ပရီးမီးယားလိဂ်ကနေ နောဝစ်ချ်ကို ထုတ်လိုက်ဖို့ လှောင်ပြောင် တောင်းဆိုလာကြတဲ့ ပရိသတ်များ
နောဝစ်ချ် အသင်းဟာ ညကပွဲမှာ ချယ်ဆီးကို ၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစွမ်း ဆိုးဝါးလွန်း တာကြောင့် ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်သင့်ကြောင်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီရာသီ တန်းတက် နောဝစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းဖြစ်ပြီး ဘယ်တော့မှ တန်းတက်မလာသင့်တဲ့အသင်း ဖြစ်တယ်လို့ ပရိသတ်တွေက တွစ်တာကနေ ဝေဖန်ပါတယ်။
ပရိသတ်တစ်ဦးကတော့ နောဝစ်ချ် အသင်းကို ချက်ချင်းတန်းဆင်းစေသင့်ပြီး ချန်ပီယံရှစ်က ထိပ်ဆုံး အသင်းကို အစားထိုး ကစားခွင့်ပြုသင့်ကြောင်း၊ ပရီးမီးယားလိဂ်ကနေ ၅ နှစ် ထုတ်ပယ်သင့်ကြောင်း တွစ်တာကနေ လှောင်ပြောင်ခဲ့ပါတယ်။
နောဝစ်ချ် အသင်းရဲ့ ခြေစွမ်းကောင်းခဲ့တာမှန်ပေမဲ့ ၎င်းတို့ရဲ့ခြေစွမ်းက လွန်ခဲ့တဲ့နှစ်တွေကနဲ့ မတူတော့ဘဲ သမိုင်းတလျှောက် အဆိုးရွားဆုံး အသင်းဖြစ်နေပြီလို့လည်း ပရိသတ်တစ်ဦးက ဝေဖန်ခဲ့ပါတယ်။
မနှစ်က ချန်ပီယံရှစ်ကနေ ချန်ပီယံအသင်းအနေနဲ့ တန်းတက်လာတဲ့ နောဝစ်ချ်ဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ ဘရိုက်တန်နဲ့ ဘန်လေ ၂ သင်းကိုသာ သရေကစားခဲ့ပြီး ၇ ပွဲအထိ ရှုံးပွဲ တွေ့ထားပါတယ်။

ZG
နောဝစ်ခ်ျ အသင်းဟာ ညကပွဲမှာ ချယ်ဆီးကို ၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစွမ်း ဆိုးဝါးလွန်း တာကြောင့် ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်သင့်ကြောင်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။
ဒီရာသီ တန်းတက် နောဝစ်ခ်ျအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းဖြစ်ပြီး ဘယ်တော့မှ တန်းတက်မလာသင့်တဲ့အသင်း ဖြစ်တယ်လို့ ပရိသတ်တွေက တွစ်တာကနေ ဝေဖန်ပါတယ်။
ပရိသတ်တစ်ဦးကတော့ နောဝစ်ခ်ျ အသင်းကို ချက်ချင်းတန်းဆင်းစေသင့်ပြီး ချန်ပီယံရှစ်က ထိပ်ဆုံး အသင်းကို အစားထိုး ကစားခွင့်ပြုသင့်ကြောင်း၊ ပရီးမီးယားလိဂ်ကနေ ၅ နှစ် ထုတ်ပယ်သင့်ကြောင်း တွစ်တာကနေ လှောင်ပြောင်ခဲ့ပါတယ်။
နောဝစ်ခ်ျ အသင်းရဲ့ ခြေစွမ်းကောင်းခဲ့တာမှန်ပေမဲ့ ၄င်းတို့ရဲ့ခြေစွမ်းက လွန်ခဲ့တဲ့နှစ်တွေကနဲ့ မတူတော့ဘဲ သမိုင်းတလျှောက် အဆိုးရွားဆုံး အသင်းဖြစ်နေပြီလို့လည်း ပရိသတ်တစ်ဦးက ဝေဖန်ခဲ့ပါတယ်။
မနှစ်က ချန်ပီယံရှစ်ကနေ ချန်ပီယံအသင်းအနေနဲ့ တန်းတက်လာတဲ့ နောဝစ်ခ်ျဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ ဘရိုက်တန်နဲ့ ဘန်လေ ၂ သင်းကိုသာ သရေကစားခဲ့ပြီး ၇ ပွဲအထိ ရှုံးပွဲ တွေ့ထားပါတယ်။