ပေါ့ဘာနဲ့ ပီအက်စ်ဂျီ၊ ဘာဘာတော့ ခန့်မှန်း၊ ဆီမြွန်နီ ခန့်စေချင်တဲ့ ရွိုင်ကိန်းနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူ တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်က အခုတစ်ပတ် ယှဉ်ပြိုင်ရမဲ့ မန်ယူနဲ့ ဝက်ဖို့ဒ်တို့ပွဲစဉ်မှာ မန်ယူအနေနဲ့ ၃-၁ ဂိုးနဲ့ အနိုင် ရရှိမှာဖြစ်ကြောင်း၊ ပဲလေ့စ်နဲ့ပွဲမှာ ဝက်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်က ညံ့ဖျင်းခဲ့ကြောင်း၊ရန်နစ်ရဲ့အသင်းအနေနဲ့ ဒီပွဲမှာ စွမ်းရည်ကောင်း ပြနိုင်ဖို့ မျှော်လင့်ကြောင်း သုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရုရှားလေကြောင်းလိုင်းနဲ့ ချုပ်ဆိုထားတဲ့ ပေါင်သန်း ၄၀ တန် စာချုပ်တစ်ရပ်ကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။ မန်ယူအနေနဲ့ အဆိုပါလေကြောင်းလိုင်းနဲ့ ၂၀၁၃ ခုနှစ်ကတည်းက လက်တွဲလာခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ယူကရိန်းအရေးအကြောင့် စာချုပ် ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မူှးဟောင်း အနယ်လ်ကာက ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် မန်ယူဟာ သင့်တော်တဲ့အသင်း မဟုတ်ဘူးလို့ မှတ်ချက်ပြုလိုက်ပါတယ်။

တချို့က ပေါ့ဂ်ဘာဟာ ဒဏ်ရာတွေ ခဏခဏ ရနေတဲ့အတွက် ပီအက်စ်ဂျီနဲ့ လိုက်ဖက်မှာ မဟုတ်ဘူး လို့ ဝေဖန်မှုတွေ ရှိနေပေမဲ့ ပေါ့ဂ်ဘာဟာ မန်ယူမှာဖြတ်သန်းနေရတဲ့ ဘဝပုံစံကြောင့် ဒဏ်ရာတွေ ရနေခြင်း ဖြစ်ကာ လွန်ခဲ့တဲ့ ၆ လက ပေါ့ဂ်ဘာနဲ့ ဆွေးနွေးဖူးပြီး အဲဒီတုန်းက သူ ပီအက်စ်ဂျီကို ဆန့်ကျင်တဲ့ စကား မပြောကြောင်း အနယ်လ်ကာ က ထုတ်ဖော်ခဲ့ပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်းဂျွန်ဘန်းစ်က မန်ယူကွင်းလယ်လူ ဖရက်ဒ်အနေနဲ့ သူလုပ်နေတဲ့အလုပ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီထက် ပိုမိုတဲ့ လေစားမှုကို ရရှိသင့်ကြောင်း၊ ဖရက်ဒ်ဟာ သူပေးဆပ်နေတဲ့ ခြေစွမ်းနဲ့ နှိုင်းယှဉ်ကြည့်ရင်မမျှတစွာ ဆက်ဆံ ခံနေရကြောင်း၊ မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်ဟောင်း မာတင်ကီအွန်က ဒီရာသီ အဆင့်လေးဝင်ခွင့်ရဖို့အတွက် အာဆင်နယ်ထက် မန်ယူက ပိုမိုရေပန်းစားကြောင်း၊ ရန်နစ်အနေနဲ့မကြာခင်မှာ မန်ယူအတွက် နည်းပြကောင်းကို ရှာတွေ့မှာဖြစ်ပြီးအဆုံးအဖြတ ်ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူဟာ ကစားသမားဘဝကနေ အနားယူသင့်ပြီ ဆိုတဲ့ ဝေဖန်ချက်တွေကို တုံ့ပြန်ခဲ့ပြီး မိမိအနေနဲ့ အနည်းဆုံး နောက်ထပ်၄ နှစ်၊ ၅ နှစ်လောက် ဆက်ကစားနိုင်သေးကြောင်း၊ အသက်၃၅ နှစ်အရွယ်နဲ့ ၁၈၊ ၂၀ နှစ်အရွယ်တော့ တူညီမှာတော့ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ တိုက်စစ်ကစားသမား ဆန်ချိုက သူတို့အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဆုဖလားရရှိဖို့ တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင် ထားကြောင်း၊ သူတို့ ကစားသမားတွေတစ်ဦးချင်းအနေနဲ့ အကောင်းဆုံး ကြိုးပမ်းရမှာဖြစ်ပြီးဗိုလ်လုပွဲကို ရောက်ရှိဖို့ တစ်ပွဲချင်းစီ ဖြတ်ကျော်သွားရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်းကတော့ သူ့အသင်းဟောင်းအနေနဲ့ အမြဲတမ်းနည်းပြ အဖြစ် အက်သလက် နည်းပြဆီမြွှန်နီကို ခန့်အပ်ဖို့ အကြံပြုခဲ့ပါတယ်။ ဆီမြွှန်နီဟာ မန်ယူအတွက် မှန်ကန်သင့်တော်တဲ့ နည်းပြဖြစ်ပြီး မန်ယူ အနေနဲ့ ငွေပုံအောသင့်ကြောင်း ရွိုင်ကိန်းက ဆိုခဲ့တာပါ။