ပြဿနာအရှာနိုင်ဆုံး ပရိသတ်တွေ အဖြစ် မဲပေး ရွေးချယ်ခံလိုက်ရတဲ့ မန်ယူ ပရိသတ်များ

အွန်လိုင်းက မဲပေးရွေးချယ်မှုတွေ အရ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ အွန်လိုင်းပေါ်မှာ အဆိပ်အတောက် အဖြစ်ဆုံးနဲ့ ပြဿနာအရှာဆုံး ပရိသတ်တွေ အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။

ကမ္ဘာ့ဘောလုံးပရိသတ် အများစုရဲ့ အခိုင်အမာ အားပေးမှုကို ရရှိထားတဲ့ ယူနိုက်တက်ဟာ လတ်တလောမှာ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရသည့်တိုင် နဂိုရှိရင်းစွဲ အမာခံ ပရိသတ်အင်အားက လျော့ကျသွားခြင်း မရှိသေးပါဘူး။

အွန်လိုင်း မဲပေးမှုပေါင်း ၁၇,၀၀၀ မှာ ၃၉.၉ ရာခိုင်နှုန်းက မန်ယူနိုက်တက် ပရိသတ်တွေဟာ အဆိပ်အတောက် အဖြစ်ဆုံး အနေနဲ့ မဲပေးရွေးချယ်ခံခဲ့ရပြီး သူ့နောက်မှာတော့ အာဆင်နယ်၊ လီဗာပူးတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

အာဆင်နယ်ပရိသတ်တွေက မဲအရေအတွက်ရဲ့ ၂၇.၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး လီဗာပူး ပရိသတ်တွေကတော့ မဲ အရေအတွက် အားလုံးရဲ့ ၁၉.၇ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ရီးရဲယ်မက်ဒရစ် ပရိသတ်တွေက ရပ်တည်နေပြီး (၁၂.၆) ရာခိုင်နှုန်းက ရီးရဲယ်မက်ဒရစ် ပရိသတ် တွေကို ဆိုးတဲ့ ပရိသတ်တွေလို့ ယူဆထားပါတယ်။

ရီးရဲယ်မက်ဒရစ်ပရိသတ်တွေဟာ အသင်းရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်ခဲ့တဲ့ ကာဆီးလက်စ်၊ ရော်နယ်ဒို၊ ဂါရတ်ဘေးလ် တို့ကို ပြန်လည် လှောင်ပြောင်ခဲ့တဲ့အတွက် အခုလို စာရင်းထဲမှာ ပါဝင်လာတယ်လို့ ယူဆရပါတယ်။

မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းထဲက ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ အသင်းတွေဖြစ်ပြီး လက်ရှိ အချိန်မှာ နှစ်သင်းလုံးက အောင်မြင်မှုရဖို့ ရုန်းကန်နေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာဆိုရင်လည်း မန်ယူ ပရိသတ်တွေက အများနဲ့တယောက် အနေအထားလို အမြဲတမ်း ရင်ဆိုင်နေရပြီး အသင်း အနိုင် ရရှိချိန်ဖြစ်ဖြစ်၊ ရှုံးနိမ့်ချိန်ဖြစ်ဖြစ် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက် လှောင်ပြောင် ဝေဖန်မှုတွေနဲ့ အမြဲတစေ ရင်ဆိုင်နေရတဲ့ အသင်းလည်း ဖြစ်နေပါတယ်။

ZG

အြန္လိုင္းက မဲေပးေ႐ြးခ်ယ္မႈေတြ အရ မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္ေတြဟာ အြန္လိုင္းေပၚမွာ အဆိပ္အေတာက္ အျဖစ္ဆုံးနဲ႔ ျပႆနာအရွာဆုံး ပရိသတ္ေတြ အျဖစ္ သတ္မွတ္ခံခဲ့ရတယ္လို႔ သိရွိရပါတယ္။

ကမာၻ႔ေဘာလုံးပရိသတ္ အမ်ားစုရဲ႕ အခိုင္အမာ အားေပးမႈကို ရရွိထားတဲ့ ယူႏိုက္တက္ဟာ လတ္တေလာမွာ က်ဆင္းမႈေတြနဲ႔ ရင္ဆိုင္ေနရသည့္တိုင္ နဂိုရွိရင္းစြဲ အမာခံ ပရိသတ္အင္အားက ေလ်ာ့က်သြားျခင္း မရွိေသးပါဘူး။

အြန္လိုင္း မဲေပးမႈေပါင္း ၁၇,၀၀၀ မွာ ၃၉.၉ ရာခိုင္ႏႈန္းက မန္ယူႏိုက္တက္ ပရိသတ္ေတြဟာ အဆိပ္အေတာက္ အျဖစ္ဆုံး အေနနဲ႔ မဲေပးေ႐ြးခ်ယ္ခံခဲ့ရၿပီး သူ႔ေနာက္မွာေတာ့ အာဆင္နယ္၊ လီဗာပူးတို႔က အစဥ္လိုက္ ရပ္တည္ေနပါတယ္။

အာဆင္နယ္ပရိသတ္ေတြက မဲအေရအတြက္ရဲ႕ ၂၇.၈ ရာခိုင္ႏႈန္း ရရွိခဲ့ၿပီး လီဗာပူး ပရိသတ္ေတြကေတာ့ မဲ အေရအတြက္ အားလုံးရဲ႕ ၁၉.၇ ရာခိုင္ႏႈန္း ရရွိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ရီးရဲယ္မက္ဒရစ္ ပရိသတ္ေတြက ရပ္တည္ေနၿပီး (၁၂.၆) ရာခိုင္ႏႈန္းက ရီးရဲယ္မက္ဒရစ္ ပရိသတ္ ေတြကို ဆိုးတဲ့ ပရိသတ္ေတြလို႔ ယူဆထားပါတယ္။

ရီးရဲယ္မက္ဒရစ္ပရိသတ္ေတြဟာ အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေတြျဖစ္ခဲ့တဲ့ ကာဆီးလက္စ္၊ ေရာ္နယ္ဒို၊ ဂါရတ္ေဘးလ္ တို႔ကို ျပန္လည္ ေလွာင္ေျပာင္ခဲ့တဲ့အတြက္ အခုလို စာရင္းထဲမွာ ပါဝင္လာတယ္လို႔ ယူဆရပါတယ္။

မန္ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ပရီးမီးယားလိဂ္ေခတ္ဦးပိုင္းထဲက ပရိသတ္အခိုင္အမာရရွိခဲ့တဲ့ အသင္းေတြျဖစ္ၿပီး လက္ရွိ အခ်ိန္မွာ ႏွစ္သင္းလုံးက ေအာင္ျမင္မႈရဖို႔ ႐ုန္းကန္ေနရတဲ့ အေနအထားလည္း ျဖစ္ပါတယ္။

အြန္လိုင္းေပၚမွာဆိုရင္လည္း မန္ယူ ပရိသတ္ေတြက အမ်ားနဲ႔တေယာက္ အေနအထားလို အၿမဲတမ္း ရင္ဆိုင္ေနရၿပီး အသင္း အႏိုင္ ရရွိခ်ိန္ျဖစ္ျဖစ္၊ ရႈံးနိမ့္ခ်ိန္ျဖစ္ျဖစ္ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ထိုးႏွက္ ေလွာင္ေျပာင္ ေဝဖန္မႈေတြနဲ႔ အၿမဲတေစ ရင္ဆိုင္ေနရတဲ့ အသင္းလည္း ျဖစ္ေနပါတယ္။