လူကာကူ ပိုက်ဆံ ဘယ်လောက်မက်လဲ ဖော်ထုတ်လိုက်တဲ့ အင်တာမီလန် အကြီးအကဲ
လူကာကူရဲ့ အသင်းဟောင်း အင်တာမီလန်မှ စီအီးအို ဘက်ပီ မာရော့တာက တိုက်စစ်မှုး လူကာကူ က နွေမှာ ချယ်ဆီးသို့ ပြောင်းရွှေ့သွားတာက ပိုက်ဆံကြောင့် သက်သက်ပဲလို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်မှာ အထူး ခြေစွမ်းပြခဲ့ပြီး ၂၄ ဂိုး သွင်းယူကာ အသင်းကို ၁၁ နှစ် အတွင်း ပထမဆုံး အကြိမ် စီးရီးအေဖလား ပြန်ယူနိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေ ဈေးကွက်စဖွင့် ချိန်မှာလည်း အင်တာမှာပဲ ပျော်ရွှင်တယ် ဆိုခဲ့ပေမယ့် အပြောင်းအရွှေ့ ပိတ်ခါနီးမှာတော့ ချယ်ဆီးထံ သွားဖို့ ရွေးချယ်ခဲ့တာပါ။
သတင်းတွေ အရ လူကာကူဟာ ချယ်ဆီးမှာ ဘောနပ်စ်တွေ အပါအဝင်ဆို တစ်ပတ် ပေါင် ၄ သိန်းခွဲ ရရှိနေတယ်လို့ သိရပြီး လူကာကူ မရောက်ခင် ချယ်ဆီးရဲ့ လစာ အများဆုံး ကန်တေတောင်မှ ပေါင် ၂သိန်း ၉သောင်းသာ ရနေတာ ဖြစ်ပါတယ်။
အင်တာမီလန် အကြီးအကဲ မာရော့တာကတော့ လူကာကူဟာ အင်တာမှာ ရနေတဲ့လစာရဲ့ နှစ်ဆ ရလို့ ချယ်ဆီးထံ ပြောင်းရွှေ့သွားတာ ဖြစ်တယ်လို့ ဖော်ထုတ်ခဲ့တာပါ။ အင်တာမီလန်မှာ လူကာကူရဲ့ လစာကတစ်ပတ် ပေါင် ၁၄၂၀၀၀ သာ ရရှိတာ ဖြစ်ပါတယ်။
” လူကာကူက လစာ နှစ်ဆ ရလို့ ထွက်သွားတာပါ။ ” လို့ မာရော့တာက အီတလီ သတင်းစာ Il Corriere della Sera သို့ ပြောဆိုခဲ့ပါတယ်။
လူကာကူက ချယ်ဆီးသို့ ပြန်ရောက်လာပြီး ဂိုးတွေ သွင်းက အစကောင်းခဲ့ပေမယ့် ဒီတလောမှာတော့ ဂိုးပေါက် ပျောက်နေခဲ့ပါတယ်။

ZG
လူကာကူရဲ႕ အသင္းေဟာင္း အင္တာမီလန္မွ စီအီးအို ဘက္ပီ မာေရာ့တာက တိုက္စစ္မႈး လူကာကူ က ေႏြမွာ ခ်ယ္ဆီးသို႔ ေျပာင္းေရႊ႕သြားတာက ပိုက္ဆံေၾကာင့္ သက္သက္ပဲလို႔ စြပ္စြဲ ေျပာဆိုလိုက္ပါတယ္။
လူကာကူဟာ ျပီးခဲ့တဲ့ရာသီက အင္တာမီလန္မွာ အထူး ေျခစြမ္းျပခဲ့ျပီး ၂၄ ဂိုး သြင္းယူကာ အသင္းကို ၁၁ နွစ္ အတြင္း ပထမဆံုး အၾကိမ္ စီးရီးေအဖလား ျပန္ယူနုိင္ေအာင္ ကူညီေပးခဲ့သူ ျဖစ္ပါတယ္။
ျပီးခဲ့တဲ့ေႏြ ေစ်းကြက္စဖြင့္ ခ်ိန္မွာလည္း အင္တာမွာပဲ ေပ်ာ္ရႊင္တယ္ ဆိုခဲ့ေပမယ့္ အေျပာင္းအေရႊ႕ ပိတ္ခါနီးမွာေတာ့ ခ်ယ္ဆီးထံ သြားဖို႔ ေရြးခ်ယ္ခဲ့တာပါ။
သတင္းေတြ အရ လူကာကူဟာ ခ်ယ္ဆီးမွာ ေဘာနပ္စ္ေတြ အပါအ၀င္ဆို တစ္ပတ္ ေပါင္ ၄ သိန္းခြဲ ရရွိေနတယ္လို႔ သိရျပီး လူကာကူ မေရာက္ခင္ ခ်ယ္ဆီးရဲ႕ လစာ အမ်ားဆံုး ကန္ေတေတာင္မွ ေပါင္ ၂သိန္း ၉ေသာင္းသာ ရေနတာ ျဖစ္ပါတယ္။
အင္တာမီလန္ အၾကီးအကဲ မာေရာ့တာကေတာ့ လူကာကူဟာ အင္တာမွာ ရေနတဲ့လစာရဲ႕ နွစ္ဆ ရလို႔ ခ်ယ္ဆီးထံ ေျပာင္းေရႊ႕သြားတာ ျဖစ္တယ္လို႔ ေဖာ္ထုတ္ခဲ့တာပါ။ အင္တာမီလန္မွာ လူကာကူရဲ႕ လစာကတစ္ပတ္ ေပါင္ ၁၄၂၀၀၀ သာ ရရွိတာ ျဖစ္ပါတယ္။
” လူကာကူက လစာ နွစ္ဆ ရလို႔ ထြက္သြားတာပါ။ ” လို႔ မာေရာ့တာက အီတလီ သတင္းစာ Il Corriere della Sera သို႔ ေျပာဆိုခဲ့ပါတယ္။
လူကာကူက ခ်ယ္ဆီးသို႔ ျပန္ေရာက္လာျပီး ဂိုးေတြ သြင္းက အစေကာင္းခဲ့ေပမယ့္ ဒီတေလာမွာေတာ့ ဂိုးေပါက္ ေပ်ာက္ေနခဲ့ပါတယ္။