မက်ဆီနဲ့ ရော်နယ်ဒိုတို့ နေရာ ဆက်ခံမယ့် လက်ရှိ ဘောလုံးမျိုးဆက် ကြယ်ပွင့် ကို လောရင့်ဘလန့် ဖော်ထုတ်

ဘောလုံးကမ္ဘာမှာ ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်တွေ ဖြစ်တဲ့ ရော်နယ်ဒို နဲ့ မက်ဆီ နေရာကို အမ်ဘတ်ပီ အစားထိုး ဆက်ခံနိုင်တဲ့ သူဖြစ်တယ်လို့ ပီအက်စ်ဂျီ အသင်းနည်းပြဟောင်း လောရင့်ဘလန့် ထောက်ခံလိုက်ပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒို တို့ အနားယူပြီးတာနဲ့ သူတို့နေရာကို ဘယ်သူက ဆက်ခံနိုင်မလဲဆိုတဲ့ မေးခွန်းကို အမ်ဘတ်ပီ က ဆက်ခံနိုင်မယ်လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ ဆုဖလားအများအပြားရယူထားသလို ပြင်သစ်လက်ရွေးစင် အသင်းနဲ့ လည်း ကမ္ဘာ့ဖလား၊နေးရှင်းလိဂ်တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လောရင့်ဘလန့်က “အမ်ဘတ်ပီ ဟာ ငယ်ရွယ်သေးပေမယ့် ဆုဖလား အောင်မြင်မှုတွေ အများကြီး ရယူပြီးပါပြီ။ သူဟာ တိုးတက်နိုင်ဆဲပဲလို့ ကျွန်တော်ထင်ပါတယ်။ သူ ကောင်းမွန်စွာ လုပ်ဆောင်နိုင်နေပေမယ့် ဆက်တိုးတက်ဖို့ လိုအပ်သေးတယ်ဆိုတာကို လူတိုင်းက သဘောတူထားပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒို တို့ဟာ ဘောလုံးလောကရဲ့ နောက်ဆုံး (၁၀)စုနှစ်ကို လွှမ်းမိုးခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အချိန်တွေဟာ ကုန်ဆုံးသွားပါတယ်။

ဒါပေမယ့် ကိုင်လီ (ဘတ်ပီ) ဟာ သူတို့နေရာကို အစားထိုးနိုင်တဲ့ ကစားသမားတွေထဲက တဦးလို့ ကျွန်တော်ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အမ်ဘတ်ပီ ဟာ လက်ရှိ နိုင်ငံအသင်းနဲ့ ကလပ်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အနာဂတ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ့်သူလို့လည်း သတ်မှတ်ခြင်းခံထားရတာပါ။

ဘတ်ပီ ဟာ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၄၆)ပွဲ ပါဝင်ကစားထားပြီး (၁၆၈)ဂိုးသွင်းယူထားကာ (၈၆)ဂိုး ဖန်တီးထားပါတယ်။ ပြင်သစ်လက်ရွေးစင် အတွက်တော့ (၅၁)ပွဲ ပါဝင်ကစားထားပြီး (၁၉)ဂိုး သွင်းယူကာ (၁၈)ဂိုး ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ေဘာလံုးကမၻာမွာ ဒိတ္ဒိတ္ၾကဲ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ေရာ္နယ္ဒို နဲ႔ မက္ဆီ ေနရာကို အမ္ဘတ္ပီ အစားထိုး ဆက္ခံနိုင္တဲ့ သူျဖစ္တယ္လို႔ ပီအက္စ္ဂ်ီ အသင္းနည္းျပေဟာင္း ေလာရင့္ဘလန္႔ ေထာက္ခံလိုက္ပါတယ္။

မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ အနားယူၿပီးတာနဲ႔ သူတို႔ေနရာကို ဘယ္သူက ဆက္ခံနိုင္မလဲဆိုတဲ့ ေမးခြန္းကို အမ္ဘတ္ပီ က ဆက္ခံနိုင္မယ္လို႔ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

အမ္ဘတ္ပီ ဟာ ပီအက္စ္ဂ်ီ အသင္းနဲ႔ ဆုဖလားအမ်ားအျပားရယူထားသလို ျပင္သစ္လက္ေရြးစင္ အသင္းနဲ႔ လည္း ကမၻာ့ဖလား၊ေနးရွင္းလိဂ္တို႔ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ေလာရင့္ဘလန႔္က “အမ္္ဘတ္ပီ ဟာ ငယ္ရြယ္ေသးေပမယ့္ ဆုဖလား ေအာင္ျမင္မႈေတြ အမ်ားႀကီး ရယူၿပီးပါၿပီ။ သူဟာ တိုးတက္နိုင္ဆဲပဲလို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူ ေကာင္းမြန္စြာ လုပ္ေဆာင္နိုင္ေနေပမယ့္ ဆက္တိုးတက္ဖို႔ လိုအပ္ေသးတယ္ဆိုတာကို လူတိုင္းက သေဘာတူထားပါတယ္။

မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ဟာ ေဘာလုံးေလာကရဲ႕ ေနာက္ဆုံး (၁၀)စုႏွစ္ကို လႊမ္းမိုးခဲ့တယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ အခ်ိန္ေတြဟာ ကုန္ဆုံးသြားပါတယ္။

ဒါေပမယ့္ ကိုင္လီ (ဘတ္ပီ) ဟာ သူတို႔ေနရာကို အစားထိုးနိုင္တဲ့ ကစားသမားေတြထဲက တဦးလို႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

အမ္ဘတ္ပီ ဟာ လက္ရွိ နိုင္ငံအသင္းနဲ႔ ကလပ္မွာ ျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ အနာဂတ္ရဲ႕ ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္လာမယ့္သူလို႔လည္း သတ္မွတ္ျခင္းခံထားရတာပါ။

ဘတ္ပီ ဟာ ကလပ္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၄၆)ပြဲ ပါဝင္ကစားထားၿပီး (၁၆၈)ဂိုးသြင္းယူထားကာ (၈၆)ဂိုး ဖန္တီးထားပါတယ္။ ျပင္သစ္လက္ေရြးစင္ အတြက္ေတာ့ (၅၁)ပြဲ ပါဝင္ကစားထားၿပီး (၁၉)ဂိုး သြင္းယူကာ (၁၈)ဂိုး ဖန္တီးနိုင္ခဲ့တာျဖစ္ပါတယ္။