မန်ယူ အသင်းသားတွေ စိတ်ဝမ်းကွဲတယ် ပြောနေကြပေမယ့် စည်းလုံးနေတာ ပြနိုင်ခဲ့ပြီလို့ ဒိုလေး ပြော

မန်ယူ အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အသင်းသားတွေ စည်းလုံးမှုရှိတယ်ဆိုတာကို လိဒ်စ်နဲ့ ပွဲမှာ ပြသသွားခဲ့တယ်လို့ ရော်နယ်ဒို က ပြောလိုက်ပါတယ်။

ရော်နယ်ဒို နဲ့ မက်ဂွဲယား တို့ ဟာ အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ်သက်ပြီး အကွဲအပြဲဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ထွက်ခဲ့တာပါ။ဒီသတင်းတွေကို ယာယီနည်းပြ ရက်ဂ်နစ်နဲ့ မက်ဂွဲယား တို့က ငြင်းထားတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ လိဒ်စ် ကို အနိုင်ရတဲ့ ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းသား အားလုံးဟာ တစိတ်တဝမ်းထဲမှာ ရှိနေတယ် လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို က “ချန်ပီယံလိဂ် ကို အာရုံစိုက်ပြီး မက်ဒရစ် ကို မသွားခင်မှာ အလွန်အရေးကြီးတဲ့ ပရီးမီးယားလိဂ် နိုင်ပွဲကို ရခဲ့ပါတယ်။ လမ်းကြောင်းပေါ်ပြန်တက်ပြီး ကျွန်တော်တို့ စည်းလုံးမှုရှိတယ်ဆိုတာကို ပြသခဲ့တယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ လိဒ်စ် အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အတွက် ဂိုးတွေကို မက်ဂွဲယား၊ဘရူနိုဖာနန်ဒတ်စ်၊ဖရက်ဒ်နဲ့ အီလန်ဂါ တို့က သွင်းယူခဲ့တာပါ။ လိဒ်စ် အတွက် ချေပဂိုးတွေကို ရိုဒရီဂိုနဲ့ ရာဖင်ဟာ တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်(၂)ပွဲဆက် အနိုင်ရပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်အဖြစ် အသလက်တီကို အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါ့အပြင် နောက် ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်ဖိုဒ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ZG

မန္ယူ အဝတ္လဲခန္းအတြင္းမွာ ကစားသမားေတြ စိတ္ဝမ္းကြဲျပားမႈေတြ ျဖစ္ေနတယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ အသင္းသားေတြ စည္းလုံးမႈရွိတယ္ဆိုတာကို လိဒ္စ္နဲ႔ ပြဲမွာ ျပသသြားခဲ့တယ္လို႔ ေရာ္နယ္ဒို က ေျပာလိုက္ပါတယ္။

ေရာ္နယ္ဒို နဲ႔ မက္ဂြဲယား တို႔ ဟာ အသင္းေခါင္းေဆာင္ ရာထူးနဲ႔ ပတ္သက္ၿပီး အကြဲအၿပဲျဖစ္ေနတယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက သတင္းေတြ ထြက္ခဲ့တာပါ။ဒီသတင္းေတြကို ယာယီနည္းျပ ရက္ဂ္နစ္နဲ႔ မက္ဂြဲယား တို႔က ျငင္းထားတာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ လိဒ္စ္ ကို အႏိုင္ရတဲ့ ပြဲမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းသား အားလုံးဟာ တစိတ္တ၀မ္းထဲမွာ ရွိေနတယ္ လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို က “ခ်န္ပီယံလိဂ္ ကို အာ႐ုံစိုက္ၿပီး မက္ဒရစ္ ကို မသြားခင္မွာ အလြန္အေရးႀကီးတဲ့ ပရီးမီးယားလိဂ္ ႏိုင္ပြဲကို ရခဲ့ပါတယ္။ လမ္းေၾကာင္းေပၚျပန္တက္ၿပီး ကြၽန္ေတာ္တို႔ စည္းလုံးမႈရွိတယ္ဆိုတာကို ျပသခဲ့တယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ လိဒ္စ္ အသင္းကို (၄)ဂိုး-(၂)ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အတြက္ ဂိုးေတြကို မက္ဂြဲယား၊ဘ႐ူႏိုဖာနန္ဒတ္စ္၊ဖရက္ဒ္နဲ႔ အီလန္ဂါ တို႔က သြင္းယူခဲ့တာပါ။ လိဒ္စ္ အတြက္ ေခ်ပဂိုးေတြကို ႐ိုဒရီဂိုနဲ႔ ရာဖင္ဟာ တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္(၂)ပြဲဆက္ အႏိုင္ရၿပီး အမွတ္ေပးဇယား အဆင့္(၄)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္ ပြဲစဥ္အျဖစ္ အသလက္တီကို အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာပါ။ ဒါ့အျပင္ ေနာက္ ပရီးမီးယားလိဂ္ပြဲအျဖစ္ ဝက္ဖိုဒ့္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။