ကာရာဘောင်းဖလား ဘယ်အသင်း ယူသွားမလဲ သုံးသပ်ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အိုဝင်
ဒီတပတ် တနင်္ဂနွေနေ့ ဝင်ဘာလေ ကွင်းကြီးမှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ အဖြစ် ချဲလ်ဆီးနဲ့ လီဗာပူးအသင်း တို့ ထိပ်တိုက် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ ဖေဖော်ဝါရီ ၂၇ ရက်၊ တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြရမှာပါ။ နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ ဗိုလ်လုပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဒီပွဲဟာ မှန်းရခက်ပါတယ်။ ချဲလ်ဆီးဟာ နိုင်ပွဲတွေ ရနေပေမယ့်လည်း သူတို့ရဲ့ ကစားပုံက အကောင်းကြီး မဟုတ်ပါဘူး။ လူကာကူနဲ့ပက်သက်ပြီး ပြသနာတွေ ရှိနေကာ တူချယ်အနေနဲ့ ဒီပွဲအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက် ချသွားရမှာပါ။ ခံစစ်ပိုင်းမှာတော့ သူတို့ဟာ ထိပ်တန်းအဆင့် ရှိနေဆဲ ဖြစ်ပြီး ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး ပုံစံရနေဖို့ လိုအပ်ပါတယ်။
လီဗာပူးဟာ ဒီရာသီရဲ့ အကောင်းဆုံး ပုံစံကို ရနေပါတယ်။ squad ကလည်း တအားကို တောင့်တင်းလျက် ရှိနေပြီး ကလော့အနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာပါ။ ကာလရှည် ပြိုင်ဘက်မရှိခဲ့တဲ့ front three ဟာ ဂျိုတာ နဲ့ လူးဝစ်ဒီယက် တို့ရဲ့ ပုံစံကောင်းတွေကြောင့် နေရာရဖို့ အာမခံချက် မရှိတော့ပါဘူး။
ဝင်ဘာလေမှာ ဖလားကိုင်မြှောက်ခြင်းဟာ ကလော့ရဲ့ သမိုင်းမှာ ပျောက်ဆုံးနေတဲ့ အရာတစ်ခုပါ။ သူတို့ဟာ ဒီပွဲအတွက် အားခဲနေမှာပါ။
ကျွန်တော် ကတော့ ဒီပွဲဟာ အကြိတ်အနယ် ဖြစ်ကာ ရလဒ်ပြတ်သားမှာ မဟုတ်တဲ့ပွဲလို့ ထင်ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ကပ်ပြီး နိုင်သွားပါလိမ့်မယ်။ ဒီပွဲမှာ ဆာလား ဂိုးသွင်းနိုင်ခဲ့မယ် ဆိုရင်လည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။
အိုဝင်ရဲ့ ရလဒ် ခန့်မှန်းချက် ကတော့ ချဲလ်ဆီး ၁-၂ လီဗာပူး ဖြစ်ပါတယ်။