လာကာ သွင်းဂိုးတွေ ပိုမျှော်ခြင်း၊ မက်ဆေ့ပို့တဲ့ အူဘာ၊ မာတင်နယ်လီရဲ့ အံံဖွယ်ပြိုင်ဘက်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ ဝုဖ်နဲ့ပွဲမှာ ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟခဲ့ပါတယ်။ ထိပ်သီးအသင်းကြီးတွေ တည်ရှိရမဲ့ အဆင့် ၃၊ ၄ နေရာကို ရောက်ဖို့ဆိုရင်ဒုတိယပိုင်းမှာ အလဲထိုးနိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က သူ့အနေနဲ့ လာကာဇက်လို တိုက်စစ်မူှးမျိုးဆီက သွင်းဂိုးတွေ ပိုမိုမျှော်လင့်ထားကြောင့်၊ လာကာဇက်ဟာ ရှေ့မှာ မနေဘဲ ကွင်းလယ်ထိရောက်နေကြောင်း၊လာကာဇက်အနေနဲ့ အသင်းဖော်တွေနဲ့ ပြန်ဆင်းပြီး ချိတ်ဆက်ရတယ်ဆိုပေမဲ့ ရှေ့မှာဒီထက်ပိုပြီး နေသင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ် တိုက်စ်စမှူး မာတင်နယ်လီက သူ ရင်ဆိုင်ဖူးသမျှထဲ အခက်ခဲဆုံးပြိုင်ဘက်ကို ရွေးချယ်ရာမှာ ပြီးခဲ့တဲ့ အက်ဖ်အေ ဖလားပြိုင်ပွဲမှာမှ တွေ့ဆုံခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် နောက်ခံလူ Djed Spence ကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ပါတယ်။

အာဆင်နယ် နည်းပြအာ တီတာက ဒိန်းမတ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားအနေနဲ့ အသင်းမှာ ပြန်လည်အ ချိန်ပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေနဲ့လည်း ဝီလ်ရှိုင်းယားကို ကူညီနိုင်ခဲ့တယ် လို့ မျှော်လင့်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ကစားသမားဟောင်း ဒီယွန်က အာဆင်နယ်အနေနဲ့ဒီရာသီမှာ အဆင့်လေး နေရာအစား ချဲလ်ဆီးရဲ့ အဆင့် ၃ နေရာကို ပစ်မှတ်ထားသင့်ကြောင်း၊ အာဆင်နယ်က လက်ကျန်ပွဲတွေကိုအနိုင်ရလိုက်ရင် ချဲလ်ဆီးနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းသွားမှာဖြစ်ကြောင်း ထောက်ပြ တိုက်တွန်းခဲ့ပါတယ်။
ဝုဗ် အသင်းသားတွေက အာဆင်နယ်ရဲ့ အောင်ပွဲခံပုံစံကို ဝေဖန်ခဲ့ပေမဲ့ ဝုဖ်နည်းပြ ဘရူနိုလိတ်ကတော့ အာဆင်နယ်ရဲ့ အောင်ပွဲခံဟန်ကို ကာကွယ် ပြောဆို သွားခဲ့ပါတယ်။

ဘောလုံးမှာ အောင်ပွဲခံမှုတွေ၊ သွင်းဂိုးတွေနဲ့ တည်ဆောက် ထားတာ ဖြစ်ကြောင်း၊ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းတဲ့အခါ အကောင်းဆုံးနည်းလမ်းနဲ့ အောင်ပွဲခံဖို့ လိုအပ်ကြောင်း၊ ပထမအကျော့ အာဆင်နယ်ရဲ့အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ကြောင်း၊မိမိအတွက်တော့ ဒါဟာ ပြဿနာမဟုတ်ကြောင်း ဘရူနိုလိတ်က ဆိုခဲ့တာပါ။
အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်က ဝုဖ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာဆင်နယ်အတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ အသင်းဖော်ဟောင်း လာကာဇက်ကို ဂုဏ်ပြု မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ အူဘာမီယန်ဟာသူ့အနေနဲ့ အာဆင်နယ် ပွဲတွေကို တတ်နိုင်သလောက်ကြည့်ဖြစ်ကြောင်း၊ ဘရန်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲကိုလည်း ကြည့်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်အနေနဲ့ အဖျားဝေဒနာကြောင့် ဝုဖ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စမစ်ရို့စ်ဟာ ဒီရာသီမှာ ခြေစွမ်းပြဂိုးတွေသွင်းယူထားပြီး ၁၀ဂိုးအထိ သွင်းထားနိုင်သူ ဖြစ်ပါတယ်။