မန်စီးတီးကို အပြန်အလှန် တိုက်စစ်ယှဉ်ကစားတာ ၅ သင်းပဲ ရှိတယ်လို့ ဂွာဒီယိုလာ ပြော

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ်ရဲ့ အသင်း အများစုဟာ သူ့ရဲ့ အသင်းနဲ့ ရင်ဆိုင်ကစားရာမှာ ခံစစ်ကို အထိုင်ချကာ ကစားလေ့ ရှိတယ်လို့ ဆိုလိုက်ပြီး အသင်း အနည်းငယ်သာ တိုက်စစ်ယှဉ်ကစားကြတာ လို့ ပြောဆို သွားပါတယ်။

ပရီးမီးယားလိဂ်မှာ အသင်း ၅ သင်းသာ သူတို့ကို အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့တယ်လို့ ဂွာဒီယိုလာက အခုလို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် အသင်း အများစုဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရာမှာ ခံစစ်ကို အထိုင်ချကစားလေ့ ရှိတဲ့ အပေါ် မေးမြန်းရာမှာ ပက်က “ကျွန်တော်တို့ဟာ သူတို့ကို ဒီလိုမျိုး အခြေအနေ ဖြစ်အောင် တွန်းပို့တယ် ဆိုတာ ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် လီဗာပူး ဘရိုက်တန် အာဆင်နယ် အက်စတွန်ဗီလာ နဲ့ လိဒ်ယူနိုက်တက် တို့ကလွဲပြီး ကျန်အသင်း အများစု ကတော့ ခံစစ်ကို အထိုင်ချ ကစားပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ကောင်းမွန်တဲ့ ကစားကွက် တည်ေ်ဆာက် တိုက်စစ်ဆင်လာတဲ့ အခါကျရင် သူတို့ဟာ ခံစစ်ကို အထိုင်ချလိုက်ပါတယ်။ ဒါပေမယ့် ဒီလို ကစားတာနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းမှု ရှိတယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ မန်နေဂျာတိုင်းဟာ သူတို့ အလို ရှိတာကို လုပ်နိုင်ပါတယ်။

သူတို့ရဲ့ ခံစစ်ကို ဖောက်ထွင်းဖို့ဟာ ကျွန်တော်တို့ လက်ထဲမှာပါ။ high pressing အသင်းတွေကို ဘယ်လို ရင်ဆိုင်ရမလဲ အသင်းတွေ ခံစစ်ကို အထိုင်ချကစားရင် ဘယ်လို လုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိနေရမှာပါ။

အရေးကြီးတာ တစ်ခု ကတော့ စိတ်ရှည်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဂိုးမပေးရဖို့ ခံစစ်ကြောင်းကို တိုက်ရိုက် ပြေးလွှားမှုတွေ မလုပ်ဖို့ နဲ့ တန်ပြန်တိုက်စစ်တွေ ခွင့်မပြုဖို့ ဖြစ်ပြီး စိတ်ရှည်ရှည် ကစားကာ အချိန်ကောင်းမှာ ကျွန်တော် တို့ ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။” လို့ ပြောဆိုခဲ့ ပါတယ်။

ဂွာဒီယိုလာက စီးတီး ပရိတ်သတ်တွေ အနေနဲ့ လက်ကျန် ၁၁ ပွဲမှာ အဲဗာတန်နဲ့ ပွဲစဉ်က ရလဒ်မျိုးတွေကိုသာ အများစု မြင်တွေ့ရလိမ့်မယ်လို့ ဆိုခဲ့ပြီး ရာသီအစပိုင်းကလိုမျိုး ၇-၀ ၅-၀ ရလဒ်တွေကို မြင်တွေ့ရမယ့် နေ့ရက်တွေဟာ ပြီးဆုံးသွားပြီလို့ သတိပေးခဲ့ပါသေးတယ်။

Zawgyi

မန္စီးတီး နည္းျပ ပက္ဂြာဒီယိုလာက ပရီးမီးယားလိဂ္ရဲ႕ အသင္း အမ်ားစုဟာ သူ႔ရဲ႕ အသင္းနဲ႔ ရင္ဆိုင္ကစားရာမွာ ခံစစ္ကို အထိုင္ခ်ကာ ကစားေလ့ ရွိတယ္လို႔ ဆိုလိုက္ၿပီး အသင္း အနည္းငယ္သာ တိုက္စစ္ယွဥ္ကစားၾကတာ လို႔ ေျပာဆို သြားပါတယ္။

