ငယ်ပေမယ့် အစွယ်နဲ့ ဘက်စုံရ ဖြစ်နေတဲ့ မန်စီးတီးအသင်းသားကို ဂွါဒီယိုလာ ချီးကျူး အမွှန်းတင်

မန်စီးတီးအသင်း မန်နေဂျာ ပက်ဂွါဒီယိုလာက ယမန်နေ့ညက ဘရိုက်တန်နဲ့ ပွဲမှာ ၂ဂိုးသွင်းနိုငခဲ့တဲ့ ဖီလ် ဖိုဒန်ကို ချီးကျူးခဲ့ပြီး အင်္ဂလန်သားဟာ နေရာစုံ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမား တစ်သီး ဖြစ်တယ်လို့ ချီကျူးစကား ဆိုခဲ့ပါတယ်။

ဖိုဒန်ဟာ ဘရိုက်တန်နဲ့ပွဲစဉ်အတွင်း ဂွါဒီယိုလာရဲ့ တောင်းဆိုမှုနဲ့အတူ False 9 အဖြစ် ပွဲထွက် ကစားသွားခဲ့တာပါ။

“တစ်နေရာတည်းအတွက် ကစားတဲ့ ကစားသမားတွေ ရှိသလို ဘောလုံးကစားတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ဘောလုံးကစားတယ်ဆိုတာက သူတို့ နေရာစုံမှာ ကစားနိုင်တယ်လို့ ဆိုလိုချင်တာပါ။ သူတို့က ပွဲကို နားလည်ကြပါတယ်။

“ကံမကောင်းစွာပဲ ဖိုဒန်တစ်ယောက် အရင်ပွဲတွေတုန်းက ဂိုးသမားနဲ့ တစ်ယောက်ချင်းကန်ရတာ အများကြီး ရှိခဲ့ပါတယ်။ အန်ဖီးလ်မှာ၊ ဒီနေ့ သူ ဂိုးသမားနဲ့ ၁ယောက်ချင်း တွေ့တာတွေ ရှိခဲ့ပြီး သူက အရမ်း ငယ်သေးတာကြောင့် ဆုံးဖြတ်ချက်ကောင်းတွေ မချနိုင်ခဲ့ပါဘူး။ ဒီ အချိန်တွေက သူ့ကို ကစားသမားဘ၀ နောက်တစ်ဆင့် ရောက်စေမှာပါ။ သူ ဂိုးပိုသွင်းလာနိုင်မှာပါ။

ဖိုဒန် ဘယ်နေရာမှာ ကစားတယ်ဆိုတာက ပြဿနာ မဟုတ်ပါဘူး။ သူက ကောင်းကောင်း ကစားနိုင်ပြီး တစ်ခါတစ်လေသ သူ့ကို တိုက်စစ်မှူးနေရာမှာ၊ ညာမှာ၊ ဘယ်မှာ ကစားစေဖို့ လိုအပ်ပြီး အဲ့ဒါတွေက အရေးမကြီးပါဘူး။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ”လို့ ပွဲအပြီးမှာ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

မန်စီးတီးဟာ ဒီရာသီ ခြေတက်နေတဲ့ ဘရိုက်တန် အသင်းကို ဝါရင့် လက်ရှိ ချန်ပီယံ ပီပီ ကောင်းစွာ ကိုင်တွယ် ကစားပြီး ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ZG

မန္စီးတီးအသင္း မန္ေနဂ်ာ ပက္ဂြါဒီယိုလာက ယမန္ေန႔ညက ဘ႐ိုက္တန္နဲ႔ ပြဲမွာ ၂ဂိုးသြင္းႏို္ငခဲ့တဲ့ ဖီလ္ ဖိုဒန္ကို ခ်ီးက်ဴးခဲ့ၿပီး အဂၤလန္သားဟာ ေနရာစုံ ကစားႏိုင္တဲ့ စြယ္စုံရ ကစားသမား တစ္သီး ျဖစ္တယ္လို႔ ခ်ီက်ဴးစကား ဆိုခဲ့ပါတယ္။

ဖိုဒန္ဟာ ဘ႐ိုက္တန္နဲ႔ပြဲစဥ္အတြင္း ဂြါဒီယိုလာရဲ႕ ေတာင္းဆိုမႈနဲ႔အတူ False 9 အျဖစ္ ပြဲထြက္ ကစားသြားခဲ့တာပါ။

“တစ္ေနရာတည္းအတြက္ ကစားတဲ့ ကစားသမားေတြ ရွိသလို ေဘာလုံးကစားတဲ့ ကစားသမားေတြလည္း ရွိပါတယ္။ ေဘာလုံးကစားတယ္ဆိုတာက သူတို႔ ေနရာစုံမွာ ကစားႏိုင္တယ္လို႔ ဆိုလိုခ်င္တာပါ။ သူတို႔က ပြဲကို နားလည္ၾကပါတယ္။

“ကံမေကာင္းစြာပဲ ဖိုဒန္တစ္ေယာက္ အရင္ပြဲေတြတုန္းက ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းကန္ရတာ အမ်ားႀကီး ရွိခဲ့ပါတယ္။ အန္ဖီးလ္မွာ၊ ဒီေန႔ သူ ဂိုးသမားနဲ႔ ၁ေယာက္ခ်င္း ေတြ႕တာေတြ ရွိခဲ့ၿပီး သူက အရမ္း ငယ္ေသးတာေၾကာင့္ ဆုံးျဖတ္ခ်က္ေကာင္းေတြ မခ်ႏိုင္ခဲ့ပါဘူး။ ဒီ အခ်ိန္ေတြက သူ႔ကို ကစားသမားဘ၀ ေနာက္တစ္ဆင့္ ေရာက္ေစမွာပါ။ သူ ဂိုးပိုသြင္းလာႏိုင္မွာပါ။

ဖိုဒန္ ဘယ္ေနရာမွာ ကစားတယ္ဆိုတာက ျပႆနာ မဟုတ္ပါဘူး။ သူက ေကာင္းေကာင္း ကစားႏိုင္ၿပီး တစ္ခါတစ္ေလသ သူ႔ကို တိုက္စစ္မႉးေနရာမွာ၊ ညာမွာ၊ ဘယ္မွာ ကစားေစဖို႔ လိုအပ္ၿပီး အဲ့ဒါေတြက အေရးမႀကီးပါဘူး။ သူက အသင္းအတြက္ အေရးပါတဲ့ ကစားသမားပါ”လို႔ ပြဲအၿပီးမွာ ဂြါဒီယိုလာက ေျပာခဲ့ပါတယ္။

မန္စီးတီးဟာ ဒီရာသီ ေျခတက္ေနတဲ့ ဘရိုက္တန္ အသင္းကို ၀ါရင့္ လက္ရွိ ခ်န္ပီယံ ပီပီ ေကာင္းစြာ ကိုင္တြယ္ ကစားျပီး ၄-၁ နဲ႕ အနိုင္ရခဲ့ပါတယ္။