ကစားပုံ အားရနေတဲ့ အာတီတာ၊ အသင်းခေါင်းဆောင် လက်ပတ် ကိစ္စနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် အသင်းက နာပိုလီ ကြယ်ပွင့်ဖြစ်တဲ့ ဖေဘီယန် ရူဇ် ကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ပါဝင်လာပြီလို့ ဆိုပါတယ်။ ဒီ ကစားသမားအတွက် ပေါင် ၁၆ သန်း သတ်မှတ်ထားပြီး ဘာစီလိုနာနဲ့ ရီးရဲလ် တို့နဲ့လည်း သတင်းထွက်နေတာပါ။

အာဆင်နယ် နည်းပြ အာတီတာက သူ့အနေနဲ့ ဘရန်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ပွဲက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်ဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ကစားပုံ အလွန် ကောင်းမွန်ခဲ့ကြောင်း၊ နိုင်လိုစိတ်ပြင်းထန်မှုကို ပြသနိုင်ခဲ့ကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်းက သူတို့ ကွင်းသစ်ဖြစ်တဲ့ အီမရိတ် ကို ပြောင်းရွှေ့ပြီးနောက် ၆၀၀ နဲ့ ၆၀၁ ဂိုးမြှောက်ကို ၂၉၇ ပွဲ နဲ့ သွင်းယူနိူင်ခဲ့ပါတယ်။ အာဆင်နယ်ထက် ကွင်းတစ်ခုထဲမှာ ကစားပွဲ နည်းနည်း နဲ့ ဂိုး ၆၀၀ ကျော် သွင်းနိူင်တာဆိုလို့ မန်စီးတီး (အီတီဟတ် ကွင်း) ၂၉၀ ပွဲ နဲ့ မန်ယူ (အိုးထရက်ဖိုဒ့်) ၂၈၃ ပွဲတို့ပဲ ရှိပါတော့တယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်ဟာ လက်ရှိအခြေအနေဟာ သူ့အတွက်တော့ အံအားသင့်ဖွယ် ကောင်းခဲ့ကြောင်း၊ သူနဲ့ ဆာကာတို့ဟာ လူငယ်အကယ်ဒမီကနေ အတူလာခဲ့ပြီး ဂိုးသွင်းပြီး ပရိသတ်တွေက သူတို့ရဲ့ နာမည်ကို အော်ဟစ် အားပေးသံကြားရတာ ခမ်းနားလွန်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဘရန်ဖို့ဒ်ကိုနဲ့ပွဲစဉ်မှာ ဂျာကာအနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဘာကြောင့် ငြင်းခဲ့သလဲ ဆိုတာ ဖြေရှင်းခဲ့ပါတယ်။

လာကာဇက်ကို လူစားလဲပြီးနောက် အန်တီတက်ချ်အနေနဲ့ ဂျာကာထံ အသင်းခေါင်းဆောင်သွားပေးရာမှာ ငြင်းခဲ့ တာကြောင့် တီယာနေးကို ပေးခဲ့ပါတယ်။ အစောကတည်းက အသင်းခေါင်းဆောင် လက်ပတ်ဟာ တီယာနေး အတွက် ဖြစ်ကြောင်း၊ ဒါကို အန်ကီတက်ချ်က မသိခဲ့တာဖြစ်နိုင်ကြောင်း၊ ဂျာကာ အနေနဲ့လည်း အန်ကီတက်ချ်ကို ပေးသင့်တယ်လို့ ပြောဆိုခဲ့ကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။

အင်္ဂလန် ဝါရင့်နည်းပြကြီး ဆမ်အလာဒွိုက်စ်ကတော့ အူဘာမီယန်ရဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နည်းပြ အာတီတာရဲ့ ကိုင်တွယ်ပုံကို ချီးကျူးခဲ့ပြီး ဒါက မင်းဟာ မင်း ဘာကောင်ကြီးပဲဖြစ်ဖြစ် အသင်းနဲ့ မန်နေဂျာအပေါ် မလေးမစား လုပ်ရင်တော့ အသင်းကနေ ထွက်ခွာရမယ်ဆိုတာ ပြသခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်အနေနဲ့ နွေရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်လို နေတာ ဖြစ်ပါတယ်။