အသင်းခေါင်းဆောင် ကိစ္စ၊ ပိုချက်တီနို၊ ပေါ့ဘာ၊ ပွဲတွေ လွဲဦးမယ့် ကာဗာနီနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ယူဂန္ထဝင် ရှရင်ဂမ်က ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ မန်ယူနဲ့ လိုက်ဖက်တဲ့ နည်းပြ ဖြစ်ကြောင်း၊ စပါးမှာတုန်းက ပိုချက်တီနိုဟာ ဘောလုံးကိုင်ကစားပြီး ကစားကွက် တည်ဆောက်ပုံ ကောင်းမွန်ကြောင်း၊ပိုချက်တီနိုဟာ စပါးမှာ အောင်မြင်မှု မရခဲ့ပေမဲ့ ခမ်းနားတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာကို ကမ်းလှမ်းဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ပေါ့ဂ်ဘာရဲ့ စာချုပ် သက်တမ်း ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ယူအနေနဲ့စာချုပ်သက်တမ်းတိုးမြှင့်ဖို့ မရေရာဖြစ်နေတာပါ။ ဂျူဗင်တပ်ဟာ ပေါ့ဂ်ဘာကို တစ်နှစ်လုပ်ခ ယူရို ၉ သန်းနဲ့ ၄ နှစ်စချုပ် ကမ်းလှမ်းသွားမှာပါ။
မန်ချက်စတာယူနိုက်တက်နည်းပြ ရန်နစ် မက်ဂွဲရားရဲ့ အသင်ခေါင်းဆောင်ရာထူးကို စီရော်နယ်ဒိုနဲ့ အစားထိုးမယ် ဆိုတဲ့ သတင်းတွေဟာ အဓိပ္ပာယ် လုံးဝမရှိကြောင်း၊ မက်ဂွဲရားဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ထိုအတိုင်း ဆက်ရှိ နေမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူ ၅ ဦးစာရင်းကို ရွေးချယ်ခဲ့ရာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာဝေဖန်မှုတွေကို ရရှိခဲ့ပေမဲ့ သူရင်ဆိုင်ဖူးသမျှ အကောင်းဆုံး ကစားသမား ၃ဦးထဲကတစ်ဦးအပါအဝင်ဖြစ်ကြောင်း၊ ပေါ့ဂ်ဘာဟာ အလွန်သန်မာပြီး ဘောလုံးကိုင်ကစားရာမှာ ကောင်းမွန်ကြောင်း ဒီလန်ရိုက်ကဆိုခဲ့တာပါ။
လိဒ်စ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ယူဘက်မှာ တိုက်စစ်မှူး ကာဗာနီအနေနဲ့ ပေါင်ခြံ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကာဗာနီဟာ အဆိုပါဒဏ်ရာကြောင့် မန်ယူရဲ့နောက်ဆုံး ၂ ပွဲကိုလွဲခဲ့ပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်ပေမဲ့ လိဒ်စ်နဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘရိုက်တန်နဲ့ပွဲကို လွဲခဲ့တဲ့နောက်ခံလူ ဗာရာနီကတော့ ပြန်ပါလာဖို့ ရှိနေပါတယ်။
အဲဗာတန်မှာ အငှားနဲ့ ကစားနေတဲ့ မန်ယူကွင်းလယ်လူ ဗန်ဒီဘတ်ချ်က သူ့အနေနဲ့ အဲဗာတန်မှာ အပြီးသတ်ပြောင်း ကစားဖွယ် ရှိနေကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ သူ့အနေနဲ့ အဲဗာတန်အတွက် အကောင်းဆုံး ပေးဆပ်ချင်ပြီး ဒီအသင်းမှာ ကစားရတာ စိတ်အားထက်သန်မှုရှိကြောင်း ဗန်ဒီဘတ်ချ်က ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လောရင်ဆန်က မန်ယူအနေနဲ့ ဒီရာသီမှာခြေစွမ်းပိုင်း နိမ့်ပါးနေပေမဲ့ အဆင့်လေး အတွင်း ဝင်ရောက်နိုင်ချေ ရှိနေကြောင်း၊ မန်ယူဟာ ခြေစွမ်းပိုင်း ဆိုးရွားနေတာတောင်ရမှတ်တွေ ရှာဖွေနိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူနည်းပြရန်နစ်က ဇန်နဝါရီအပြောင်းအရွှေ့မှာ မပျော်ရွှင်တဲ့ ကစားသငမားတွေ ထွက်ခွာပြီးနောက် အသင်းဟာ တိုးတက်မှု အရိပ်အယောင်တွေ ရှိလာခဲ့ကြောင်း၊ အခုအချိန်မှာ သူတို့အနေနဲ့ စွမ်းဆောင်ရည်ကောင်းဖို့ကိုသာ အာရုံစိုက် ရတော့မှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဇန်နဝါရီအပြေငာ်းအရွှေ့မှာ ဗန်ဒီဘတ်ချ်၊ မာရှယ်လ်တို့ဟာ အငှားနဲ့ ထွက်ခွာသွားခဲ့ကြတာပါ။