၂၁ မှတ် ဖြတ်ခံရပြီး ရုန်းနေဆဲမှာပဲ နောက်ထပ် ၁၅ မှတ် လျှော့ခံရဖွယ် ရှိလာပြန်တဲ့ ရွန်းနီရဲ့ ဒါဘီ

ရွန်းနီ နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီဟာ ဒီရာသီမှာ ရမှတ် (၂၁) မှတ် လျှော့ချခံရပြီး အမှတ်ပေးဇယား အောက်ဆုံးအထိ ရောက်ရှိခဲ့ရပါတယ်။

ဒါပေမယ့် ရွန်းနီရဲ့ ဦးဆောင်မှု၊ ကစားသမားတွေရဲ့ မဆုတ်မနစ်ကြိုးစားမှုတွေအောက်မှာ အသင်းက တန်းဆင်းဇုန်က လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။

ကံမကောင်းချင်တော့လည်း လက်ရှိအချိန်အထိ ဒါဘီက အသင်းပိုင်ရှင်သစ် ရှာမရသေးဘဲ နောက်ထပ် (၁၅) မှတ် ထပ်မံလျှော့ချခံရနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။ ရွန်းနီရဲ့ ဒါဘီကတော့ အင်္ဂလန်မှာ အမှတ်လျှော့ခံရနေကျ ဖောက်သည်ကြီး ဖြစ်လာနေတာပါ။

ဒါပေမယ့် ဒါက ဒီရာသီမှာ ရင်ဆိုင်ရမှာ မဟုတ်ဘဲ ရာသီကုန်ချိန်မှာ အသင်းအတွက် ပိုင်ရှင်သစ် မရှာတွေ့ရင် ရင်ဆိုင်ရမယ့် အနေအထားလို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဒါဘီကို ဝယ်ယူဖို့ ဆွေးနွေးမှုတွေရှိနေပေမယ့် အခြေအနေတွေက သိသာ တိုးတက်မှု မရှိပါဘူး။ အဲ့ဒါကြောင့် ဒါဘီအနေနဲ့ လာမယ့်ရာသီမှာ လိဂ်ချန်ပီယံရှစ်မှာ ဆက်ရှိသည်ဖြစ်စေ၊ လိဂ်ဝမ်းကို တန်းဆင်းရသည်ဖြစ်စေ အခုတိုင်း ပိုင်ရှင်သစ် မရှိဘူးဆိုရင် (၁၅) မှတ် လျှော့ ပြစ်ဒဏ်နဲ့ ရာသီသစ်ကို ဖွင့်လှစ်ရမှာပါ။

ဒါဘီဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက,ကစားသမားအချို့ကို ဈေးပေါပေါနဲ့ ရောင်း ထုတ်ခဲ့ရပြီး နည်းပြ ရွန်းနီကိုလည်း အဲဗာတန်က ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ရွန်းနီကတော့ ဒါဘီမှာသာ ဆက်ရှိမယ်လို့ ဆိုကာ အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ZG

႐ြန္းနီ နည္းျပအျဖစ္ ကိုင္တြယ္ေနတဲ့ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဒါဘီဟာ ဒီရာသီမွာ ရမွတ္ (၂၁) မွတ္ ေလွ်ာ့ခ်ခံရၿပီး အမွတ္ေပးဇယား ေအာက္ဆုံးအထိ ေရာက္ရွိခဲ့ရပါတယ္။

ဒါေပမယ့္ ႐ြန္းနီရဲ႕ ဦးေဆာင္မႈ၊ ကစားသမားေတြရဲ႕ မဆုတ္မနစ္ႀကိဳးစားမႈေတြေအာက္မွာ အသင္းက တန္းဆင္းဇုန္က လြတ္ေျမာက္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိလာခဲ့ပါတယ္။

ကံမေကာင္းခ်င္ေတာ့လည္း လက္ရွိအခ်ိန္အထိ ဒါဘီက အသင္းပိုင္ရွင္သစ္ ရွာမရေသးဘဲ ေနာက္ထပ္ (၁၅) မွတ္ ထပ္မံေလွ်ာ့ခ်ခံရႏိုင္ေျခရွိတယ္လို႔ သိရွိရပါတယ္။ ရြန္းနီရဲ႕ ဒါဘီကေတာ့ အဂၤလန္မွာ အမွတ္ေလွ်ာ့ခံရေနက် ေဖာက္သည္ၾကီး ျဖစ္လာေနတာပါ။

ဒါေပမယ့္ ဒါက ဒီရာသီမွာ ရင္ဆိုင္ရမွာ မဟုတ္ဘဲ ရာသီကုန္ခ်ိန္မွာ အသင္းအတြက္ ပိုင္ရွင္သစ္ မရွာေတြ႕ရင္ ရင္ဆိုင္ရမယ့္ အေနအထားလို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ ဒါဘီကို ဝယ္ယူဖို႔ ေဆြးေႏြးမႈေတြရွိေနေပမယ့္ အေျခအေနေတြက သိသာ တိုးတက္မႈ မရွိပါဘူး။ အဲ့ဒါေၾကာင့္ ဒါဘီအေနနဲ႔ လာမယ့္ရာသီမွာ လိဂ္ခ်န္ပီယံရွစ္မွာ ဆက္ရွိသည္ျဖစ္ေစ၊ လိဂ္ဝမ္းကို တန္းဆင္းရသည္ျဖစ္ေစ အခုတိုင္း ပိုင္ရွင္သစ္ မရွိဘူးဆိုရင္ (၁၅) မွတ္ ေလွ်ာ့ ျပစ္ဒဏ္နဲ႔ ရာသီသစ္ကို ဖြင့္လွစ္ရမွာပါ။

ဒါဘီဟာ ၿပီးခဲ့တဲ့ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ အဓိက,ကစားသမားအခ်ိဳ႕ကို ေစ်းေပါေပါနဲ႔ ေရာင္း ထုတ္ခဲ့ရၿပီး နည္းျပ ႐ြန္းနီကိုလည္း အဲဗာတန္က ကမ္းလွမ္းခဲ့ပါေသးတယ္။ ဒါေပမယ့္ ႐ြန္းနီကေတာ့ ဒါဘီမွာသာ ဆက္ရွိမယ္လို႔ ဆိုကာ အဲဗာတန္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။