိုနီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလာနိုင်ပါတယ်။
အေဂျက်ကတော့ သူတို့ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ အန်တိုနီကို ရောင်းချဖို့ စိတ်မဝင်စားပေမယ့် တကယ်လို့ အန်တိုနီအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရောက်ရှိလာရင် လက်ခံ စဉ်းစားဖွယ် ရှိပါတယ်။ အန်တိုနီ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ZG
ပရီးမီးယားလိဂ္မွ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ဟာ နယ္သာလန္ ထိပ္သီးကလပ္ ေအဂ်က္နဲ႔အတူ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တဲ့ ေတာင္ပံတိုက္စစ္ ကစားသမား အန္တိုနီကို ေခၚယူဖို႔ အျပိဳင္ မ်က္စိက် စိတ္ဝင္စားေနၾကေၾကာင္း သိရပါတယ္။
အသက္ ၂၁ႏွစ္ အ႐ြယ္ ဘရာဇီးလ္ ေတာင္ပံတိုက္စစ္ ကစားသမား အန္တိုနီဟာ ေဘာလုံးစြမ္းရည္ ျပည့္ဝတဲ့ ကစားသမား တဦး ျဖစ္ၿပီး ဘယ္ေျခအားသန္ ကစားသမား တဦး ျဖစ္တာေၾကာင့္ ၿပိဳင္ဘက္ေတြကို အလဲလဲ အၿပိဳၿပိဳ ျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္သူပါ။
အန္တိုနီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွ စတင္ကာ ေအဂ်က္နဲ႔အတူ စတင္ ေတာက္ပလာတဲ့ လူငယ္ၾကယ္ပြင့္ တဦး ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ေအဂ်က္အတြက္ ၿပိဳင္ပြဲစုံမွာ ၂၅ပြဲ ပါဝင္ကစားထားရာ သြင္းဂိုး ၁၁ဂိုး သြင္းယူထားႏိုင္ကာ ဂိုးဖန္တီးမႈ ၈ႀကိမ္ ျပဳလုပ္ထားႏိုင္ပါတယ္။
ဒါေၾကာင့္ပဲ ခ်ဲလ္ဆီးက အန္တိုနီကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ၿပီး တဖက္မွာလည္း ေအဂ်က္နည္းျပ တန္ဟက္ကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ေစာင့္ၾကည့္ေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္က တန္ဟက္ကို ေခၚယူျဖစ္ပါက အန္တိုနီကို ပါ တပါထဲ ေခၚဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။
90 Min သတင္းဌာန အဆိုအရ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ ႏွစ္သင္းစလုံးဟာ အန္တိုနီရဲ႕ ေျခစြမ္းကို အကဲခတ္ဖို႔ ကင္းေထာက္ေတြကို ေစလႊတ္ထားၾကတယ္လို႔ သိရပါတယ္။
ေလာေလာဆယ္မွာ ခ်ဲလ္ဆီးက အန္တိုနီကို ေခၚယူဖို႔ ပိုမို စိတ္ဝင္စားေနေပမယ့္ မန္ယူကလည္း ဂရင္းဝုဒ္ကို စာခ်ဳပ္ ဖ်က္သိမ္းခဲ့ပါက အန္တိုနီကို ေခၚယူဖို႔ အျပင္းအထန္ ႀကိဳးစားလာႏိုင္ပါတယ္။
ေအဂ်က္ကေတာ့ သူတို႔ရဲ႕ အဓိက ကစားသမား တဦး ျဖစ္သူ အန္တိုနီကို ေရာင္းခ်ဖို႔ စိတ္မဝင္စားေပမယ့္ တကယ္လို႔ အန္တိုနီအတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ တရပ္သာ ေရာက္ရွိလာရင္ လက္ခံ စဥ္းစားဖြယ္ ရွိပါတယ္။ အန္တိုနီ အတြက္ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၅သန္း ဝန္းက်င္ လိုခ်င္ေနေၾကာင္းလည္း နယ္သာလန္ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။