တောရက်စ် ရှက်ချန်ကိုနဲ့ နှိုင်းခံရတဲ့ လူကာကူ၊ ရှုံးတာ အရေးမကြီး ဆိုတဲ့ ပက်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းအနေနဲ့ ဒီရာသီမှာ ရမှတ် ၉၆ မှတ်အထိ ရယူနိုင်ဖို့ ရည်မှန်းနေပါတယ်။ သူတု့ိဟာ နိုင်ပွဲတွေများစွာရယူပြီး ၉၅ မှတ်၊ ၉၆ မှတ်နဲ့ ချန်ပီယံဖြစ်နိုင်ကြောင်း၊ ရှုံးပွဲကြုံတာက အရေးမကြီးဘဲ ဘယ်လိုရှုံးခဲ့သလဲ ဆိုတာသာ အရေးပါကြောင်း ဂွါဒီယိုလာ မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က တိုက်စစ်မှူး လူကာကူအနေနဲ့အသင်းမှာ ရနု်းကန်နေရခြင်းကို ဖာနန်ဒိုတောရက်စ်၊ ရှက်ဗ်ချင်ကိုတို့ရဲ့ ဖြစ်ရပ်နဲ့ ခိုင်းနှိုင်းခဲ့ပြီး ချဲလ်ဆီးဟာ အတိတ်မှာတုန်းကလည်း တိုက်စစ်မှူးတွေ ရုန်းကန်ခဲ့ရတဲ့ အစဉ်အလာရှိကြောင်း၊ ချဲလ်ဆီးအသင်းဟာ ကစားဖို့ လွယ်ကူတဲ့နေရာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက လူငယ်ကြယ်ပွင့် ပတ်ဒရီဟာ အသက် ၁၉ နှစ်အရွယ်သာ ရှိနေပေမဲ့ ထိပ်တန်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပတ်ဒရီဟာ ထူးခြားတဲံ ကစားသမားဖြစ်ပြီး သူ့လောက်အလားအလာကောင်းသူမျိုး မရှိတော့ကြောင်း မှတ်ချက်ပြုချီးကျူးခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဆန်ချိုအနေနဲ့ ဂရင်းဝုဒ်နဲ့ မာရှယ်လ်တို့ မရှိတော့တဲ့ အနေအထားမှာ အမြဲတမ်း ပုံမှန် ကစားခွင့် ရတော့မှာဖြစ်ကြောင်း၊ ဆန်ချိုလို ကစားသမားမျိုးအနေနဲ့ပုံမှန်ကစားခွင့်တစ်နေရာကို ရသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက လူငယ်ကြယ်ပွင့် စမစ်ရို့စ်အနေနဲ့ နံပါတ် ၉ အဖြစ် ကစားရာမှာလည်း အလွန် ကောင်းမွန်သူဖြစ်ကြောင်း ချီးကျုးခဲ့ပါတယ်။ “သူက ဘယ်တောင်ပံမှာ ကစားနိုင်သလို ကွင်းလယ်တိုက်စစ် အဖြစ်လည်း ကစားနိုင်ပါတယ်။ နံပါတ် ၉ အဖြစ် ကစားရာမှာလည်း အလွန် အလွန် ကောင်းပါတယ်”လို့ အာတီတာက ဆိုခဲ့တာပါ။

ရီးရဲမက်ဒရစ်ကတော့ ပီအက်စ်ဂျိတိုက်စစ်မှူး အမ်ဘာပေကို သတိပေးမှုပြုလုပ်ခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ နွေရာသီမှာ အသင်းရဲ့ ကမ်းလှမ်းမှုကို လက်မခံဘူးဆိုရင် နောက်ရီးရဲမှာကစားခွင့်ရတော့မှာ မဟုတ်ကြောငး သတိပေးခဲ့တယ်လို့ စပိန်သတင်းစာတွေက ဖောြ်ပနေကြပါတယ်။ အမ်ဘာပေဟာ လာမဲ့နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးရဲကို အလွတ်နဲ့ ပြောင်းရွှေ့နိုင်မှာပါ။

ဥရောပထိပ်သီးအသင်း ၃ သင်းဖြစ်ကြတဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ရီးရဲမက်ဒရစ်တို့ဟာ လာမဲ့နွေရာသီ အပြောင်း အရွှေ့မှာ ချစ်ကြည်ရေးဖလားပြိုင်ပွဲ ကျင်းပသွားဖို့ စီစဉ်လျက်ရှိပါတယ်။ အဆိုပါ ၃ သင်းဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲကနေ မထွက်ဘဲ ကျန်ရှိနေတဲ့ အသင်း ၃ သင်းလည်း ဖြစ်ပြီး အေစီမီလန်ကို ဖိတ်ခေါ်သွားဖို့ လုပ်ဆောင်နေပါတယ်။