အစွမ်းပြနေတဲ့ ဆန်ချို၊ သက်တမ်းတိုး ငြင်းလိုက်ပြန်တဲ့ ဘာပေ၊ ဂျိုတာ သတိပေးမှုနဲ့ ယနေ့ နံနက်ခင်း သတင်းများ
နယူးကာဆယ် နောက်ခံလူ ထရစ်ပီယာ က ဂျေဒန် ဆန်ချို ဟာ ထိပ်တန်းဆင့် ကစားသမား ဖြစ်တယ်ဆိုတာ ကို မန်ချက်စတာ ယူနိုက်တက် မှာ ပြသ နေပြီ ဖြစ်ပြီး ယူနိုက်တက် တို့ မှန်ကန်တဲ့ ခေါ်ယူမှု ကို ပြုလုပ် ခဲ့တာလို့ ပြောဆို ထောက်ခံ သွားခဲ့ပါတယ်။
မန်ယူနည်းပြရန်နစ်က တိုက်စစ်မှူး ရက်ဖို့ဒ်အနေနဲ့ လတ်တလောသူ့စွမ်းဆောင်ရည်အပေါ် ပျော်ရွှင်ခြင်းမရှိကြောင်း၊ ရက်ဖို့ဒ်နဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အပတ်တိုင်း ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိနေကြောင်း၊ရ က်ဖု့ိဒ်ဟာ လေ့ကျင့်ရေး ကွင်းမှာ ထိပ်တန်း စွမ်းဆောင်ရည်ကို ပြသလျက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ်နည်းပြအာတီတာက တိုက်စစ်မှူး လာကာဇက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူတို့အနေနဲ့ ရာသီကုန်မှာ ဘာဖြစ်မလဲ ဆိုတာ မသိရှိကြောင်း၊ လာကာဇက်ဟာ အသင်းမှာ ဆက်နေချင်တဲ့သူ တစ်ယောက်လိုပြုမူနေကြောင်း ထုတ်ဖော် ခဲ့ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ နာမည်ကြီး ဘာစီလိုနာက ဂါလာတာစာရေးနဲ့ တွေ့ဆုံနေပြီး ဆီဗီးလ်- ဝက်စ်ဟမ်း၊ အတ္တလန္တာ- လေဗာကူဆင်၊ လိုက်ပဇစ်- စပါးတပ်မော်စကို၊ ဘက်တစ်-ဖရန့်ဖတ်၊ ရိန်းဂျားစ်- ရက်စတား၊ ဘရာဂါ- မိုနာကို၊ ပေါ်တို-လိုင်ယွန် တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က လီဗာပူးအနေနဲ့ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တိုက်စစ်မှူး ဂျိုတာကို အလျင်စလို အသုံးမပြုသင့်ကြောင်း၊ ကလော့အနေနဲ့ ဂျိုတာကို အရန်ခုံမှာသာ ထားသင့်ကြောင်း၊ လီဗာပူးမှာ တခြားစွမ်းရည်ကောင်းတဲ့ ကစားသမားတွေရှိကြကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူး နဲ့ အာဆင်နယ် တို့ဟာ ရီးရဲမက်ဒရစ် တောင်ပံ ကစားသမား မားကိုစ့် အဆန်ဆီရို ကို အပြိုင် စိတ်ဝင်စား နေကြပြီး မက်ဒရစ် မှာ ရရှိတဲ့ လုပ်ခ ထက် ၅၀% ပိုပေးကာ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ်။
တော့တင်ဟမ် ဟော့စပါး နည်းပြ ကွန်တီ က သူဟာ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဟာ တိုက်စစ်မှူးအမ်ဘာပေ ကို ၂ နှစ်စာချုပ်သစ်၊ ဘာပေ အလိုရှိသလောက် လုပ်ခ လစာ နဲ့ ၂၀၂၃ မှာ ဆန္ဒ ရှိပါက စာချုပ် ဖျက်သိမ်းခွင့် တွေပါရှိတဲ့ စာချုပ်သစ် ကို ကမ်းလှမ်းခဲ့ပေမယ့် လမ်းခွဲဖို့ ဆုံးဖြတ် ထားတဲ့ ဘာပေ က ငြင်းပယ် သွားခဲ့တယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အနေနဲ့ အခုနှစ်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလကျင်းပဖို့ ကြံရွယ်ထားတဲ့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ် ကနေ ပြင်သစ်နိုင်ငံမှာ ပြောင်းလဲကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုလိုမျိုးစိတ်ထအားထက်သန်စွာ ကူညီပေးတဲ့ ပြင်သစ် အစိုးရကို ယူအီးအက်ဖ်အေဘက်က ကျေးဇူးတင်စကားဆိုခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာပါ။
အီတလီဘောလုံးအဖွဲ့ချုပ်က ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမဲ့ ပြည်တွင်းပွဲစဉ်အားလုံးကို ၅ မိနစ်နောက်ကျပြီးမှ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရုးရှားရဲ့ကျူးကျော်စစစ်ကို ဆင်နွှဲတာကို ဘောလုံးကမ္ဘာကလည်း နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတာပါ။
ဘရန့်ဖိုဒ့် အသင်းကို ပြောင်းရွှေ့ လာတဲ့ ဒိန်းမတ် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် ဟာ ဒီတပတ်မှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲမှာ ပါဝင် ကစားလိမ့်မယ်လို့ ဘရန့်ဖိုဒ့် နည်းပြက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။