ပရီးမီးယားလိဂ္မွာ အသင္း ၅ သင္းသာ သူတို႔ကို အျပန္အလွန္ တိုက္စစ္ဆင္ ကစားခဲ့တယ္လို႔ ဂြာဒီယိုလာက အခုလို ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ အသင္း အမ်ားစုဟာ မန္စီးတီးနဲ႔ ရင္ဆိုင္ရာမွာ ခံစစ္ကို အထိုင္ခ်ကစားေလ့ ရွိတဲ့ အေပၚ ေမးျမန္းရာမွာ ပက္က “ကြၽန္ေတာ္တို႔ဟာ သူတို႔ကို ဒီလိုမ်ိဳး အေျခအေန ျဖစ္ေအာင္ တြန္းပို႔တယ္ ဆိုတာ ျဖစ္ႏိုင္ ပါတယ္။ ဒါေပမယ့္ လီဗာပူး ဘ႐ိုက္တန္ အာဆင္နယ္ အက္စတြန္ဗီလာ နဲ႔ လိဒ္ယူႏိုက္တက္ တို႔ကလြဲၿပီး က်န္အသင္း အမ်ားစု ကေတာ့ ခံစစ္ကို အထိုင္ခ် ကစားပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ ကစားကြက္ တည္ေ္ဆာက္ တိုက္စစ္ဆင္လာတဲ့ အခါက်ရင္ သူတို႔ဟာ ခံစစ္ကို အထိုင္ခ်လိုက္ပါတယ္။ ဒါေပမယ့္ ဒီလို ကစားတာနဲ႔ ပက္သက္ၿပီး တစ္စုံတစ္ရာ မွားယြင္းမႈ ရွိတယ္လို႔ ကြၽန္ေတာ္ ေျပာေနတာ မဟုတ္ပါဘူး။ မန္ေနဂ်ာတိုင္းဟာ သူတို႔ အလို ရွိတာကို လုပ္ႏိုင္ပါတယ္။

သူတို႔ရဲ႕ ခံစစ္ကို ေဖာက္ထြင္းဖို႔ဟာ ကြၽန္ေတာ္တို႔ လက္ထဲမွာပါ။ high pressing အသင္းေတြကို ဘယ္လို ရင္ဆိုင္ရမလဲ အသင္းေတြ ခံစစ္ကို အထိုင္ခ်ကစားရင္ ဘယ္လို လုပ္ရမလဲဆိုတာ ကြၽန္ေတာ္တို႔ သိေနရမွာပါ။

အေရးၾကီးတာ တစ္ခု ကေတာ့ စိတ္ရွည္ဖို႔ပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ ဂိုးမေပးရဖို႔ ခံစစ္ေၾကာင္းကို တိုက္႐ိုက္ ေျပးလႊားမႈေတြ မလုပ္ဖို႔ နဲ႔ တန္ျပန္တိုက္စစ္ေတြ ခြင့္မျပဳဖို႔ ျဖစ္ၿပီး စိတ္ရွည္ရွည္ ကစားကာ အခ်ိန္ေကာင္းမွာ ကြၽန္ေတာ္ တို႔ ဂိုးသြင္းႏိုင္စြမ္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး ဆက္လုပ္သြားဖို႔ လိုအပ္ပါတယ္။” လို႔ ေျပာဆိုခဲ့ ပါတယ္။

ဂြာဒီယိုလာက စီးတီး ပရိတ္သတ္ေတြ အေနနဲ႔ လက္က်န္ ၁၁ ပြဲမွာ အဲဗာတန္နဲ႔ ပြဲစဥ္က ရလဒ္မ်ိဳးေတြကိုသာ အမ်ားစု ျမင္ေတြ႕ရလိမ့္မယ္လို႔ ဆိုခဲ့ၿပီး ရာသီအစပိုင္းကလိုမ်ိဳး ၇-၀ ၅-၀ ရလဒ္ေတြကို ျမင္ေတြ႕ရမယ့္ ေန႔ရက္ေတြဟာ ၿပီးဆုံးသြားၿပီလို႔ သတိေပးခဲ့ပါေသးတယ္။