အင်တာ ပြန်ချင်တဲ့ လူကာကူ၊ သီယာဂိုဆေးလ်ဗား ဂုဏ်ယူမှု၊ ဂယ်လင်ဟာ၊ ပေါ့ဘာနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
လူကာကူ လာမယ့်နွေမှာ အင်တာမီလန် အသင်းထံ ပြန်သွားလိုနေပြီး လစာလည်း အများကြီး လျှော့ယူဖို့လည်း အသင့် ရှိနေကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ အင်တာ ပရိသတ်တွေက လူကာကူ ကို ခါးသီးကြပေမယ့် ဘယ်လ်ဂျီယံသားက လစာကို ယခင် အင်တာမှာ ရခဲ့တာထက် လျှော့ယူပေးချင်တာကြောင့် အင်တာ အကြီးအကဲတွေက စိတ်ဝင်စားနေပါတယ်။
စပါးတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ကွင်းလယ်လူကန်တီဟာ ချဲလ်ဆီးမှာ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမား ဖြစ်ကြောင်း၊ ကန်တီဟာ ချဲလ်ဆီးမှာ နည်းပြတိုင်းနဲ့ အဆင်ပြေပြီး ခြေစွမ်းပြနိုင်ခဲ့ကြောင်း၊ နောက်တန်း ၄ယောက်ရှေ့မှာ ကန်တီကို ထားကစားရင် ဆုဖလားအောင်မြင်မှုတွေ ရရှိမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက သူ့အနေနဲ့ ချဲလ်ဆီးမှာ ကစားနေရတာကို ဂုဏ်ယူလျက်ရှိကြောင်း၊ ပရိသတ်တွေက သူ့နာမည်ကို အမြဲတမ်းသီချင်းလုပ်ဆိုနေတာက မှော်ဆန်တဲ့အရာဖြစ်ကြောင်း၊ဒီလိုအောင်မြင်မှုမျိုး ရရှိလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက လက်ရှိချဲလ်ဆီးနည်းပြတူချယ်ရဲ့ ကစားကွက်ဟာ တိုက်စစ်မှူးလူကာကူနဲ့ အံ့ဝင်မှု မရှိဘူးလို့ ထောက်ပြသွားခဲ့ပါတယ်။

လူကာကူဟာ အင်တာမှာတုန်းက ကွန်တီရဲ့ တန်ပြန် တိုက်စစ်ကစားဟန်မှာ အံ့ဝင်ရာမှာ သူက ခွန်အားကိုအသုံးပြုပြီး နေရာလွတ်တွေကို ပြေးလွှားတတ်ကြောင်း၊ ချဲလ်ဆီးကတော့ ဘောလုံးအတိုပေးတွေနဲ့ အင်တာနဲ့ ကွဲပြားစွာ ကစားတဲ့ အသင်းဖြစ်ကြောင်း၊ လူကာကူ ရွှေ့လျားရမဲ့ နေရာလွတ်သိပ်မရှိကြောင်း ကာပယ်လိုက ဆိုခဲ့ပါတယ်။
အာဆင်နယ်ကစားသမာဟောင်း မိုက်ကယ်သောမတ်က ဒီရာသီပြီးနောက် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့ ပရီးမီးယားလိဂ်မှာဆက်နေတော့မယ်မထင်ကြောင်း၊ တကယ်လို့ ပေါ့ဂ်ဘာ အနေနဲ့ ပရီးမီးယားလိဂ်မှာဆက်နေရင် ပြောင်းရွှေ့စရာ ဆိုလို့ ချဲလ်ဆီးတစ်သင်းတည်းသာရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပဲလေ့စ်မှာ အငှားနဲ့ ကစားနေတဲ့ ချဲလ်ဆီးလူငယ်ကြယ်ပွင့် ဂယ်လင်ဟာအနေနဲ့ လာမဲ့ရာသီ ချဲလ်ဆီးအသင်းကြီးမှာ နေရာ ရလာမှာဖြစ်ကြောင်း၊ ဂယ်လင်ဟာရဲ့ပုံစံကမစ်ဆန်မောင့်တစ်ယောက် ချဲလ်ဆီးကို ပြန်လာစဉ်ကနဲ့ အတူတူပင် ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က သူ့အနေနဲ့ လိုင်လီနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်လူ ကိုဗာဆစ်နဲ့ ပတ်သက်ပြီး အမှားကျူးလွန်မိခဲ့ကြောင်း၊ သူ့အနေနဲ့ ကိုဗာဆစ်ကို ပထမပိုင်းခပ်စောစောမှာကတည်းက လူစားလဲခဲ့သင့်တာဖြစ်ကြောင်း၊ အခုတော့ သူ့အခြေအနေကို မသိရကြောင်း၊ ဇီးယက်ချ်ရဲ့ အခြေအနေကလည်း မဆိုးရွားဖို့ မျှော်လင့်မိကြာင်း ထုတ်ဖော်ခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်အနေနဲ့ ဟာဇက်လို အဆင့်အတန်းမျိုးရောက်ဖို့အတွက် ်ခံစစ် ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ဆုံရာမှာ ခြေစွမ်းပိုင်းတိုးတက်ဖို့လိုအပ်နေကြောင်း၊ ပူလီဆစ်ထံမှာ ဟာဇက်လိုရွေ့လျားမှုမျိုး တွေ့မြင်ရခြင်း မရှိသေးကြောင်း အွန်နရီက သုံးသပ်ခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ပဲလေ့စ်ကွင်းလယ်လူ အိုလစ်ကိုခေါ်ယူဖို့အတွက် အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ အပြိုင် ကြိုးပမ်းလျက်ရှိနေကြောင်း သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ အဆိုပါ ၂၀ နှစ်အရွယ်ကြယ်ပွင့်ကို ထိပ်သီးအသင်းတွေက ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရပါတယ။် အိုလစ်ဟာ သူ့ရဲ့ လူငယ်ကစားသမားဘဝကို ချဲလ်ဆီးမှာ ဖြတ်သန်းခဲ့ဖူးသူပါ။